ပထမကမ္ဘာစစ်ကြားက ဂျာမန်သူလေးမငွေနှင်း

23/06/2023 13:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

မှိုစိုက်ပျိုးရေးက မြန်မာနိုင်ငံရဲ့ လတ်တလောခေတ်ကာလအခြေအနေတွေကြားမှာ တကျော့ပြန်ခေတ်စားလာခဲ့ပါတယ်။ မှိုအမျိုးမျိုးရှိတဲ့အထဲကမှ ငွေနှင်းမှိုတွေကလည်း စိုက်ပျိုးရလွယ်ကူမှုတွေ၊ စားစရာလက်တကမ်းရရှိမှုတွေကြောင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူတွေအတွက် စိတ်ဝင်စားစရာမှိုတစ်မျိုးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။

ဘယ်သူတွေ ငွေနှင်းမှို စစိုက်ခဲ့ကြတာလဲ?

ငွေနှင်းမှိုဟာ သဘာဝမှာ အလေ့ကျပေါက်တဲ့ မှိုမျိုးနွယ်တွေထဲက တစ်ခုပါ။ Basidiomycota အုပ်စုထဲမှာ ပါဝင်ပြီး ဒီအုပ်စုကတော့ မှိုမျိုးနွယ်တွေထဲမှာ စားကောင်းတဲ့ မှိုအများဆုံးပါဝင်နေတဲ့ အုပ်စုပဲဖြစ်ပါတယ်။ 

လက်တွေ့စမ်းသပ်စိုက်ပျိုးမှုကိုတော့ ဂျာမနီလူမျိုး ဖလက်ဆိုသူက ပထမကမ္ဘာစစ်အတွင်းမှာ စတင်ခဲ့တာပါ။ စစ်ဖြစ်နေတဲ့ အချိန်ကာလတွေအတွက် ငွေနှင်းမှိုက အဆင်ပြေတဲ့ စားစရာတစ်ခုဖြစ်ခဲ့ဟန်ပါပဲ။ ခုတော့ ကမ္ဘာနဲ့အနှံ့ စိုက်ပျိုးထုတ်လုပ်နေကြပြီပဲဖြစ်ပါတယ်။

ငွေနှင်းမှိုကို အပူချိန် ၂၀-၃၀ ဒီဂရီ နဲ့ စိုထိုင်းစ ၅၅-၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့နေရာတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ပူတဲ့အချိန်တွေမှာဆိုရင်တော့ စိုထိုင်းဆကို ပိုပေးပြီး စိုက်နိုင်ပါတယ်။

ယနေ့ခတ်မှာဆို ငွေနှင်းမှိုဟာ တတိယမြောက်  ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုအမြင့်ဆုံး မှိုတစ်မျိုးဖြစ်နေပါပြီ။ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုက ၈၈ ရာခိုင်နှုန်းရှိပြီး အများဆုံးပါပဲ။ စီးပွားရေးအရ အကျိုးဖြစ်ထွန်းတဲ့အပြင် ၄၅ ရက်တစ်သုတ် ထုတ်လုပ်နိုင်တာကြောင့် ဝယ်လိုအား၊ ရောင်းလိုအားတွေကို ချိန်ညှိနိုင်တဲ့ သီးနှံတစ်ခုလည်းဖြစ်နေပါတယ်။

စာတွေအရတော့ ၄၅ ရက် တစ်သုတ်ဆိုပေမယ့် စိုက်ပျိုးပြုစုသူရဲ့ ကျွမ်းကျင်မှုအလိုက် သက်တမ်းအတိုး အလျော့လည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် ပြုစုစောင့်ရှောက်ပုံကလည်း လွယ်ကူရိုးရှင်းပြီး လေဝင်လေထွက် အသင့်တင့်ရှိတဲ့ အခန်းတစ်ခန်းပဲလိုအပ်တာဖြစ်ပါတယ်။ ဒါကြောင့် ငွေနှင်းမှိုက ကျေးလက်မှာရှိတဲ့ အမျိုးသမီးတွေအတွက် အိုးမကွာ အိမ်မကွာ ဝင်ငွေဖန်တီးပေးနိုင်တဲ့ သီးနှံတစ်ခုဖြစ်နေရတာပါ။

စိုက်ပျိုးထုတ်လုပ်ရာမှာ အဓိကကြုံရတတ်တဲ့ အခက်ခဲတွေကတော့  အာဟာရလိုအပ်ချက်နဲ့ အခြားမှိုရောဂါ ၊ဘက်တီးရီးယားရောဂါတွေလောက်ပဲ ရှိပါတယ်။ ဒါကလည်း စနစ်တကျသန့်ရှင်းရေးကို ဂရုစိုက်ရင် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ (ဥပမာ - မှိုစိမ်းစိမ်းတွေပေါက်လာတာ။ အဝါရောင်အကွက်တွေဖြစ်လာတာ၊ ပျော့ရိကျလာတာတွေပဲဖြစ်ပါတယ်) 

ငွေနှင်းမှိုရဲ့ နာမည်အရင်း 

အင်္ဂလိပ်နာမည်ကတော့ Oyster Mushroom ( ကမာမှို)ပေါ့။ လက်တင်ဘာသာစကားကနေဆင်းသက်လာပြီး ကမာကောင်လေးတွေရဲ့ အခွံနဲ့တူတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အဖြူရောင်ကနေ နို့နှစ်ရောင်၊ မီးခိုးရောင်၊ အဝါရောင်၊ ပန်းရောင်၊ အညိုဖျော့ စသည်ဖြင့် အရောင်ကွဲလေးတွေရှိကြပါတယ်။ မြန်မာမှာကတော့ အဖြူဆွတ်ဆွတ်လေးတွေနဲ့ အသိများကြလို့ ငွေနှင်းလို့ တင်စားကြသလားပေါ့ရှင်။ 

ငွေနှင်းမှိုမှာလည်း အောက်ပါမောင်နှမ ဝမ်းကွဲအမျိုးအစားတွေရှိကြပါတယ်။ 

  • 1. Pleurotus ostreatus 
  • 2. Pleurotus florida
  • 3. Pleurotus sajor-caju  
  • 4. Pleurotus sapidus 
  • 5. Pleurotus eous  
  • 6. Pleurotus membranaceous 
  • 7. Pleurotus flabellatus

မှိုဟာ အသီးအနှံလား၊ ဟင်းရွက်လား

မှိုကို စားသုံးလာကြပြီး စိုက်ပျိုးထုတ်လုပ်မှုတွေရှိနေတော့ သီးနှံ( crop) အနေနဲ့ စိုက်ပျိုးနည်း ပြုစုနည်းတွေရယ်လို့ မြန်မာလိုသုံးနှုန်းကြပေမယ့် မှိုဆိုတာ ကပ်ပါးကောင် အကြီးစားပါ။ သဘာဝမှာ ဆွေးမြည့်နေတဲ့အရာတွေထဲကို ဝင်ရောက်စားသောက်ပြီး ဆက်လက်မျိုးပွားဖို့ အချိန်ရောက်မှသာ  မှိုပွင့်အဖြစ် ပြင်ပလောကထဲကို ရောက်ရှိစေတာပဲဖြစ်ပါတယ်။

မှိုအချို့ဟာ ကင်ဆာဆဲလ်တွေကို အောင်အောင်မြင်မြင်တိုက်ထုတ်နိုင်တဲ့ အရာတစ်ခုရယ်လို့ ရှာဖွေ့တွေ့ရှိထားကြပါသေးတယ်။ အိပ်မပျော်တဲ့ရောဂါတွေ ၊ စိတ်ဖိစီးမှုတွေ ၊ပန်းနာရောဂါတွေ ၊ဆီးချိုရောဂါတွေ အတွက် ဖြည့်စွက်စာအနေနဲ့လည်း စားသုံးကြပါတယ်။ 

ဘုံနိမ့်တဲ့ ဘက်တီးရီးယားတွေ၊ မှိုတွေကိုနိုင်တဲ့ အာနိသင်တွေကြောင့် အခြားအရာတွေနဲ့ရောစပ်ပြီး ဂျပိုးသတ်ဆေးလိုမျိုး၊ နီမတုတ်သတ်ဆေးလိုမျိုးတွေအထိပါ အသုံးပြုကြတာလည်း ရှိပါတယ်။ 

စိုက်ပျိုးပုံတွေ ဘယ်လို တိုးတက်ပြောင်းလဲခဲ့သလဲ?

ငွေနှင်းမှိုရဲ့ ရိုးရှင်းတဲ့ သဘာဝအနေအထားကြောင့် ကမ္ဘာနဲ့တဝန်းငွေနှင်းမှို စိုက်ပျိုးရေးကို တီထွင်ဆန်းသစ်မှုတွေ အများအပြား ပြုလုပ်လာနိုင်ခဲ့ကြတယ်။

၁၉၀၀ ပြည့်နှစ် ဝန်းကျင်တွေမှာပဲ ဂျာမနီကစလို့ စမ်းသပ်စိုက်ပျိုးမှု မျိုးစုံရှိခဲ့ပါတယ် ။ သစ်တုံးတွေမှာ စိုက်ကြည့်တာ။ လွှစာကို သစ်တုံးပုံစံပြုလုပ်ပြီး စိုက်တာ၊ ထင်းရှူးလွှစာနဲ့ စိုက်တာ ၊ ဓာတ်ခွဲခန်းထဲမှာပဲ မှိုမျိုးစေ့ကနေ စိုက်တာ၊ ကောက်ရိုးတွေနဲ့စိုက်ကြည့်တာ၊ နှံစားသီးနှံတွေ လွှစာတွေနဲ့ရောကြည့်တာ၊ ဝါစက်ရုံကထွက်တဲ့ စွန့်ပစ်တဲ့ ဝါအလေအလွင့်တွေနဲ့ စိုက်တာ၊ ငှက်ပျောပင်စည်နဲ့ စမ်းတာ စတဲ့ စမ်းသပ်မှုတွေ အများကြီးကို ကမ္ဘာနဲ့တဝန်းမှာ လုပ်ဖြစ်ခဲ့ကြတာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။ 

ငွေနှင်းမှို စိုက်ပျိုးခြင်းကို အဆင့် (၄) ဆင့်နဲ့ ခွဲကြည့်နိုင်ပါတယ်။ 

  • ၁။ မျိုးစေ့ပြင်ဆင်ခြင်း
  • ၂။ စိုက်ထုပ်ပြင်ဆင်ခြင်း
  • ၃။ စိုက်ထုပ်ထဲသို့ မျိုးထည့်ခြင်း
  • ၄။ ပြုစုစောင့်ရှောက်ခြင်း တွေပါ။

ငွေနှင်းမှိုရဲ့ သမိုင်းကြောင်းတွေက စိတ်ဝင်စားစရာကောင်းသလို စိုက်ပျိုးပြုစုပုံကလည်း တိမ်မလိုနက် ၊ လွယ်မလိုယောင်နဲ့ခက်ပြီး ရာသီဥတု ပတ်ဝန်းကျင်အသေးစားလေးကို လိုသလိုပြုပြင်ရတာမို့ အင်မတန်စိတ်ဝင်စားစရာကောင်းပြန်ပါတယ်။ ဒီလို စိတ်ဝင်စားစရာတွေနဲ့ နောက်တစ်ပတ်တွေမှာ ပြန်ဆုံကြပါမယ်ရှင် ။ 

Ref: International Journal of Current Microbiology and Applied Sciences

ISSN: 2319-7706 Special Issue-11 pp. 1653-1665 

Review Article A Review on Oyster Mushroom [Pleurotus ostreatus] Cultivation

School of Agriculture, Lovely Professional University, Phagwa – 144411, Punjab, India

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်