ဒီရေတောများ၏ ထူးခြားချက်များနှင့် မြန်မာနိုင်ငံတွင် အဓိကတွေ့ရသည့်အမျိုးအစားများ

04/08/2023 15:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒီရေအမြင့်ဆုံးနဲ့ အနိမ့်ဆုံးအကြားပေါက်ရောက်တဲ့ အပင်တွေအားလုံးကို ဒီရေတောတွေလို့ခေါ်ပါတယ်။ နေ့စဉ် ဒီရေအတက်အကျရှိတဲ့ ဒေသတွေမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အမြဲစိမ်းသစ်တောတွေဖြစ်ပါတယ်။

ဒီရေတောတွေဟာ ပင်လယ်ဒီရေအတက်အကျအောက်မှာ ရှင်သန်နိုင်ပါတယ်။ ဒီရေရောက်ရှိမှုအပေါ်အခြေခံပြီး သစ်မျိုးတွေကွဲပြားခြားနားပေါက်ရောက်တတ်ကြပြီး ဒီရေရဲ့သဘာဝဟာ ဒီရေတောတွေအတွက် အဓိကအခြေခံအချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓိကတွေ့ရှိရတဲ့ ဒီရေတောအမျိုးအစား (၂) မျိုးရှိပါတယ်။

(၁) မြစ်ဝကျွန်းပေါ်ဒီရေတော (Delta Mangrove) နဲ့ (၂) ပင်လယ်ကမ်းခြေဒီရေတော (Coastal Mangrove) တို့ဖြစ်ပါတယ်။ 

မြစ်ဝကျွန်းပေါ်ဒီရေတော (Delta Mangrove)

မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကသယ်ယူလာတဲ့ နုန်းမြေတွေဟာ ပင်လယ်ပြင်နဲ့ထိတွေ့တဲ့ မြစ်ဝနေရာတွေမှာ ပို့ချရာကနေ ဖြစ်ပေါ်လာတဲ့ ဒီရေတောတွေဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်ဒီရေတောတွေကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဒေးဒရဲတို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။ မုတ္တမပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲ ခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာလည်း တွေ့ရပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ပုလောက်မြို့နယ် ပြင်ဘုကြီးဒေသတို့မှာတော့ Small delta mangrove အဖြစ်တွေ့ရှိရပါတယ်။ 

ပင်လယ်ကမ်းခြေဒီရေတော(Coastal mangrove)

ပင်လယ်ကမ်းခြေဒီရေတော (Coastal mangrove) တွေကိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတမ်း၊ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တွေ့ရှိရပါတယ်။ 

ကမ္ဘာရဲ့ ၄၂ ရာခိုင်နှုန်းသောဒီရေတောတွေကို အာရှတိုက်မှာတွေ့ရပြီး ၂၁ ရာခိုင်နှုန်းကိုတော့ အာဖရိကနိုင်ငံတွေမှာတွေ့ရပါတယ်။ ၁၅ ရာခိုင်နှုန်းကိုတော့ အမေရိကားမြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာတွေ့ရပြီး ၁၂ ရာခိုင်နှုန်းကိုတော့ ဩစတြေးလျနဲ့ကျွန်းဆွယ်တွေမှာတွေ့ရပါတယ်။ တောင်အမေရိကမှာတော့ ၁၁ ရာခိုင်နှုန်းသော ဒီရေတောတွေကို တွေ့ရတယ်လို့ဆိုပါတယ်။

ဒီရေတောဆိုတာ ပင်လယ်ပြင်နဲ့ကုန်းမြေအကြား လူသားတွေအတွက်သဘာဝတရားကပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လည်း ဖြစ်ပါတယ်။ 

ဒီရေတောက ဘာတွေထူးခြားတဲ့သဘာဝတွေရှိလဲ..

ဒီရေတောအပင်တွေဟာ မိခင်အပင်ကြီးပေါ်မှာ အပင်လောင်းတပါတည်းထွက်ပေါ်တဲ့ ပင်ထက်မျိုးပေါက်တဲ့ သစ်စေ့သဘာဝ ရှိပါတယ်။ ပင်လယ်ရေငန်မှာရှင်သန်နိုင်ပါတယ်။ ပြီးတော့ သူ့မှာ လေရှူမြစ်တွေ ရှိပါ‌သေးတယ်။ 

လေရှူမြစ်တွေဟာ အမြစ်ပိုင်းအစာစုပ်ယူဖို့လိုအပ်တဲ့လေဖိအားအတွက် အောက်ဆီဂျင်စုပ်ယူထားခြင်းသာမက အပင်အတွက် အစာချက်လုပ်ခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးပါတယ်။ 

ဒီရေတောများ၏ထူးခြားသောသဘာဝများ

ဒီရေရောက်ရှိမှုအပေါ်အခြေခံပြီး ဒီရေတောသစ်မျိုးတွေ ကွဲပြားခြားနားစွာပေါက်ရောက်ပါတယ်။ ဒါကြောင့် ဒီရေရဲ့သဘာဝဟာ ဒီရေတောတွေအတွက် အဓိက အခြေခံအချက်ဖြစ်ပါတယ်။

ဒီရေတောတွေရဲ့ ထူးခြားတဲ့သဘာဝတွေက ဒီလိုပါ။ ဒီရေတောတွေဟာ...

  • (၁)  ပင်လယ်ဒီရေအတက်အကျအောက်မှာ ရှင်သန်နိုင်ပါတယ်။
  • (၂) တောင်ပေါ်တောတွေနဲ့ မတူထူးခြားကွဲပြားတဲ့သဘာဝတွေရှိပါတယ်။
  • (၃) ရေအောက်မှာ ရှင်သန်နိုင်ဖို့လေရှူမြစ်တွေရှိပါတယ်။
  • (၄) ပင်ထက်မျိုးပေါက်တဲ့ သဘာဝရှိပါတယ်။
  • (၅) ဆားအငန်ဓါတ်ရှိတဲ့ပင်လယ်ရေငန်မှာ ရှင်သန်နိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်