ကျွဲ၊နွား၊ဆိတ်၊ဝက် တို့ရဲ့အစာ နေပီယာမြက်(Napier Grass)

08/03/2022 14:40 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

နေပီယာမြက်ဆိုတာ သာမန်မြက်ထက် ၂ဆ၊ ၃ဆကြီးထွား နှုန်းမြန်တဲ့ မြက်မျိုးဖြစ်ပြီး ကြံပင်လိုလို၊ ပြောင်းပင်လိုလို အပင်ကြီးမျိုး ဖြစ်တာကြောင့် တိရစ္ဆာန်တွေကိုကျွေးရန် အထူး သင့်တော်လှပါတယ်။ နေပီယာ မြက်ကိုလွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ထိုင်းနိုင်ငံမှ စတင်သယ်ဆောင်လာပြီး မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးထားရာ နွားများ အလွန်ကြိုက်နှစ်သက် ကြပါတယ်။

 ရိုးရိုးမြက်တွေမှာ အသားဓာတ် ၅% ပဲပါဝင်ပြီး နေပီယာ မြက်မှာတော့အသားဓာတ် (၁၅-၁၉)% အထိပါဝင်ပါတယ်။ ၄င်းမြက်မှာ အရွက်ကြီးခြင်း၊ နူးညံ့ခြင်း၊ အမွှေးအမျှင်ကင်းခြင်း နှင့် မထိရှခြင်းတို့ကြောင့် နွားနဲ့ အရွက်စားတိရစ္ဆာန်များ ကြိုက်နှစ်သက်ကြပြီး အပင်ပွားအတက် များရုံသာမက အပင်မြင့်ကာ ရိတ်သိမ်းသယ်ဆောင်ရန်လည်း အဆင်ပြေသဖြင့်  ရာသီဥတုနှင့် မြေဆီလွှာသာ ကောင်းရန် လိုပါတယ်။ 

     နေပီယာမြက်ကို နွေရာသီမှာ တိရစ္ဆာန်များအတွက် အစာရှာရခက်ခဲခြင်းကြောင့် စိုက်ပျိုးနိုင်သလို အစာစရိတ် သက်သာချင်သူများ၊ တိရစ္ဆာန်အစာအတွက် အဆင့်တက်ပြုပြင် လုပ်ကိုင်ချင်သူများ၊ ခြံ လှောင်စနစ် ဖြင့် မွေးမြူရေးလုပ်ကိုင်သူများ၊လွှတ်ကျောင်းရန် အဆင်မပြေသူများ၊ မွေးမြူရေး လုပ်ငန်း တွင်  တိရစ္ဆာန်အစာများရှာရန် ခက်ခဲသူလုပ်ငန်းရှင်များအနေဖြင့်       နေပီယာ မြက်ကို စိုက်သင့် ပါတယ်။

     နေပီယာ မြက်ကို ၁ဧကစိုက်ပျိုးထားပါက အရွယ်ရောက်ပြီး နွား ၁၀ကောင်အတွက် ၁နှစ်စာအစာဖူလုံမှု ရှိပြီး မြေသြဇာကျွေးရာတွင်လည်း ယူရီးယား(Urea) ၅၀ ကီလိုဂရမ်နှင့် နွားချေးကဲ့သို့ သဘာဝမြေသြဇာ ၇မက်ထရစ် တန်ခန့် သာ အသုံးပြုရန်သာလိုသဖြင့် ပထမအကြိမ် ရိတ်သိမ်း ခြင်းကို စတင်စိုက်ပျိုးပြီး ၂လ မှ ၂လခွဲအတွင်း ပြုလုပ်နိုင်ပါတယ်။ ဒုတိယအကြိမ်မှစ၍ ၁လမှ ၁လခွဲအတွင်း ရိတ်၍ရပြီး ထိုကဲ့သို့ ရိတ်သိမ်းခြင်းကို ၁နှစ်လျှင် ၆ကြိမ်မှ ၈ကြိမ်အထိရိတ်သိမ်းနိုင်ပါတယ်။ ၁နှစ်၁ကြိမ် မြေသြဇာထည့်ပေးရမည်ဖြစ်ပြီး ၆နှစ်ခန့်ရှိပါက အသစ်ပြန်လည်စိုက်ပျိုးရပါတယ်။  

 စိုက်ပျိုးနည်းမှာ-

              နေပီယာ မြက်ပင် စိုက်ပျိုးမယ့် မြေကို ထယ်ထိုးထွန်မွှေပြီး ပါက ပင်ကြားxတန်းကြား အကွားအဝေး ၃x၃ ပေထား၍ စိုက်ပျိုးလေ့ရှိကြပါတယ်။

မိုးရာသီတွင်စိုက်ပျိုးပါက အဆစ်၂ဆစ်ပါသောပင်ပိုင်း များမှ အဆစ်၁ဆစ်ကိုမြုပ်၍ ကျန်၁ဆစ်ကို မြေမျက်နှာပြင် နှင့် ထိအောင်ထားပြီး စိုက်ပျိုးရပါတယ်။

ထူးခြားချက်မှာ      နေပီယာမြက်ကို တစ်ခါစိုက်လျှင် အနည်းဆုံး ၆နှစ်၊၇နှစ်ခန့် ရိတ်သိမ်း ကျွေးမွေးနိုင်တဲ့အတွက် အစာဖိုးကုန်ကျစရိတ် သက်သာစေတဲ့ မြက်မျိုး လို့ဆိုနိုင်ပါတယ်။ ၁ဧကစိုက်ပျိုးထားရင် ၁နှစ်ပတ်လုံး နွားဆိုအကောင် ၂၀ခန့်၊ ဆိတ်ဆို ၆၅ကောင်အထိ အစာ ကျွေးမွေးနိုင်ပါတယ်။

တိရစ္ဆာန်အစာအတွက် အသုံးဝင်ပုံမှာ-

     တိရစ္ဆာန်တွေကို ကျွေးမွေးရာမှာ ရက်၃၀အတွင်း ရိတ်သိမ်းထားတဲ့ မြက်ပင်များကို အပင်အတိုင်းကျွေး နိုင်ပြီး ရက်၃၀ ကျော်မှရိတ်သော အပင်များကိုစင်း၍ ကျွေးရပါမယ်။ ဒါ့အပြင် ပိုလျှံတဲ့ မြက်များကို လေလုံအိုးများမှာ ထည့်ကာ မြက်ချဥ်ဖတ် ပြုလုပ်ထားပြီး အစာရှား ပါးချိန်မှာ ထုတ်ယူ ကျွေးမွေးနိုင်ပါတယ်။      နေပီယာမြက်ကို အခြောက်သိမ်းထားလို့ရပြီး အစာတောင့်အဖြစ်လည်း ပြုလုပ် သုံးစွဲကြပါတယ်။       

 

အစာကျွေးနည်းမှာ-

-     နေပီယာ မြက်ကို ကျွဲ၊နွား၊မြင်း၊နွားနောက်များကို ကျွေးမယ်ဆိုရင် ၄င်းတို့၏ကိုယ်အလေးချိန်ရဲ့ ၁၀% ကျွေးလို့ရပါတယ်။ တခြားအစာနဲ့ ရောကျွေးမယ်ဆိုပါက နေပီယာမြက် ၃ချိုး၊ ကျန်အစာ ၁ချိုးထိ ရောကျွေး လို့ရပါတယ်။

-ဝက်စာအဖြစ်ကျွေးမယ်ဆိုပါက အစာကြမ်းအနေနဲ့ လည်းကောင်း၊ ချဥ်ဖတ်သိပ်၍ လည်းကောင်း ၊အခြားအစာ ရောစပ်၍ လည်းကောင်း ကျွေးနိုင်ပါတယ်။

-ငါးကိုကျွေးမယ်ဆိုပါက      နေပီယာမြက် ကို ငါးစားလို့ရတဲ့အရွယ်ထိ စင်းပြီးအခြားအစာများနှင့် ရောစပ်ကျွေးလို့ရပါတယ်ဆိုတဲ့ အကြောင်းရေးသားကာ ဖော်ပြလိုက်ရပါတယ်။

 

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အစာကုန်ကျမှုသက်သာ ပြီး လုပ်ငန်းများအဆင်ပြေကြပါစေဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်