သံလွင်သီးပင်အား ပြုစုခြင်း  

16/11/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

      သံလွင်ပင်သည် မြေထဲပင်လယ်ဒေသတွင်ပေါက်ရောက်ပြီး သက်တမ်းရှည်သော အပင်တစ်မျိုးဖြစ်ပါတယ်။ သံလွင်ပင်သည် ကြီးထွားမှုမြန်ပြီး မိမိနေအိမ်ခြံဝင်းမှာ အလွယ်တကူစိုက်ပျိုးနိုင်သော အပင်လည်းဖြစ်ပါတယ်။ သံလွင်ပင်ရဲ့ မူရင်းဒေသကတော့ ဥရောပဒေသမှ စပိန်နိုင်ငံဖြစ်ပါတယ်။ သံလွင်ပင်ဟာဆိုရင် အမြင့်ပေ ၁၅ မှ ၂၀ ပေ လောက်အထိရှင်သန်ကြီးထွားနိုင်ပါတယ်။ အယ်ကာလီဆန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေအမျိုးအစားကို နှစ်သက်ပါတယ်။ 

သံလွင်ပင်၏ ယေဘူယျလက္ခဏာများ

     - ပင်တည်း ဝတ်မှုံကူးခြင်း 

      - အမြစ်ထိုးဖောက်နိုင်စွမ်းအားကောင်းခြင်း 

     - မွေးကြိုင်သော ရနံ့ရှိခြင်းနှင့် အဖြူရောင် ပန်းပွင့်ခြင်း 

     - သေးသွယ်သော အရွက်များရှိခြင်း 

     - ရေငတ်ဒဏ်ခံနိုင်ခြင်း 

    - နိမ့်သော အပူချိန်ကိုခံနိုင်ရည်ရှိခြင်း 

      - စိုက်ပြီး ၂-၃ နှစ်အတွင်း အသီးသီးနိုင်ခြင်း 

      - အသီးများ အပြည့်အဝရင့်မှည့်သောအခါ အမည်းရောင်ဖြစ်လာခြင်း 

အပူချိန် 

      သံလွင်ပင်ဟာ အပူချိန်နိမ့်တာကို ခံနိုင်ရည်ရှိပေမယ့် အလွန်အေးခဲတဲ့ရာသီဥတုမျိုးကိုတော့ ခံနိုင်ရည်မရှိပါဘူး။ အပူချိန် ၇ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ နာရီပေါင်း ၃၀၀ လောက်ရှိမယ်ဆိုရင်ပဲ သံလွင်သီး သီးနိုင်ပြီ ဖြစ်ပါတယ်။ သံလွင်ပင်ဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမျိုးကိုလည်း ခံနိုင်ရည်ရှိပြီး ကမ်းရိုးတန်းဒေသတွေမှာတောင်ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ 

ရေလိုအပ်ချက် 

     အပင်စစိုက်တဲ့ အချိန်မှာတော့ အမြစ်ကျန်းမာသန်စွမ်းဖို့နဲ့ မြေထဲကိုကောင်းကောင်း ထိုးဖောက်နိုင်ဖို့အတွက် ရေပုံမှန်ပေးဖိုလိုအပ်ပါတယ်။ အပင်စိုက်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့ အချိန်မှာတော့ တစ်ပတ်လျှင် ၂ ကြိမ်လောင်းပေးနိုင်ပြီး နောက်ပိုင်းမှာတော့ ၁၀ ရက် ၁ ကြိမ်လောင်းပေးနိုင်ပါတယ်။ အပင်ကြီးထွားလာတာနဲ့အမျှ ရေငတ်ဒဏ်ခံနိုင်ရည်ရှိလာတာမို့ ၁၀ ရက် ၁ ကြိမ်လောင်းပေးခြင်းဟာ အပင်အတွက် သင့်တော်ပါတယ်။  

အလင်းရောင် 

      တစ်နေ့ကို နေရောင်ခြည် အနည်ဆုံး ၆ - ၈ နာရီ ရရှိဖို့လိုအပ်ပါတယ်။ 

မြေအမျိုးအစား 

     သံလွင်ပင်ဟာ အယ်ကာလီဆန်ပြီး ရေစိမ့်ဝင်မှုအားကောင်းတဲ့မြေအမျိုးအစားကို ကြိုက်နှစ်သက်ပါတယ်။ သဲဆန်တဲ့မြေမျိုးကိုလည်း နှစ်သက်ပေမယ့် ရွှံ့စေးဆန်တဲ့ မြေမျိုးကိုတော့ ခံနိုင်ရည်မရှိတာ တွေ့ရပါတယ်။ 

မြေသြဇာကျွေးခြင်း 

        မြေသြဇာကတော့ တစ်နှစ်ကို ၂ ကြိမ်လောက်ကျွေးဖို့လိုအပ်ပါတယ်။ နိုက်ထရိုဂျင်ပါဝင်မှုများတဲ့ မြေသြဇာမျိုးကို ကျွေးပေးသင့်ပါတယ်။ ထို့အပြင် ၁၀ ပတ်လည် ကွန်ပေါင်းမြေသြဇာကိုလည်း ၁ လ ၁ ကြိမ်နှုန်းဖြင့် ကျွေးပေးသင့်ပါတယ်။ မြေသြဇာကျွေးတဲ့ အချိန်မှာ ပင်စည်နဲ့ မြေသြဇာကို မထိမိစေဖို့ အထူးဂရုပြုသင့်ပါတယ်။ အခန့်မသင့်ရင် အပင်လောင်တာမျိုးဖြစ်စေပီး အပင်ကိုပါ သေသွားစေနိုင်တာမို့ပါ။ 

ကိုင်းချိုင်ခြင်း 

        ကိုင်းချိုင်ဖို့ အသင့်တော်ဆုံး အချိန်ကတော့ နွေဦးရာသီဖြစ်ပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာ ကိုင်းချိုင်ခြင်းဟာ အပင်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နွေဦးရာသီမှာ ကိုင်းချိုင်ခြင်းအားဖြင့် အဖူးသစ်များထွက်ပေါ်လာမှာ ဖြစ်ပြီး အေးခဲတဲ့ အခြေအနေမျိုးကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ 

အပင်မျိုးပွားခြင်း 

        သံလွင်ပင်ကို အစေ့မှ မျိုးပွားနိုင်သော်လည်း အပင်ကြီးထွားရှင်သန်ရန် အချိန်ကြာမြင့်စွာပေးရသည့်အတွက် စိုက်ပျိုးသူအများစုဟာ ကိုင်းဖြတ်ပြီးမျိုးပွားခြင်းကို နှစ်သက်ကြပါတယ်။ ယေဘူယျအားဖြင့် အပွင့်များကုန်ဆုံးလာပြီး အသီးစတင်ထွက်ပေါ်လာချိန်တွင် အပင်မျိုးပွားနိုင်သည်ဟု သတ်မှတ်လေ့ ရှိပါတယ်။ 

ခူးဆွတ်ခြင်း 

      အပင်စစိုက်ပြီး ၂ - ၃ နှစ်အကြာမှာ သံလွင်သီးစတင်ရရှိမှာ ဖြစ်ပါတယ်။ သံလွင်သီးလေးတွေဟာဆိုရင် အရွယ်အစားအားဖြင့် သေးငယ်ပြီး ရင့်မှည့်လာမယ်ဆိုရင် အမည်းရောင်ပြောင်းလာမှာ ဖြစ်ပါတယ်။ သံလွင်သီးတွေဟာ တစ်ပြိုင်နက်တည်း အားလုံးရင့်မှည့်လေ့မရှိပါဘူး။ အစောဆုံးအနေနဲ့ နိုဝင်ဘာလမှာ  ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။ သံလွင်သီးခူးပြီးတဲ့နောက် မစားခင်မှာ အရသာကောင်းဖို့နဲ့ အခါးဓာတ်နည်းစေဖို့အတွက် ဆားရည်ခဏစိမ်ပေးရင် ပိုကောင်းပါတယ်။ 

ပိုးမွှားရောဂါနှင့် ပေါင်းပြဿနာ

       အပင်ငယ်စဥ်မှာတော့ ပေါင်းပင်တွေနဲ့ယှဥ်ပြိုင်နိုင်ဖို့ခက်ခဲတာကြောင့် ပုံမှန်ပေါင်းရှင်းပေးဖို့လိုအပ်ပါတယ်။ ပေါင်းပင်တွေကို ကာကွယ်နိုင်ဖို့ မြေဖုံးပေးတာ၊ သဘာဝပေါင်းသတ်ဆေးဖျန်းပေးတာမျိုးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ သံလွင်ပင်မှာ  သံလွင်သီး သီးထိုးယင်ကျရောက်လေ့ရှိပါတယ်။ သီးထိုးယင် အမတွေဟာ သူတို့ရဲ့ ဥတွေကို အသီးထဲမှာ ဥပြီး အသီးတွေကို ပျက်စီးစေတာဖြစ်ပါတယ်။ ထို့အပြင် ဒေါင်းမြီးကွက်လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးလည်း ကျရောက်လေ့ရှိပါတယ်။ အပင်ရဲ့ အပေါ်ပိုင်းမှာ ရှိတဲ့ အရွက်တွေမှာ ငွေရောင်နဲ့ အညိုရောင်အစက်အပြောက်တွေ ပေါ်လာတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဝါရောင်ပြောင်းလာပြီး ဘေးပတ်လည်မှာ အမဲရောက် အစက်အပြောက်တွေ ပေါ်လာမှာဖြစ်ပါတယ်။ ယေဘူယျအားဖြင့် မိုးရေချိန်မြင့်မားတဲ့ ဒေသတွေမှာ ရောဂါဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါကျရောက်နေတယ်ဆိုရင် အသီးခူးဆွတ်ပြီးနောက်မှာ တစ်ကြိမ်၊ ဆောင်းရာသီ အလယ်လောက်မှာ တစ်ကြိမ် ဆေးဖျန်းပေးသင့်ပါတယ်။ နောက်ထပ် ကျရောက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ စာကိုစပိုးရားရွက်အစက်အပြောက်ရောဂါ ဖြစ်ပါတယ်။ အပင်ရဲ့အောက်ပိုင်းမှာရှိတဲ့ အရွက်တွေပေါ်မှာ မီးခိုးရောင်မှိုမျှင်တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ပိုးမွှားနဲ့ ရောဂါတွေကျရောက်မှုနည်းစေဖို့အတွက် တစ်နှစ် ၂ ကြိမ်ခန့် ပိုးသတ်ဆေးဖျန်းတာမျိုးတွေ၊ တစ်နှစ် ၁ ကြိမ် ကိုင်းချိုင်တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် အထိုက်အလျောက်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

ကိုးကားချက် 

- https://www.trees.com/arbequina-olive-tree

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်