အပူချိန်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးလာခြင်းတွေက အပင်တွေကို ဘာတွေဖြစ်စေလဲ..?

25/02/2022 15:00 PM တွင် နေလင်းဦး (စိုက်ပျိုးရေး) နေလင်းဦး (စိုက်ပျိုးရေး) မှ ရေးသား

ကမ္ဘာပေါ်မှာ ယခုလက်ရှိနှစ်တွေမှာ ရာသီဥတုပြောင်းလဲမှုက အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်လာပါတယ်။ တစ်နှစ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် လူပေါင်းသိန်းချီပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေရပါတယ်။ ငွေကြေးဆိုင်ရာအရဆိုရင်လည်း တစ်နှစ်ကိုအမေရိကန်ဒေါ်လာ ၁.၂ ထရီလီယမ်ထက်မနည်း ဆုံးရှုံးမှုများ ကြုံတွေ့နေရ ပါတယ်။ 

ဖွံဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ အာဟာရမပြည့်ဝလို့ လူများသေဆုံးခြင်း၊ ဆင်းရဲမွဲတေမှုများ ဖြစ်ပေါ်ခြင်းနဲ့ အခြားသောရောဂါများ ဖြစ်ပေါ်မှု ကိုလည်း အများဆုံးခံစားနေရပါတယ်။

ဆိုတော့ ဒီလိုရာသီဥတုတွေ ပြောင်းလဲလာခြင်းက အပင်တွေအပေါ် ဘယ်လောက်ထိခိုက်မှုတွေ ရှိနေလဲ..?

ရာသီဥတုပြောင်းလဲမှုတွေက အပူချိန်များတိုးမြင့်လာခြင်းနဲ့ လေထဲရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏ များ တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာတာပါ..။

(၁) အပူချိန်တိုးလာမှုကြောင့် အပင်များထိခိုက်ခြင်း

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေထဲမှာ အပူချိန်ပြောင်းလဲတိုးမြင့်လာမှုကြောင့် သီးနှံထွက်ကုန်များကို အဓိက ထိခိုက်ဆုံးရှုံးရပါတယ်။ 

အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ အပူချိန်တိုးလာခြင်းကြောင့် စပါးသီးနှံအထွက်နှုန်း ဆုံးရှုံးမှုများအပေါ် ပြုလုပ်ထားတဲ့ သုတေသနအချက်အလက်များအရ အပူချိန် ၁ ဒီဂရီစင်တီဂရိတ် တိုးလာရင် အထွက်နှုန်းဆုံးရှုံးမှု ၅.၄%၊ ၂ ဒီဂရီ စင်တီဂရိတ်မှာ ၇.၄ % နှင့် ၃ ဒီဂရီစင်တီဂရိတ်တွင် ၂၅.၁% ထိ အထွက်နှုန်းများ ကျဆင်းနိုင်တာ တွေ့ရပါတယ်။

ယေဘူယျအားဖြင့် အပူချိန်တိုးမြင့်လာပါက ရောဂါများပျံ့နှံ့မှုများနှင့် ဆိုးဝါးမှုများကို သိသိသာသာ တိုးမြင့်စေပေမယ့် အခြေအနေဘယ်လောက်ဆိုးစေနိုင်သလဲဆိုတာက မိုးရွာသွန်းမှု အရေအတွက်ပေါ်မှာလည်း မူတည်နေပါတယ်။ ဘက်တီးရီးယားရောဂါများနဲ့ ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပေါ်မှုနှင့် ပျံ့နှံ့မှုများဟာလည်း အပူချိန်ပေါ်မှာ များစွာမူတည်နေပါတယ်။ ရာသီဥတု အခြေအနေများဟာ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ သယ်ဆောင်ကောင်များရဲ့    ကြီးထွားဖွံ့ဖြိုးမှုနဲ့ ပျံ့ နှံ့မှုကို များစွာလွှမ်းမိုးထားပါတယ်။ 

Puccinia striiformis (သံချေးရောဂါဖြစ်စေသက်ရှိ)ဟာ အပူချိန်မြင့်မားလာရင် ပိုမို ရောဂါဖြစ်ပွားစေ ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကုလားပဲတွင် ကျရောက်သော မြစ်ခြောက်ပုပ်ရောဂါနှင့် ပဲစင်းငုံမှာ ကျရောက်တဲ့ Phytophthora ရွက်ခြောက် ရောဂါတွေက  ယခင်ကာလတွေမှာ အဓိကရောဂါမဟုတ်တဲ့ အခြေအနေကနေ အပူချိန် တိုးမြင့်လာမှုကြောင့် အဓိကရောဂါများ ဖြစ်လာပါတယ်။ အပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန် ပါက ဖျူစေရီယမ် ပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိသော ကုလားပဲမျိုးများမှာ မြစ်ခြောက်ပုတ်ရောဂါများ ဆိုးဝါး လာတာကို တွေ့ရပါတယ်။ 

(၂) ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးမြင့်မှုကြောင့် အပင်များထိခိုက်ခြင်း

မိုးရွာသွန်းမှုများပြောင်းလဲလာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏတိုးမြင့်လာခြင်း၊ မီသိန်းဂတ်စ်များနဲ့ နိုက်ထရိုက်အောက်ဆိုဒ်များ တိုးလာခြင်းတွေကလည်း သီးနှံကြီးထွားမှုအပေါ်မှာ အကျိုး သက် ရောက်မှုတွေ ရှိနိုင်တာ တွေ့ရှိရပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးနှုန်းဟာ ၁၇၅၀ ခုနှစ်မှာ ၂၈၀ ppm ပမာဏသာ ရှိခဲ့ရာကနေ ၂၀၁၃ ခုနှစ်မှာ ၃၈၀ ppm ထိ တိုးမြင့်ခဲ့ပါတယ်။ 

ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏတိုးလာခြင်းကြောင့် အပင်ဖြစ်ထွန်းမှုကို အားပေးပါတယ်။ ဒါပေမဲ့ အပင် တစ်သျှူးများမှာ ကာဘိုဟိုက်ဒရိတ်များလာခြင်းက သံချေးလို မှိုတွေကို ပိုမိုအားပေးစေပါတယ်။ ဒါကြောင့် CO2 တိုးတဲ့ဖြစ်စဉ်က အပင်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲစေပြီး ရောဂါဖြစ်ပွားမှုလည်း အားပေးစေပါတယ်။  အပင်များ ထူထပ်သိပ်သည်းလာရင် အရွက်တွေရဲ့sအစိုဓါတ်ရှိမှု ကာလကို ကြာစေကာ အရွက်တွင်ရောဂါဖြစ်စေတဲ့ ရောဂါဖြစ်စေသက်ရှိများကို ရောဂါဖြစ်စေရန် အခြေအနေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် သုတေသီများက CO2 ပမာဏတိုး မြင့်လာခြင်းနဲ့ ရာသီဥတု ပြောင်းလဲမှုများက အပင်ရောဂါဖြစ်စေ သက်ရှိတွေကို ရောဂါဖြစ်စေရန် ပိုမိုလျင်မြန်စေတယ်လို့ သုံးသပ်ကြပါတယ်။ 

CO2 ပမာဏတိုးမြင့်လာခြင်းကြောင့် အရွက်များရဲ့လေရှူပေါက်များပွင့်ခြင်း၊ အားလျော့နည်းစေမှုနဲ့ အရွက်ရဲ့ ဓါတုပြောင်းလဲမှုဖြစ်စဉ်များအား ဖြစ်ပေါ်စေပြီး ၎င်းအခြေအနေကြောင့် လေရှူပေါက်မှနေ အဓိက တိုက်ခိုက်မယ့် အပင်ရောဂါဖြစ်စေ သက်ရှိများအတွက် ရောဂါကျရောက်မှုနဲ့ ပြင်းထန်မှုများလျော့နည်းစေပါတယ် ။ 

Barley သီးနှံမှာ CO2 ပမာဏတိုးမြင့်လာခြင်းကြောင့် လေရှူပေါက်များပိတ်ခြင်းနှင့် ရောဂါဖြစ်စေသက်ရှိရဲ့ ဖိကပ်အင်္ဂါ လုပ်ဆောင်မယ့်နေရာမှာ ဆီလီကွန်များ ပိုမိုစုဆောင်းမှုများဖြစ်ပေါ်လာစေကာ  ဖားဥမှိုရောဂါကို ပိုမိုခံနိုင်ရည်ရှိလာပါတယ်။ CO2 ပမာဏတိုးမြင့်လာခြင်းက ဒေါင်းနီးရွက်ခြောက်ရောဂါ ဖြစ်ပေါ်မှုကိုလည်း သိသာစွာ လျော့နည်းစေပါတယ်။ သို့သော်စပါးရောဂါများဖြစ်တဲ့ စပါးကုတ်ကျိုးနှင့် စပါးရွက်ဖုံးခြောက်ရောဂါ တွေက စပါးပင်မှာ  CO2 ပမာဏတိုးမြင့်လာပါက ၎င်းရောဂါများကို စပါးပင်အနေဖြင့် ခံနိုင်ရည်မဲ့ လာတာကို တွေ့ရပါတယ်။ ဒါကြောင့် CO2 ပမာဏတိုးမြင့်လာခြင်းနဲ့ အပင်ရောဂါဖြစ်စေ သက်ရှိဆက်စပ်မှုမှာ သီးနှံနဲ့ရောဂါ ဖြစ်စေသက်ရှိအပေါ် မူတည်ပြီး  ရောဂါဆိုးဝါးခြင်းနဲ့ လျော့နည်းခြင်းများကို ဖြစ်စေပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်