ဝါသီးနှံတွင် ကျရောက်ဖျက်စီးသော ဝါပိုးနီ

20/11/2020 17:00 PM တွင် Si Thu Hein Si Thu Hein မှ ရေးသား

      ဝါပိုးနီသည် ဝါသီးနှံတွင် ဆိုးဆိုးရွားရွား ကျရောက်သော ဖျက်ပိုး များ အနက် တစ်မျိုးဖြစ်သည်။ကြမ်းပိုး အုပ်စုတွင်ပါဝင် ပြီး သီးနှံများကို စုပ်ယူစားသောက် ၍ ဖျက်စီးကြသည်။ 

ဘဝစက်ဝန်း 

      ဖျက်ပိုး အမသည် အဝါရောင် ဥများကို လက်ခံပင်အနီးရှိ မြေကြီးထဲတွင် အုချသည်။ ဥမှ အကောင်ပေါက်ရန် 7-8 ရက် ခန့်ကြာမြင့်သည်။ အရွယ် မရောက်ကောင် အဆင့် သည် ၂ပတ်မှ ၃ပတ် ခန့် အထိ ဖြစ်သည်။ အရွယ်ရောက် အကောင်ကြီးသည် ၁၂ မီလီမီတာ မှ ၁၅မီလီမီတာ အရွယ်အစားရှိ၍ အမများသည် အထီးများထက် ပိုမိုကြီးထွားဖွံ ့ဖြိုးသည်။

ဖျက်စီးပုံ နှင့် ပျက်စီးမှုလက္ခဏာ 

      အရွယ်ရောက်အဆင့် အကောင်ကြီး နှင့် အရွယ်မရောက် ကောင်အဆင့် နှစ်မျိုးလုံး သည် သီးနှံကို စားသောက် ဖျက်စီးနိုင်သည် ။ဝါပင်၏ အရွက်၊ အပွင့်၊ အဖူး၊ အသီးတို့ကို စုပ်စားဖျက်စီးကြသည်။ ထို့အပြင် ဝါချည်မျှင်များမှ တစ်ဆင့် အစေ့များကိုပါ စုပ်စားဖျက်စီးနိုင်ကြသည်။ စုပ်စားထားသော နေရာများမှ တစ်ဆင့် အခြား ရောဂါပိုးမွှားများဝင်ရောက်ပြီး ဝါသီးတောင့် ပုပ်ခြင်း၊ အရောင်ပျက်​​ခြင်းများဖြစ်ပေါ်နိုင်သည်။ ထို့အပြင် ဝါပိုးနီကျရောက်မှု ကြောင့် ဝါသီးထောင့်များကြွေကျခြင်း၊ ပုံမှန်ချိန်ထက်စော၍ပန်းပွင့်ခြင်း၊ ဝါချည်မျှင်များ အရောင်စွန်း၍ အရည်အသွေး ကျဆင်းခြင်း၊ စုပ်စားခံထားရသော အစေ့များကိုမျိုးအဖြစ်ထားရန် မသင့်လျော်ခြင်း စသည့် ဆိုးကျိုးရလဒ်များ တွေ့ကြုံနိုင်ပါတယ်။

လက်ခံပင်များ 

       ဝါပိုးနီသည်  ဝါသီးနှံတွင်သာမက  ရုံးပတီ၊ ရှောက်၊သံပုရာ၊ ခွေးတောက်၊ပြောင်း၊စသည့် သီးနှံများ တွင်လည်း ကျရောက် ဖျက်စီး နိုင်သည်။

ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ

      - သီးနှံစိုက်ခင်းတွင် ဖျက်ပိုးကျရောက်မှု ရှိ၊ မရှိ အမြဲ ကြည့်ရူစစ်ဆေးပါ။

       - ဖျက်ပိုး အရေအတွက် နည်းလျှင် လက်ဖြင့် ကောက်ယူ ဖျက်စီး ပစ်နိုင်ပါသည်။

       - စိုက်ခင်းတွင် ပေါင်း၊ မြက်များကို ရှင်းလင်းပစ်ပါ။

       - ထောင်ချောက် သီးနှံ များစိုက်ပျိုး၍လည်း နှိမ်နင်းနိုင်ပါသည်။

       - သီးနှံ ရိတ်သိမ်းပြီးနောက်တွင် ထယ်ရေးနက်နက်ထိုးပေးပါ။

          -တမာပိုးသတ်ဆေး အသုံးပြု၍ ဝါပိုးနီကို နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် ကလိုရီပိုင်ရီဖော့၊ ဖစ်ပရိုနေးလ် စသည့် ဆေးအဆိပ် အာနိသင်ရှိသော ဓာတုပိုးသတ်ဆေးများကို သုံးစွဲ၍ ဝါပိုးနီကို ကာကွယ်နှိမ်နင်းနိုင်ပါသည်။

Reference:

https://en.m.wikipedia.org/wiki/Dysdercus_cingulatus

https://plantix.net/en/library/plant-diseases/600199/red-cotton-bug
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်