စီးပွားဖြစ် ဝက်မွေးမြူလိုသူများနှင့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူလိုသူများအတွက် မိမိအဆင်ပြေသလို အသုံးပြုမွေးမြူနိုင်မည့် မွေးမြူနည်းစနစ်အမျိုးမျိုးကိ ဖော်ပြပေးလိုက်ပါသည်။
- (က) လွှတ်ကျောင်း မွေးမြူနည်းစနစ်
- (ခ) ခြံလှောင် မွေးမြူနည်းစနစ်
- (ဂ) ဖွဲခင်းဖြင့် မွေးမြူသည့်နည်းစနစ်
- (ဃ) ခြံခွဲမွေးမြူနည်းစနစ်တို့ ရှိကြပါသည်။
(က) လွှတ်ကျောင်းမွေးမြူနည်းစနစ်

- စားကျက်မြေနှင့် မြေလွတ်မြေရိုင်းများရှိသောဒေသများတွင် လွှတ်ကျောင်းမွေးမြူနည်းစနစ်ကို ကျင့်သုံးရန် သင့်တော်ပါသည်။
- လွှတ်ကျောင်းမွေးမြူနည်းစနစ်သည် နေ့အချိန်တွင် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ပြီး သဘာဝအစားအစာများကို ရှာဖွေစားသောက်နိုင်သဖြင့် ဝက်များ၏ ပင်ကိုယ်ဓလေ့နှင့် ညီညွတ်သလို ကျန်းမာရေးနှင့်လည်း ညီညွတ်ပါသည်။
- လွှတ်ကျောင်းခြင်းဖြင့် နေရောင်ခြည်နှင့် လေကောင်းလေသန့်ကို ရရှိစေပါသည်။
- ထို့ပြင် လွှတ်ကျောင်းခြင်းသည် သဘာဝအစားအစာနှင့် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များကို ရှာဖွေစားသောက်နိုင်ပါသည်။
- ဉာဉ့်အချိန်တွင် ဝက်များကို ရာသီဥတုဒဏ်မှ ကာကွယ်ပေးရန်အတွက် ခြံအဆောက်အဦထဲသို့ ပြန်လည်ထည့်သွင်းပေးရပါမည်။
- ယခုအခါ ဖွံဖြိုးပြီးနိုင်ငံများဖြစ်သည့် အင်္ဂလန်၊ သြစတေးလျနှင့် နယူးဇီလန်နိုင်ငံများတွင်လည်း လွှတ်ကျောင်းမွေးမြူနည်းစနစ်ကို ပြန်လည်ကျင့်သုံးလျက် ရှိပါသည်။
- မျိုးဝက်မကောင်ရေ ၁၀ ကောင်ကို တစ်အုပ်စုဖွဲ့ပြီး ၁ ဧက အကျယ်ရှိ မြေကွက်ကို ကာရံထားသော ခြံဝင်းများထဲတွင် လွှတ်ကျောင်းကြခြင်း ဖြစ်သည်။
- ဉာဉ့်အခါ အိပ်နားနေနိုင်ရန်အတွက် ရွှေ့ပြောင်းနိုင်သော အိပ်ဆောင်တဲများ ထားရှိပေးရပါမည်။
(ခ) ခြံလှောင်မွေးမြူနည်းစနစ်

- ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင်မွေးမြူရေးတွင် ဝက်များကို ခြံလှောင်မွေးမြူရန် အထူးသင့်တော် သည်။
- စီးပွားဖြစ် အမြောက်အများမွေးမြူသည့်အခါ ဝက်များ၏အသက်အရွယ်အလိုက် မျိုးဝက်၊ အသားတိုးဝက်၊ ဝက်သိုးများတို့ကို သီးခြားအဆောက်အဦ၌ ခြံလှောင်မွေးမြူနိုင်ပါသည်။
- (၆ ပေ x ၈ ပေ)အကျယ်အဝန်းရှိ ခြံထဲတွင် ဝက်မကြီး ၅ ကောင်(သို့မဟုတ်) ဝက်လတ် ၁၅ ကောင် (သို့မဟုတ်) နို့ခွဲဝက်ကောင်ရေ ၂၀ မွေးမြူထားရှိနိုင်သည်။
- ခြံအဆောက်အဦကို သစ်သားများဖြင့် ဆောက်လုပ်ပေးပါက တာရှည်အသုံးပြုနိုင်သည်။
- မြေကြီးမှ ၁.၅ ပေ အမြင့် ၊ အခင်းကို ၂ ပေ x ၁ ပေ သစ်ဖြင့် ၁ လက်မခြားပေးပြီး ဘေးအကာကို ၃ ပေ x ၁ ပေ သစ်သားတန်းများကို ၆ ပေ ခြားပြီး ၁.၅ ပေ အမြင့် ကာထားပေးရမည်။
- အဆောက်အဦ၏ လက်ခံတိုင်အမြင့်ကို ၆ ပေထားပြီး ဓနိမိုးပေးပါက လေဝင်လေထွက်ကောင်းပြီး နေပူဒဏ်မှ ကာကွယ်ထားပေးမည် ဖြစ်ပါသည်။
(ဂ) ဖွဲခင်းဖြင့်မွေးမြူသည့်နည်းစနစ်

- ဝက်ခြံကို ကုန်ကျစရိတ်သက်သာပြီး အနံ့အသက်ဆိုးများ ကင်းစေရန် မြေစိုက်တဲများ ဆောက်လုပ်မွေးမြူနိုင်ပါသည်။
- ရေမဝပ်သည့်နေရာ၌ အောက်ခံမြေကို ၁ ပေအနက်တူးပြီး မြေကျစ်အောင် ထုထောင်းပေးပြီးနောက် စပါးခွံ(သို့မဟုတ်) မြေပဲခွံ(သို့မဟုတ်)ရိုးပြတ်ကောက်ရိုး စသည်တို့ကို ၁ ပေခွဲမှ ၂ ပေထု အထူခင်းပြီး EM ဘိုကာရှီကို ဆွတ်ရုံမျှ ဖျန်းပေးထားပြီးပါက ဝက်များကို ထားရှိနိုင်ပါသည်။
- ဤကဲ့သို့ ခင်းပေးထားသည့်အတွက် ဝက်များမှာ အခင်းကို တူးဆွနိုင်သည်။
- ဤမွေးမြူနည်းစနစ်သည် အနံ့အသက်များကင်းပြီး ခြံအတွင်း သန့်ရှင်းမှုရှိသည်။
- နှစ်စဉ် အခင်းများကို ပြန်လည်လဲလှယ်ပေးပြီး အခင်းဟောင်းများကို စိုက်ပျိုးရေးအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
(ဃ) ခြံခွဲမွေးမြူနည်းစနစ်
- ရှေးယခင်က ဝက်အရွယ်အစားမျိုးစုံတို့ကို တစ်နေရာတည်း၌သာ မွေးမြူထားကြပြီး ယခုအခါ အသက်အရွယ်လိုက်၍ အခန်းကန့်ပြီး မွေးမြူလျက်ရှိကြသည်။
- တချို့ဝက်မွေးမြူသူများသည် မျိုးဝက်များကို မွေးမြူထားရှိပြီး သားပေါက်ဝက်ကလေးများ အသက် ၂ လပြည့်သည့်အခါအသားတိုးမွေးမြူသူများထံသို့ ရောင်းချသည့်စနစ်ကို ကျင့်သုံးကြသည်။
- ဝက်များကို အသက်အရွယ်ခွဲခြားပြီး သီးခြားမွေးမြူထားခြင်းအားဖြင့် ဝက်များ၏ ကြီးထွားနှုန်း ပိုမိုကောင်းမွန်လာခြင်း၊ အစာကို အသားအဖြစ်ပြောင်းလဲမှု(Feed conversion ratio) တိုးတက်ကောင်းမွန်ခြင်းနှင့် ဝက်များတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာကျဆင်းသွားကြောင်း လေ့လာတွေ့ရှိရပါသည်။
- ဤမွေးမြူနည်းစနစ်၌ ဝက်များကို တစ်ပြိုင်နက်သားတင်ပေးပြီး အသုတ်လိုက် ပြိုင်တူမွေးဖွားပေးခြင်းဖြင့် သားခွဲချိန်ရောက်သည့်အခါ သက်တူရွယ်တူ ဝက်ကလေးများကို သီးသန့်ခြံထဲသို့ ရွှေ့ပြောင်းမွေးမြူကြပါသည်။
- ခြံတစ်ခြံခြင်းအလိုက် ဝက်များကို တစ်ပြိုင်နက်သွင်းပြီး တစ်ပြိုင်နက်ထုတ်နည်းစနစ် (All in All out system) ကို ကျင့်သုံးကြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more