တိုင်းရင်းငါးအငယ်စား...ငါးဇင်စပ်ငါး

12/01/2022 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးဇင်စပ်ငါးမှာ အာဟာရဓါတ်ကြွယ်ဝသော တိုင်းရင်းငါးအငယ်စားလေးဖြစ်ပြီး ရေချိုငါးမျိုးစိတ်ဖြစ်သည်။ မြစ်၊ ချောင်း၊ စပါးခင်းများကဲ့သို့ သဘာဝရေပြင်များတွင် တွေ့ရှိနိုင်ပါသည်။

     ငါးဇင်စပ်ငါးမှာ ဖန်သားလို ကြည်လင်နေသော ခန္ဓာကိုယ်ရှိသဖြင့် Glassy Fish or Glassy Perch or X-ray Fish ဟုလည်း အင်္ဂလိပ်လို အမည်တွင်ပါသည်။ မြန်မာနိုင်ငံတွင် ငါးဇင်စပ်ငါးကို ငါးပုလင်းကွဲ၊ငါးထန်းရွက်၊ ငါးဖန်ဝိုင်း၊ ငါးဖြူစလွန်း၊ ငါးဒင်္ဂါး၊ ငါးဖြင်းလက်ခေါက်၊ ကြောင်မစားငါး စသဖြင့် ဒေသအခါ်အရ အမျိုးမျိုး ကွဲပြားကြပါသည်။

     ငါးဇင်စပ်ငါးကို မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။ ငါးဇင်စပ်ငါးလေးများ၏ ခန္ဓာကိုယ်ကို သာမန်ထက် ထူးခြားစွာ ဖောက်ထွင်းမြင်နိုင်တယ်ဆိုတာ သူတို့ရဲ့ အရိုးလေးတွေနဲ့ ကိုယ်တွင်းအဂ်ါတွေက ထုတ်ဖော်ပြသနေပါသည်။ ငါးဇင်စပ်ငါးလေးများမှာ အမြင့်ဆုံးခန္ဓာကိုယ်အလျှား ၇.၅ စင်တီမီတာ (၃.၁ လက်မ) ရှိကြပြီး ပုံမှန်အားဖြင့် ၄ စင်တီမီတာ ရှိကြပါသည်။ 

     မိုးရာသီမှာ သားပေါက်ကြပြီး အခွံမာရေသတ္တဝါ၊ ကျောရိုးမဲ့ရေသတ္တဝါလေးတွေနဲ့ တီကောင်တွေကို သူတို့ရဲ့ အစာအဖြစ် စားလေ့ရှိကြပါသည်။ ရေအောက်ကြမ်းပြင်နေ (demersal fish) ဖြစ်သော ရေချိုငါးမျိုးစိတ် ငါးဇင်စပ်ငါးလေးများမှာ အဏုအာဟာရကြွယ်ဝသော တိုင်းရင်းငါးငယ်လေးများ ဖြစ်ကြသဖြင့် ထိုငါးငယ်လေးများကို တစ်ကောင်လုံးစားသုံးပါက လူ့ခန္ဓာကိုယ်အတွက် အဓိက လိုအပ်သော အသားဓါတ် (protein)၊ မျက်စိအတွက်လိုအပ်သော ဗီတာမင်အေ (Vitamin -A) အပါအဝင် ဗီတာမင်ဓါတ်မျိုးစုံ၊ အရိုးသန်မာစေရန် လိုအပ်သော ကယ်လစီယမ် အပါအဝင် သတ္တုဓါတ်မျိုးစုံ ပါဝင်ပြီး ကိုယ်ဝန်ဆောင်များနှင့် မွေးကင်းစ ခလေးငယ်များ၏ ပထမဆုံးရက်(၁၀၀၀)အတွင်း ပုံမှန်ဖွံ့ဖြိုးစေရန်အတွက် လိုအပ်သောဓါတ်များ ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့ဖြစ်၍ မြန်မာဝေါဟာရတွင် “ခေါင်းတစ်ရာသားကို စားပါ” ဟု တင်စားဖွဲ့ဆိုထားပါသည်။

      မြစ်၊ ချောင်း၊ စပါးခင်းများမှ အဆိုပါ ငါးဇင်စပ်ငါးလေးများကိုမွေးမြူမည်ဆိုပါက ဇလုံ(သို့)အဝကျယ်ပုံးကို သုံး၍ ဖမ်းဆီးပြီး မွေးမြူမည့်ကန်ထဲသို့ ပြောင်းရွှေ့ရပါမည်။ သတိ​ပြုရန်မှာ ဇလုံ(သို့) အဝကျယ်ပုံးကို ရေဖြည့်ထားရန် လိုအပ်ပါသည်။ အကောင်ရေ(၇၅-၁၀၀)အတွင်း ထည့်ပါက သဘာဝ အတိုင်း တစ်လအတွင်းပေါက်ဖွားနိုင်သဖြင့် ကန်အတွင်း ငါးသားပေါက်များ ထပ်မံပေါက်ဖွားရန် လုံလောက်ပါသည်။

     ငါးဇင်စပ်ငါးလေးများကို ငါးကြင်း၊ ငါးမြစ်ချင်း ငါးများနှင့်လည်း အတူမွေးမြူနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးကလေးများမှာ ငါးကြင်း၊ ငါးမျိုးများ၏ ကြီးထွားမှုနှင့် အထွက်နှုန်းကို မထိခိုက်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အဏုအာဟာရကြွယ်ဝသည့် အစာအရင်းအမြစ်ဖြစ်သော

     ငါးဇင်စပ်ငါးငယ်လေးများကို စားသုံးခြင်းဖြင့် အာဟာရ ဖွံ့ဖြိုးစေသည့်အပြင် ထိုငါးငယ်လေးများကို ရောင်းချခြင်းဖြင့် ဝင်ငွေလည်း ပိုတိုးစေနိုင်ပါသည်။

     မြစ်၊ ချောင်း၊ စပါးခင်းများမှ ဖမ်းယူပြီး မွေးမြူမည့်ကန်အတွင်း ပြောင်းရွှေ့ပြီးပါက ထိုငါးဇင်စပ် ငါးငယ်လေးများ သားပေါက်ဖွားရန် (၁-၂)လ အထိ စောင့်သင့်ပါသည်။ ထို့နောက် ကွင်းတားပိုက်သုံး၍ ငါးငယ်များကို ဖမ်းဆီးနိုင်ပါသည်။ မိသားစုများ၏ အစားအစာတွင် အဏုအာဟာရဓါတ်များ စဥ်ဆက်မပြတ် ရရှိနိုင်စေရန် တစ်ပါတ်ခြားတစ်ခါ တစ်စိတ်တစ်ပိုင်း ဖမ်းဆီးစားသုံးရန် တိုက်တွန်းထားကြပါသည်။

    ငါးဇင်စပ်ငါးကို အိုးကပ်ချက်စား၊ မုန့်နှစ်ဖြင့် ငါးပေါင်းကြော် ကြော်စားခြင်းသာမက ငါးကို အကြွပ်ကြော်ပြီး ဆီထမင်းဖြင့်လည်း တွဲဖက်စားကြပါသည်။ ငါးအရသာမှာ လေးလေးပင်ပင်နှင့် ချိုသောကြောင့် မုန့်ဟင်းခါးချက်ခြင်း၊ အရည်သောက်ဟင်းချိုချက်ရာတွင်လည်း ဟင်းခတ်မှုန့် ထည့်စရာမလိုဘဲ ငါးချည်းသက်သက် ပင်ကိုယ်သဘာဝ အချိုဓာတ်ကို ရရှိပါသည်။ ထို့ပြင် ငါးဇင်စပ်ငါးကို ငါးပိရေကျို ပြုလုပ်ရာ၌လည်း သုံးကြပါသည်။ အခြောက်လှန်းပြီးလည်း စားကြပါသည်။ ငါးအရိုးစူးမှာ ကြောက်သူတွေက ကတ်ကြေးနဲ့ အဆူးတွေညှပ်ပြီးမှ ကြော်စားလေ့ရှိကြပါသည်။

     ငါးဇင်စပ်ငါး၏ အသေးစိတ်အချက်အလက် (Scientific Classification) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Phylum (မျိုးပေါင်းစု)- Chordata

Class (မျိုးပေါင်း) -Actinopterygii

Family (မျိုးရင်း)-Ambassidae

Genus(မျိုးစု)-Parambassis

Species (မျိုးစိတ်) -P.ranga ဟူ၍ ဖြစ်ကြပါသည်။

ရေးသားသူ -ပင်လယ်ပြာ(ငါးဦးစီး)

Ref: Wikipedia. 

      Worldfish. 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

                 

 

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်