ငါးဂျောင်(ခေါ်) ငါးရွန်ငါး

21/04/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးဂျောင်(ခေါ်) ငါးရွန်ငါးကို အများဆုံးတွေ့ရှိရသော နိုင်ငံများမှာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ဖြစ်ပါသည်။

ငါးဂျောင်ငါးသည် မြန်မာနိုင်ငံ၏ ဒေသခံမျိုးစိတ်(Native Species)ဖြစ်ပြီး သံလွင်မြစ်ကြောင်းတစ်လျှောက်တွင် အများအပြားတွေ့ရှိရသည်။ အများအားဖြင့် အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသည့် မြစ် ချောင်းများ၊ ရေစီးသန်၍ ရေကြည်လင်နေသည့်နေရာများတွင် အများဆုံးတွေ့ရလေ့ရှိပြီး ရေအပူချိန် (၁၆ ဒီဂရီဆဲလ်စီးရပ်စ်) မှ (၂၆ ဒီဂရီဆဲလ်စီးရပ်စ်)ကြားတွင် ပိုမိုရှင်သန်နိုင်ကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ဒေသမျိုးရင်းငါးဖြစ်ပြီး သိပ္ပံအမည်မှာ Neolissochilus strachyi ဖြစ်သည်။အရွယ်ရောက်ငါးရွန်ငါးများနှင့် ငါးသားပေါက်များကို ကယားပြည်နယ်အတွင်းရှိ ရေထွက်ပေါက်နေရာများ၊ ရေတံခွန်များနှင့် ချောင်းများအတွင်း အများအပြားတွေ့ရှိနေရပါသည်။

ရေစီးသန်သည့် ရေတံခွန်များနှင့် ချောင်းများအတွင်း ၃ လက်မအရွယ် ငါးငယ်များကိုသာ တွေ့ရလေ့ရှိသော်လည်း သဘာဝရေထွက်ပေါက်များတွင် သက်ကြီးကောင်များကို အများအပြားတွေ့ရှိရပါသည်။ ကြည်လင်အေးမြသော သဘာဝရေထွက်ပေါက်များရှိကျောက်တုံးများကြားတွင်တွေ့ရသည့်ငါးဂျောင်များမှာ မြက်စားငါးကြင်းနှင့်ဆင်တူပြီး အသေးဆုံးမှာ ၅၀ စင်တီမီတာမှ အကြီးဆုံးမှာ ၇၄ စင်တီမီတာထိ ရှိကြပါသည်။ 

သဘာဝရေတံခွန်များမှ ဖမ်းဆီးရမိသည့် ၂ လက်မအရွယ်သားပေါက်လေးများအား ကယားပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ စုဆောင်း၍ မွေးမြူထားရှိပါသည်။နောင်တစ် ချိန် ငါးကန်အရေအတွက်များလာပါက အရွယ်ရောက်သည်အထိ မွေးမြူပြီး စမ်းသပ်သားဖောက်သွားမည်ဟု သိရပါသည်။

ငါးရွန်ငါးများသည် များသောအားဖြင့် မေလနှင့် ဇူလိုင်လများအတွင်း မြစ်ချောင်းများအတွင်း၌ မျိုးပွားလေ့ရှိကြပါသည်။ငါးမတစ်ကောင်သည် ဥပေါင်း (၁၂၀၀၀၀၀)ထိ ဥချနိုင်ပါသည်။သားစားသတ္တဝါဖြစ်သည့်အလျောက်အင်းဆက်ပိုးများ၊တီကောင်များနှင့် အခြားကျောရိုးမဲ့သတ္တဝါများကို စားသောက်လေ့ရှိကြပါသည်။ 

ကယားဒေသခံများ၏အဆိုအရ ယခင်ကငါးဂျောင်များကို ဘီလူးချောင်းအတွင်းတွင် အမြောက်အများတွေ့ရှိကြသော်လည်း ယခုအခါ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။လေ့လာတွေ့ရှိချက်အရ ၄င်းတို့မှာ လူနေထူထပ်သောနေရာတွင်သာ နည်းပါးသွားသော်လည်း သဘာဝမြစ်ချောင်းများ၊ရေတံခွန်များနှင့် ရေထွက်ပေါက်များတွင် ပေါများစွာတွေ့ရှိနေရသေးပါသည်။

ငါးဂျောင်ငါးမျိုးများမှာ ခန္ဓာကိုယ်တည်ဆောက်ပုံအားဖြင့် မြက်စားငါးကြင်းနှင့်ဆင်တူသော်လည်း ချက်ပြုတ်စားသုံးရာတွင် အရိုးနည်းပြီး ပိုမိုချိုသည့်အတွက် ၄င်းတို့ နေထိုင်ကျက်စားနိုင်သည့် အအေးပိုင်းဒေသများတွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ မြက်စားငါးကြင်းများနည်းတူ မွေးမြူထုတ်လုပ်မည်ဆိုပါက စီးပွားရေးအရ တွက်ချက်ကိုက်နိုင်သည့် ငါးအမျိုးအစားဖြစ်ကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

 

Ref:(1)Fishbase, ZiZa Wah

     (2)ဒေါ်မေသန္တာဝင့်(ငါးဦးစီး)၏“ကယားပြည်နယ်အတွင်းတွင် တွေ့ရှိရသော ငါးဂျောင်(ငါးရွန်)”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်