တွေ့ရနည်းလာတဲ့ ရှိခိုးကောင်လေးတွေအကြောင်း

16/09/2020 11:30 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

ဦးကြီးတို့အားလုံး မင်္ဂလာပါဗျ။

     ဦးကြီးတို့အားလုံး ရှိခိုးကောင်လေးများကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ အချို့သော တောင်သူများသည် ရှိခိုးကောင်ကို သီးနှံဖျက်ပိုးလား၊ သီးနှံဖျက်ပိုးများကို စားသောက် ဖျက်ဆီးပေးသော သားရဲကောင်လားဆိုတာကို သေသေချာချာမသိကြသေးပါ။ ထို့ကြောင့် ရှိခိုးကောင်လေးများ အကြောင်းကို ဆက်လက်လေ့လာကြရအောင်။

     ရှိခိုးကောင်လေးများသည် သီးနှံများတွင် ကျရောက်သော ပိုးမွှားများကို စားသောက် ဖျက်ဆီးပေးသည့် အသားစားသတ္တဝါဖြစ်ပါသည်။ ရှဥ်ခိုးကောင်သည် မျိုးရင်း Arthropoda ထဲတွင်ပါ၀င်ပါသည်။ ရှိခိုးကောင်များ၏ ဦးခေါင်းသည် တြိဂံပုံသဏ္ဍာန်ရှိပါသည်။ ရှိခိုးကောင်၏ ဦးခေါင်းသည် ၁၈၀ ဒီဂရီလှည့်နိုင်ပါသည်။ ရှိခိုးကောင်တွင် ခြေလက် (၆) ချောင်းပါဝင်ပါသည်။ ထို(၆)ချောင်းထဲမှ ရှေ့(၂) ချောင်း သည် သားကောင်များကို ဖမ်းယူစားသောက်ရာတွင် အသုံးပြုပါသည်။ ရှိခိုးကောင်တွင် တောင်ပံ(၂) စုံပါဝင်ပါသည်။ ရှိခိုးကောင်များသည် ညဘက်တွင်သာ ပျံသန်းကြပါသည်။ 

နေထိုင်စားသောက်ပုံ 

     ရှိခိုးကောင်များသည် သူ၏မြင်ကွင်းထဲတွင် ရွေ့လျားနေသော အကောင်လေးများ မြင်သောအခါတွင် သူ၏ဦးခေါင်းကိုလျင်မြန်စွာ လှည့်လိုက်ပြီး သားကောင်ကို ဖမ်းယူရန် ပြင်ဆင်ပါသည်။ ရှိခိုးကောင်လေးများသည် သူတို့၏ ရှေ့လက်နှစ်ချောင်းကို အသုံးပြု၍ သားကောင်ကို ဖမ်းယူစားသောက်ကြပါသည်။ ရှိခိုးကောင်များ၏မျက်လုံးသည် ရှေ့ကိုကျယ် ပြန့်စွာမြင်နိုင်ပါသည်။ ရှိခိုးကောင်များသည် ပေ(၆၀)အထိ သားကောင်များကို လှမ်းမြင်နိုင်ပါ သည်။ 

     ရှိခိုးကောင်လေးများသည် သူနိုင်သော ပိုးမွှားလေးများကို စားသောက်၍ အသက်ရှင် နေထိုင်ပါသည်။ ရှိခိုးကောင်လေးများ စားသောက်ဖျက်ဆီးလိုက်သော ပိုးမွှားလေးများသည် စိုက်ပျိုးသီးနှံများတွင် ကျရောက်ဖျက်ဆီးသော ပိုးမွှားများဖြစ်ကြပါသည်။ ရှိခိုးကောင်လေး များကို ပန်းပွင့်နေသောအပင်အများစုတွင် တွေ့ရများပါသည်။ ရှိခိုးကောင်လေးများသည် သားကောင်ဖမ်းယူရာတွင် သူ့ကိုယ်သူ မလှုပ်မယှက်ဘဲနေ၍ သားကောင်ကို ချောင်းလေ့ရှိပါသည်။ သူ၏ခန္ဓာကိုယ်မှာလည်း အစိမ်းရောင်ရှိနေသောကြောင့် သီးနှံပင်များ အပေါ်တွင် အလွယ်တကူမတွေ့နိုင်ပါ။ ထို့အပြင် ရှိခိုးကောင်လေးများသည် သားကောင်ဆီသို့ တိတ်ဆိတ် ငြိမ်သက်စွာ ခြေလုံလက်လုံသွားပြီး ဖမ်းယူနိုင်ပါသည်။

     ရှိခိုးကောင််လေးများသည် အင်းဆက် များ၏ ဥများ၊ ပျများ၊ ဖြုတ်များ၊ ခြင်များ၊ အင်းဆက်သားလောင်းများ (စိတ်တိုကောင်)၊ အခြားသော အင်းဆက်ငယ်များ၊ ပုရစ်များ၊ ဖလံများ၊ ခန္ဓာကိုယ်ပျော့သော အကောင်များ စသည့် တို့ကို စားသောက်၍ နေထိုင်ပါသည်။ အချို့အကောင်ကြီးသော ရှိခိုးကောင်များသည် အိမ် မြောင်၊ ဖား၊ ငါး၊ ငှက်အသေးလေးများကိုပင် ဖမ်းယူစားသောက်ဖျက်ဆီးနိုင်ကြပါသည်။ ရှိခိုး ကောင်လေးများသည် အစားမစားဘဲ နှစ်ပတ်ထိနေနိုင်ကြပါသည်။ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် အင်းဆက်အကောင်ပေါင်း (၈၀၀) မှ (၁၀၀၀) ထိဖမ်းယူစားသောက်နိုင်ပါသည်။ ရှိခိုးကောင်တစ််ကောင်သည် တစ်ရက်တွင် အင်းဆက်များ (၇) ကောင်ထိ ဖမ်းယူစားသောက်နိုင်ပါသည်။ 

မျိုးပွားခြင်း

     ရှိခိုးကောင်လေးများသည် အများသောအားဖြင့် ဆောင်းရာသီတွင် မိတ်လိုက်ကြပါ သည်။ သို့သော်လည်း တစ်နှစ်ပတ်လုံး မိတ်လိုက်နိုင်ကြပါသည်။ ရှိခိုးကောင်အမတစ်ကောင် သည် ဥအိမ်လေးပြုလုပ်ပြီး မျိုးစိတ်ပေါ်မူတည်၍ ဥအိမ်ထဲသို့ ဥ ၁၀ မှ ၄၀၀ ကြားဥနိုင်ပါသည်။ ရှိခိုးကောင်၏ ဘဝတစ်လျှောက် တွင် အဆင့် (၃) ဆင့် ခွဲခြားထားပါသည်။ 

     ၄င်းတို့မှာ ဥအဆင့်၊ ပိုးတုံးလုံးအဆင့်၊ အကောင်ကြီး အဆင့်တို့ ဖြစ်ကြပါသည်။ ဥများသည် အပူချိန်ပေါ်မူတည်၍ ၃ ပတ်မှ ၆ ပတ်အတွင်း အကောင်ပေါက်ကြပါသည်။ ပိုးတုံးလုံးအဆင့်သည် အကောင်ကြီးနှင့် အရောင်မတူပါ။ အကောင်ကြီးဘဝသို့မရောက်မီ ပိုးတုံးလုံးအဆင့်တွင် အရေခွံ ၅ ကြိမ်မှ ၁၀ ကြိမ် အထိလဲပါသည်။ ရှိခိုးကောင်များ၏ ဘဝတစ်လျှောက်လုံးသည် မျိုးစိတ်အပေါ်မူတည်၍ ၁ လမှ ၆ လအထိ ကြာနိုင်ပါသည်။

     ရှိခိုးကောင်များသည် ပိုးမွှားများနှိမ်နှင်းရာတွင် အလွန်အရေးပါသော အကောင်ဖြစ်ပါ သည်။ ထို့အပြင် ယနေ့ခေတ်တွင် ပိုးသတ်ဆေးများအသုံးမပြုဘဲ သြဂဲနစ်စိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးလျော့သုံးသော GAP စိုက်ပျိုးရေးစနစ်တို့အတွက် အလွန်အရေးပါသော အကောင် တစ်ကောင်ဖြစ်ပါသည်။ ရှိခိုးကောင်လေးများ၏ ဥအိမ််လေးများတွေ့သောအခါ မိမိတို့စိုက်ခင်း အတွင်းသို့ ယူဆောင်၍ မွေးမြူနိုင်ပါသည်။ ထို့ကြောင့် ဦးကြီးတို့အနေနဲ့ ရှိခိုးကောင်သည် တောင်သူဦးကြီးတို့အတွက် မိတ်ဆွေပိုးဟု သိပြီဖြစ်ပါသည်။ ထို့ကြောင့် ဦးကြီးတို့၏ စိုက်ခင်းထဲတွင် ပိုးသတ်ဆေးများ လျော့သုံး၍  ရှိခိုးကောင်လေးများ များများမွေးမြူကြပါရန် တိုက်တွန်းလိုက်ရပါသည်။ 

ချမ်းသာဦး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်