ရေငန်ပုစွန် (ပုစွန်ကျားဆိုတာ..)

26/09/2023 17:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

မြန်မာနိုင်ငံသည်ရှည်လျားသော ကမ်းရိုးတန်းများရှိပြီး ၎င်းကမ်းရိုးတန်းတလျှောက်သို့ စီးဝင်နေသောမြစ်ငယ်၊ ချောင်းငယ်များများပြားသည့်အလျောက် သက်ရှိသဘာဝပစ္စည်းများလည်း အလွန်ပေါကြွယ်လှပါသည်။

၎င်းသဘာဝသယံဇာတပစ္စည်းများအနက် ရေငန်ပုစွန်သည်အရေးပါသော ကဏ္ဍတွင်ပါဝင်ပါသည်။

ကမ္ဘာပေါ်တွင်ရေငန်ပစ္စည်းမျိုးစိတ်ပေါင်းများစွာရှိသော်လည်း စီးပွားဖြစ်မွေးဖြူထုတ်လုပ် နိုင်သောရေငန်ပုစွန်မျိုးစိတ်အနည်းငယ်သာရှိပါသည်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ၌ စီးပွားဖြစ်မွေးမြူနိုင်သော ရေငံပုစွန် မျိုး စိတ်(၁၀)မျိုးသာရှိပါသည်။ ယင်းမျိုးစိတ်ငါးမျိုးမှာ-

၁။ Penaeus Monodon  (ပုစွန်ကျား)

၂။ Penaeus Semisulcatus (ပုစွန်မြီးနီ)

၃။ Penaeus merguiensis (ပုစွန်ဖြူ)

၄။ Metapenaeus monoceros (ဘော့ချိတ်)

၅။ Metapenaeus brevicornis  (စန္ဒား- ပုစွန်) တို့ဖြစ်ကြသည်။

အဆိုပါ(၅)မျိုးအနက်ပြည်တွင်း၌လူသိများပြီးပြည်တွင်းပြည်ပဈေးကွက်တွင်ဈေးကောင်း သော ပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။

၎င်းကိုနေရာ ဒေသအလိုက်အမည်အမျိုးဖြင့် ခေါ်ဝေါ်ကြပါသည်။

ရခိုင်ကမ်းရိုးတန်းတွင် ကုလားပုစွန်ဟူ၍လည်းကောင်း တနင်္သာရီတွင် ပုစွန်ကျားဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပါသည်။

Penaeus Monodon  (ပုစွန်ကျား) အကြောင်း

ပုစွန်ကျားများ၏ မျိုးပွားကျက်စားရာဒေသများမှာ ရေချိုရေငံစပ်ချောင်းပြောင်းများတွင် တွေ့ရှိရသည်။ သက်ကြီးမျိုးပွားခါနီးအကောင်များကို ပင်လယ်ပြင်၌ အများအားဖြင့် တွေ့ရသည်။ သက်ကြီးအထီးအမများသည့် ပင်လယ်ပြင်ထဲတွင် မိတ်လိုက်ပြီးဥ ဥချတတ်သောအလေ့အထရှိသည်။ အမသည် အထီးထက်ကြီး၍ မျိုးပွားရန်ရင့်မှည့်နေသော ဥအိမ်များသည် အမ၏ကျောဘက်တွင် အတန်းလိုက်ရှိနေကြောင်းမြင်တွေ့နိုင်သည်။ အထီးများ၏ မျိုးပွားအင်္ဂါသည် အထီး၏ ပထမရေယက်နှစ်ခုအတွင်း၌တည်ရှိနေပြီး Petasma ဟုခေါ်သည်။ အမများ၏ သုတ်လက်ခံအိမ် မှာthelycum ဟုခေါ်၍ နောက်ဆုံး/ မြေနှစ်ခုကြားတွင်တည်ရှိသည်။

ပုစွန်ကျားအလေ့အထများ

သန္ဓေအောင်ပြီးသော ပုစွန်သားလောင်းများသည် ပင်လယ်ရေထုနှင့်အတူ မျောပါလာပြီး လက်မဝက်ခန့်အရွယ်တွင် အင်္ဂါစုံသောသားလောင်းအဖြစ်ရောက်ရှိကာ ရေချိုရေငံစပ်ကြားချောင်း မြောင်းများတွင် ကူးခပ်သွားလာနေကြောင်းတွေ့ရှိရပါသည်။ ဒီလိုအချိန်မျိုးတွင် ပုစွန်ကျားသား ပေါက် များဖမ်းဆီး၍ရနိုင်ကြောင်းတွေ့ရှိရသည်။ ၎င်းနေရာမျိုးတွင် 6" ,7" အရွယ်ထိ ပုစွန်ကျား များရရှိကြောင်းတွေ့ရှိပါသည်။ ၎င်းမှတဆင့် ပိုမိုကြီးထွားပြီးသက်ကြီးကောင်များဖြစ်လာပါက ပင်လယ်ပြင်သို့ပြန်လည်ကူးခပ်သွားလာကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် 7" ,8"အရွယ်သက်ကြီး ပုစွန်များများ ပင်လယ်ပြင်တွင် ကူးခပ်ကြီးထွားလာပြီး ငါးဖမ်းသင်္ဘောများမှ ပိုက်ဆွဲပါကရရှိ ကြောင်း တွေ့ရှိနိုင်သည်။ သဘာဝအားဖြင့်သက်ကြီးပုစွန်ကျားများနှင့် သက်လတ်ပုစွန်ကျားများကို ရေချိုရေငံခပ်နေရာများနှင့် ပင်လယ်ပြင်တွင်အထူးရရှိကြောင်းတွေ့ရှိပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်