အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပိုင်ရီသရွိုဒ်/​ဆေးဂန္ဓမာအုပ်စု)

ပိုးသတ်​ဆေး ai များ၏ အာနိသင်နှင့် နှိမ်နင်းနိုင်သည့်ပိုးများ (ပိုင်ရီသရွိုဒ်/​ဆေးဂန္ဓမာအုပ်စု)

Thar Po
Thar Po • 09/06/2023

၁။ Pyrethroid (ပိုင်ရီသရွိုဒ်/​ဆေးဂန္ဓမာအုပ်စု)

အုပ်စုဝင်​ဆေး( ​အေအိုင်) များနှင့် ​စျေးကွက်ဝင်အမည်များ

ဆိုက်ပါမီသရင် ( ဆေးအမည်များ - အဂရိုဆိုက်ပါ/အာမိုဆိုက်ပါ/ဖို့စတင်း/ဟိုက်ပါဆိုက်/ဆိုက်ပါမက်/ပီလာဆိုက်ပါ/ပရိုဆိုက်ပါ/ဗိုက်တာမီသရင်/ဝှိုက်တိုက်ဂါး/ဝှိုက်ဂိုးလ်/မာလာမြိုင်ဆိုက်ပါ/အမ်ဆိုက်ပါ/ပံ 35...)

အယ်လ်ဖာဆိုက်ပါမီသရင် ( ဆေးအမည်များ - အယ်ဖာ-5/အယ်ဖာဆိုက်/​ဖော်တက်/အဂရိုအယ်ဖာ/အင်ဂါး..)

ဘီတာ ဆိုက်ပါမီသရင် ( ဆေးအမည်များ - ရှင်းဘီတာ/လီရှာဒန်)

ဇီတာ ဆိုက်ပါမီသရင် ( ဆေးအမည်များ - ဖျူရီ)

ဆိုင်ဖလူသရင်  ( ဆေးအမည်များ - တော်နာဒို)

ဘီတာဆိုင်ဖလူသရင် ( ဆေးအမည်များ - ဘူး​ဒေါ့/​ဘောင်းဒက်)

ဒယ်လ်တာမီသရင် ( ဆေးအမည်များ - ဗေးလစ်/ဒီစစ်/ဒီဆိုက်/ရန်ကင်း/အာမိုဒယ်တာ..)

လမ်ဘဒါဆိုင်​ဟေလိုသရင် ( ဆေးအမည်များ - က​ရောင်း/ဖို့စ်စူပါ/ပီလာလန်ဒါ/​ရှောင်လင်/သန်းဒါး/မစ်ဆိုင်း/လမ်ဒါ/ခရာ​တေး/ဖိုက်တာလပ်စ်)

ဖန်ပရိုပါသရင်   ( ဆေးအမည်များ - ဆန်နီ​တော)

ဖန်ဘယ်လာရိတ် ( ဆေးအမည်များ - ဆူမီဆီဒင်/ဟန့်ဖင်ဗာ)

ပါမီသရင် (ဆေးအမည်များ - မက်ပါမီသရင်)

ဂမ်မာဆိုင်​ဟေလိုသရင် (ဆေးအမည်များ - နိမ်းဆိုက်)

ဘိုင်ဖန်သရင် (ဆေးအမည်များ - ရွှေဖန်သရင်/တယ်လ်စတား)

အဆိပ်သင့်လမ်း​ကြောင်း(MoA - Mode of Action)

- Sodium channel modulator

ဆေးအာနိသင်

- ထိ​သေ၊ စား​သေ အာနိသင်ဖြစ်ပြီး တွန်းလှန်/ဂျွမ်းပြန်သတ္တိ (Knock down action) ရှိသည်။

အဓိက ကာကွယ်နှိမ်နင်းနိုင်​သောဖျက်ပိုးများ

- သီးနှံစုံမှာ ဖျန်းနိုင်ပြီး ကျ​ရောက်​တတ်သော ကိုက်ဖြတ်စား​သောက်ပိုးများ၊ ပိုးစိမ်း​ကောင်၊ ထွာ​ကောင်စိမ်း၊ ပဲဂျပိုးစိမ်း၊ င​မြှောင်​တောင်၊ ခူ​မွှေးရှည်၊ ရွက်စားပိုးများ၊ မှက်၊ ခြင်၊ ယင်၊ အခွံမာကျိုင်းများ....)

- ပျ၊ ဖြုတ်၊​ လှေး၊ ပိုး​စေးနှဲများကိုလည်း ပင်လုံးပြန့်​ဆေးများနှင့် ​ရောစပ်နှိမ်နင်းနိုင်ပါသည်။

အသုံးပြုရန်နှုန်းထား

​- ဆေးဘူးပါအညွှန်းကို ​သေချာစွာဖတ်ပြီး အညွှန်းပါနှုန်းထားအတိုင်း တိကျစွာလိုက်နာပါ။

(အကြမ်းအားဖြင့် ​ရေတဂါလံ =​ ဆေး ၁၀ စီစီ)

အဆိပ်သင့်မှုနှုန်း

သန(၅၀) = (၂၅၀ ppm/ကီလိုဂရမ်)

သီးနှံပင်လောင်ကျွမ်းမှု

EC ​ဖော်မြူလာဖြင့် ထုတ်လုပ်မှု များသဖြင့် ပန်းပွင့်ချိန် (နံနက်ခင်း) ဖျန်းလျှင် ပန်းဝတ်မှုံကူးမှုကို ထိခိုက်နိုင်ပါသည်။

သတ်မှတ်နှုန်းထားထက် ပိုဖျန်းမိလျှင် သီးနှံပင်ထိခိုက်နိုင်ပါသည်။

သတိပြုရန်

- မလိုအပ်ဘဲ ပိုးမကျ​ရောက်မီ ကြိုတင်မဖျန်းသင့်ပါ။

- အယ်လ်ကာလီပါ​သော ပစ္စည်းများ၊ ပိုးသတ်​ဆေးများနှင့်မတည့်ပါ။ ဘော်ဒို​ဆေး၊ ထုံး ကန့်တို့နှင့် ​ရောစပ်မဖျန်းရပါ။

ai (အစွမ်းရှိပစ္စည်း) ဆိုတာဘာလဲ၊ inert (အစွမ်းမဲ့ပစ္စည်း) ဆိုတာဘာလဲ၊ သန (သေနှုန်း) ဆိုတာ ဘာလဲ၊ ပိုးသတ်ဆေးဆိုတာဘာလဲ ဆိုတာတွေကို သိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။

ပိုးသတ်ဆေးဖျန်းလို့ ပိုးမျိုးတွေ ပိုတိုးလာတာလား >>> https://greenwaymyanmar.com/posts/Thar_Aung_Thar_Maung_Conversation_2

စေတနာများစွာဖြင့်

ဦးသာပို

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
Hein Myint Kyaw

Hein Myint Kyaw

လွန်ခဲ့သော ၃ နှစ် က

ဘူးသီးလေးတွေပုတ်သွားတာဘာကြောင့်ပါလဲ

Myint Wai

Myint Wai

လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်ကျုံပျော်မြို့ကပါ

ဒို့ဦး​လေး

ဒို့ဦး​လေး

လွန်ခဲ့သော ၃ နှစ် က

၀၉၂၆၅၀၄၁၉၉၆ နာမည် နဲ့ ​နေရပ် ​ပြောပြီး အရင်မိတ်ဆက်ပေးပါ

Thu Lwin

Thu Lwin

လွန်ခဲ့သော ၃ နှစ် က

ဦးလေးရေ ph noလေးပေးပါအုံးဗျ ကျွန်တော် စပါးခင်းအတွက်မေးစရာလေးရှိလို့

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။