ပူပြင်းချိန်တွင် ရေချိုပုစွန်တုပ်မွေးမြူရေး၌ ဖြစ်တတ်သောရောဂါများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ

19/05/2023 17:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ပူပြင်းသောနွေရာသီတွင် ရေချိုပုစွန်တုပ်ကြီးမွေးမြူရာ၌ အောက်ဖော်ပြပါရောဂါပိုးများ ၀င်ရောက်ပြီး ရောဂါဖြစ်စေနိုင်ပါသည်။

  • ၁။ ဗိုင်းရပ်စ်ပိုးမွှားများ(Viruses)
  • ၂။ ဘက်တီးရီးယားပိုးမွှားများ (Bacteria)
  • ၃။ မှိုပိုးမွှားများ(Fungi)
  • ၄။ ပရိုတိုဇိုအာပိုးမွှားများ(Protozoa)
  • ၅။ ကပ်ပါးအလေ့အထ ပိုးမွှားများ(Parasite)
  • ၆။ သံကောင်အုပ်စု၀င်ပိုးမွှားများ(Worms) တို့ ဖြစ်စေနိုင်ပါသည်။

ဖြစ်ပေါ်စေတတ်သော အနာရောဂါများ

ရေချိုပုစွန်တုပ်ကြီးများတွင် ဖြစ်တတ်သောရောဂါများမှာ Gram-Negative ပိုးမွှားအုပ်စု၀င် Vibrio မျိုးစိတ်များကြောင့် ဖြစ်တတ်ပါသည်။

အများအားဖြင့် ပါးဟပ်မဲသောရောဂါများ၊ တလကြာဟုခေါ်သော ရောဂါများ၊ အရေခွံများတွင် အစက်အပျောက်များဖြစ်ပေါ်ခြင်း(Shell Disease)

အထူးသဖြင့် မှိုပိုးမွှားများနှင့် ဇူသမ်းနီးယမ်း (Zoothamnium) ခေါ်သော ပရိုတိုဇိုးများသည် ပုစွန်များ၊ ပါးဟပ်များ၊ ခန္ဓာကိုယ်၏အဆစ်အပိုင်းများတွင် ကပ်တွယ်နေခြင်းများဖြစ်ပေါ်၍ ပုစွန်များတွင် နီခြင်း၊ မဲခြင်း၊ အရောင်အသွေးများကျဆင်းကာ ပုစွန်များပိုးမွှားကျရောက်ပြီး သေဆုံးနိုင်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ကန်အတွင်းရှိ အပင်ငယ်များ၊ ရေမှော်များသည်လည်း ပုပ်သိုးဆွေးမြည့်ပြီး ကန်ရေများညစ်ညမ်းပျက်စီးခြင်းသို့ ရောက်ရှိတတ်ပါသဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

ဖြေရှင်းပေးနိုင်သောနည်းလမ်းများ

  • ၁။ မွေးမြူကန်ရေ လဲလှယ်ပေးခြင်း
  • ၂။ စက်ယန္တရားသုံးစွဲ၍ ရေများလှုပ်ရှားစေရန်ဆောင်ရွက်ခြင်း
  • ၃။ မွေးမြူရေးကန်အတွင်း ရေအသစ်ထည့်ပေးခြင်း 
  • ၄။ အစာကျွေးခြင်းကို ယာယီရပ်ဆိုင်းခြင်း
  • ၅။ ရေအသစ်တွင် အစာများစတင်ကျွေးမွေးခြင်း
  • ၆။ မွေးမြူသောပုစွန်များကို ပြောင်းရွှေ့စေခြင်း
  • ၇။ ဖမ်းဆီးရောင်းချရန်အချိန်တန်ပါက ကန်ဖော်ပြီးရောင်းချရန် တို့ဖြစ်ပါသည်။

အထူးမှတ်ချက်အနေနဲ့သတိထားစေလိုတာကတော့ ပုစွန်ကန်တွင် ပုစွန်တစ်ကောင်ပျက်စီးနေပါက ကျန်ပုစွန်များအားလုံးသို့ ကူးစက်နိုင်ကြောင်း သတိပြုရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်