ငှက်ပျောသီးကို အစာမရှိပဲမနက်စာအဖြစ် စားခြင်းမှရှောင်ရှားသင့်တဲ့ အကြောင်းအရင်းများ

07/08/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     á€„သက်ပဝ္ဏသဎးမသဏ အဟာရဓာတ်ပေါကြွယ်ဝလွန်းလို့ ခံတွင်းလည်းမြိန် ကျန်းလည်းမာစေဖို့ စားသုံးကြပါတယ်။ ငှက်ပျောသီးမှာ နှလုံးကျန်းမာစေခြင်း၊ ပင်ပန်းနွယ်နယ်မှုကို သက်သာစေခြင်း၊ သွေးပေါင်ထိန်းပေးခြင်၊ စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းနှင့် အပူကန်နာဖြစ်ခြင်းတို့ကို သက်သာစေခြင်း စတဲ့အာနိသင်တွေ ပါဝင်ပါတယ်။

     á€„သက်ပဝ္ဏသဎးမသဏ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် ပါဝင်ပါတယ်။  အားအင်တွေဖြည့်ပေးတာကြောင့် နေ့စဉ်နေ့တိုင်းစားသုံးပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ငှက်ပျောသီးကို ထမင်းစားပြီးမှ စားကြတာများပေမယ့် တခါတလေ မနက်စာလုပ်ရမှာရှုပ်လို့ မနက်စာအနေနဲ့စားသုံးကြတာမျိုးရှိမှာပါ။ တကယ်တော့ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိချိန်စားတာက မသင့်တော်ပါဘူး။ အကြောင်းအရင်းတွေကတော့

     á€„သက်ပဝ္ဏသဎးမသဏ ပါဝင်တဲ့သဘာဝအချိုဓာတ်က အားအင်ဖြည့်ပေးသော်ငြား နာရီအနည်းငယ်ကြာရင်တော့ အားအင်ကုန်ခမ်းသွားစေပါတယ်။

     á€„သက်ပဝ္ဏသဎးက စားပြီးချက်ချင်းဗိုက်ပြည့်စေပြီး လေးလံလာကာ အိပ်ငိုက်စေပါတယ်။

     á€„သက်ပဝ္ဏသဎးမသဏ အက်စစ်သဘာဝရှိတဲ့အသီးမို့ အစာမရှိပဲစားတဲ့အခါ အူမကြီးနဲ့ပတ်သတ်တဲ့ပြသနာတွေဖြစ်လာနိုင်စေပါတယ်။

     á€„သက်ပဝ္ဏသဎးမသ မဟုတ်ပါဘူး။ သစ်သီးဝလံတွေကို အစာမရှိပဲ မနက်စာအဖြစ်စားခြင်းမှရှောင်ရှားသင့်ပါတယ်။ ယနေ့ခေတ်မှာ သဘာဝသစ်သီးတွေက ရှားပါးပြီး ဓာတုဆေးတွေအသုံးပြုထားတဲ့ သစ်သီးတွေများနေပြီမို့ မနက်စာအဖြစ်စားဖို့ ပိုလို့တောင်မသင့်တော်တော့ပါဘူး။

     á€’ဍနဲအပဲ ငှက်ပျောသီးကို မနက်ပိုင်းမစားသင့်ဘူးလို့ မဆိုလိုပါဘူး။  ဗိုက်ထဲအစာမရှိချိန် သူ့ချည်းမစားဖို့သာအဓိကပါ။ မနက်စာတစ်ခုခုစားပြီး ငှက်ပျောသီးကိုဖျော်သောက်တာဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် စားပေးလို့ရပါတယ်။ အစားအသောက်ဂရုစိုက်ခြင်းက ကျန်းမာခြင်းရဲ့မဏ္ဍိုင်မို့လို့ ဂရုတစိုက်စားသုံးရင်း ကျန်းမာတဲ့ဘဝပိုင်ဆိုင်ကြပါစေ။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။ 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်