ငါးဂျောင်(ခေါ်) ငါးရွန်ငါး

21/04/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးဂျောင်(ခေါ်) ငါးရွန်ငါးကို အများဆုံးတွေ့ရှိရသော နိုင်ငံများမှာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဖြစ်ပါသည်။

ငါးဂျောင်ငါးသည် မြန်မာနိုင်ငံ၏ ဒေသခံမျိုးစိတ်(Native Species)ဖြစ်ပြီး သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် အများအပြားတွေ့ရှိရသည်။ အများအားဖြင့် အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသည့် မြစ် ချောင်းများ၊ ရေစီးသန်၍ ရေကြည်လင်နေသည့်နေရာများတွင် အများဆုံးတွေ့ရလေ့ရှိပြီး ရေအပူချိန် (၁၆ ဒီဂရီဆဲလ်စီးရပ်စ်) မှ (၂၆ ဒီဂရီဆဲလ်စီးရပ်စ်)ကြားတွင် ပိုမိုရှင်သန်နိုင်ကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ဒေသမျိုးရင်းငါးဖြစ်ပြီး သိပ္ပံအမည်မှာ Neolissochilus strachyi ဖြစ်သည်။အရွယ်ရောက်ငါးရွန်ငါးများနှင့် ငါးသားပေါက်များကို ကယားပြည်နယ်အတွင်းရှိ ရေထွက်ပေါက်နေရာများ၊ ရေတံခွန်များနှင့် ချောင်းများအတွင်း အများအပြားတွေ့ရှိနေရပါသည်။

ရေစီးသန်သည့် ရေတံခွန်များနှင့် ချောင်းများအတွင်း ၃ လက်မအရွယ် ငါးငယ်များကိုသာ တွေ့ရလေ့ရှိသော်လည်း သဘာဝရေထွက်ပေါက်များတွင် သက်ကြီးကောင်များကို အများအပြားတွေ့ရှိရပါသည်။ ကြည်လင်အေးမြသော သဘာဝရေထွက်ပေါက်များရှိကျောက်တုံးများကြားတွင်တွေ့ရသည့်ငါးဂျောင်များမှာ မြက်စားငါးကြင်းနှင့်ဆင်တူပြီး အသေးဆုံးမှာ ၅၀ စင်တီမီတာမှ အကြီးဆုံးမှာ ၇၄ စင်တီမီတာထိ ရှိကြပါသည်။ 

သဘာဝရေတံခွန်များမှ ဖမ်းဆီးရမိသည့် ၂ လက်မအရွယ်သားပေါက်လေးများအား ကယားပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ စုဆောင်း၍ မွေးမြူထားရှိပါသည်။နောင်တစ် ချိန် ငါးကန်အရေအတွက်များလာပါက အရွယ်ရောက်သည်အထိ မွေးမြူပြီး စမ်းသပ်သားဖောက်သွားမည်ဟု သိရပါသည်။

ငါးရွန်ငါးများသည် များသောအားဖြင့် မေလနှင့် ဇူလိုင်လများအတွင်း မြစ်ချောင်းများအတွင်း၌ မျိုးပွားလေ့ရှိကြပါသည်။ငါးမတစ်ကောင်သည် ဥပေါင်း (၁၂၀၀၀၀၀)ထိ ဥချနိုင်ပါသည်။သားစားသတ္တဝါဖြစ်သည့်အလျောက်အင်းဆက်ပိုးများ၊တီကောင်များနှင့် အခြားကျောရိုးမဲ့သတ္တဝါများကို စားသောက်လေ့ရှိကြပါသည်။ 

ကယားဒေသခံများ၏အဆိုအရ ယခင်ကငါးဂျောင်များကို ဘီလူးချောင်းအတွင်းတွင် အမြောက်အများတွေ့ရှိကြသော်လည်း ယခုအခါ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။လေ့လာတွေ့ရှိချက်အရ ၄င်းတို့မှာ လူနေထူထပ်သောနေရာတွင်သာ နည်းပါးသွားသော်လည်း သဘာဝမြစ်ချောင်းများ၊ရေတံခွန်များနှင့် ရေထွက်ပေါက်များတွင် ပေါများစွာတွေ့ရှိနေရသေးပါသည်။

ငါးဂျောင်ငါးမျိုးများမှာ ခန္ဓာကိုယ်တည်ဆောက်ပုံအားဖြင့် မြက်စားငါးကြင်းနှင့်ဆင်တူသော်လည်း ချက်ပြုတ်စားသုံးရာတွင် အရိုးနည်းပြီး ပိုမိုချိုသည့်အတွက် ၄င်းတို့ နေထိုင်ကျက်စားနိုင်သည့် အအေးပိုင်းဒေသများတွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ မြက်စားငါးကြင်းများနည်းတူ မွေးမြူထုတ်လုပ်မည်ဆိုပါက စီးပွားရေးအရ တွက်ချက်ကိုက်နိုင်သည့် ငါးအမျိုးအစားဖြစ်ကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

 

Ref:(1)Fishbase, ZiZa Wah

     (2)ဒေါ်မေသန္တာဝင့်(ငါးဦးစီး)၏“ကယားပြည်နယ်အတွင်းတွင် တွေ့ရှိရသော ငါးဂျောင်(ငါးရွန်)”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်