၄။ သားဖောက်ရုံ (လူမှဖန်တီးယူထားသောဥမှ သားဖောက်ခြင်း ဥဖောက်ကိရိယာများအပါအဝင်)
- (က) မွေးမြူသော တီလားပီးယားငါးမျိုးစိတ်အားလုံးသည် ပါးစပ်ထဲတွင် ဥငုံ၍သားပေါက်သောငါးမျိုးများဖြစ်ကြပြီး အသိုက်ကျင်းထဲ၌ သန္ဓေအောင်သောဥများကို ငါးမများက ချက်ချင်းကောက်ယူ၍ ဥမှအကောင်မပေါက်ခင်အချိန်နှင့် အကောင်ပေါက်ပြီး ရက်ပေါင်းများစွာကြာသည့်တိုင် ၎င်းတို့၏ ပါးစပ်ထဲတွင် ငုံထားတတ်ကြသည်။
- (ခ) ထို့ကြောင့် မိတ်လိုက်ဥချကန်သည် သားဖောက်ကန်လည်း ဖြစ်ပါသည်။
- (ဂ) တီလားပီးယားငါးမများသည် တစ်ကြိမ်မိတ်လိုက်ဥချပါက အနည်းငယ်သော ရာဂဏန်းဥအရေအတွက် ဥချကြပြီး ကန်တစ်ကန်အတွင်း၌ တစ်ကြိမ်လျှင်ငါးသားပေါက် အရေ အတွက် ရာထောင်ချီသောကောင်ရေကို ထုတ်လုပ်နိုင်ပါသည်။
- (ဃ) ငါးဖျန်းအရွယ်၌ အသားစားနှုန်းမြင့်မားလာသဖြင့် တီလားပီးယားငါးသန်အရွယ်နှင့် ငါးဖျန်းအရွယ်ငယ်များကို မကြာခဏဖယ်ရှားပေးရမည်ဖြစ်သည်။
- (င) သန္ဓေအောင်ဥများအား မျိုးငါးမများ၏ ပါးစပ်မှ ခါချယူပြီးနောက် သီးသန့်ပြုလုပ်ထားသော ဥဖောက်ကိရိယာဖြင့် အကောင်ဖောက်နိုင်ပါသည်။
- (စ) သီးသန့်ပြုလုပ်ထားသော ဥဖောက်စနစ်တွင် ဥဖောက်ဂျား၊ ရေပိုက်လိုင်းနှင့် သားပေါက်များစုဆောင်းသောဗန်းများ ပါရှိပါသည်။
၅။ ငါးသားပေါက်ပြုစုခြင်းနှင့် ငါးဖျန်းအရွယ်မွေးမြူခြင်း
- (က) တီလားပီးယားငါးသားပေါက်များ ပြုစုရန်နှင့် ငါးဖျန်းအရွယ်ငါးများမွေးမြူရန်အတွက် ကန်အရွယ်အားဖြင့် ၂၀၀၀-၄၀၀၀ စတုရန်းမီတာ(၀.၅-၀.၉၉ ဧက)အကျယ်၊ ကန်ရေအနက်အားဖြင့် ၁.၀-၁.၅ မီတာအနက်၊ ကန်အောက်ခြေညီညာပြန့်ပြူးပြီး နုန်းအနည်းငယ်(သင့်တော်သောနုန်းအနက်မှာ ၁၀ စင်တီမီတာ) အနေအထား ရှိရပါမည်။
၆။ အခြားသောအခြေအနေများ
- (က) တီလားပီးယားသားဖောက်ရုံတစ်ခု လုပ်ငန်းလည်ပတ်ရေး အောင်မြင်ရန်အတွက် အရေးကြီးဆုံးအချက်တစ်ခုမှာ ရေပမာဏအလုံအလောက်ရရှိမှုနှင့်အတူ ရေအရည်အသွေး ကောင်းမွန်ခြင်း ဖြစ်ပါသည်။
- (ခ) မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ(သို့မဟုတ်)မြေအောက်ရေများကို သားဖောက်ရုံများတွင် အသုံးပြုနိုင်ပါသည်။
- (ဂ) သားဖောက်ရုံစနစ်၏အပြင်ဘက်မှ မလိုအပ်သောငါးများနှင့် အခြားသတ္တဝါများ ဝင်ရောက်မှုကို တားဆီးနိုင်ရန်အတွက် ရေဝင်ပေါက်နေရာ၌ ပိုက်ကွက်စိတ်ဆန်ကာဖြင့် တပ်ဆင်ကာရံထားရပါမည်။
- (ဃ) တူညီစွာပင် မြေသားကန်(သို့မဟုတ်)အုတ်ကန်မှ ငါးများလွတ်ထွက်မှုကို ကာရံတားဆီးနိုင်ရန် ရေထုတ်ပိုက်အဝကိုလည်း ဆန်ကာဖြင့် တပ်ဆင်ကာရံထားရပါမည်။
- (င) အသုံးပြုသည့်ရေအား စစ်ယူရန် ဖြစ်နိုင်ပါက ရေစစ်ရေလှောင်ကန်တစ်ခု(သို့မဟုတ်) အမြင့်ပိုင်းရှိ မြေသားရေလှောင်ကန်ဖြင့် အသုံးပြုမည့်ရေအား သိုလှောင်ထားပြီး ငါးကန်များ (သို့မဟုတ်) အုတ်ကန်များသို့ မြေကြီးဆွဲအားဖြင့် အလိုအလျောက် ရေစီးနိုင်ခြင်းစနစ်တစ်ရပ် ထားရှိရန် လေးလေးနက်နက် အကြံပြုလိုပါသည်။
- (စ) ရေအပူချိန်သည် (၂၅-၃၂ ဒီဂရီဆဲလ်စီးရပ်စ်)နှင့် ရေ၏ချဉ်ဖန်နှုန်းမှာ (၆.၅-၉.၀)အတွင်း ရှိရပါမည်။
- (ဆ) ငါးများယာယီသိုလှောင်ထားရန်နှင့် ငါးသားပေါက်နှင့် ငါးဖျန်းအရွယ်များ သယ်ယူပို့ဆောင်ရာတွင်အသုံးပြုရန် ရေပုံး၊ ဇလုံ၊ ရေထည့်နိုင်မည့်ဖိုင်ဘာပုံး၊ သံပုံး အစရှိသည့် ကွန်တိန်နာပုံစံအမျိုးမျိုး၊ ပိုက်များ(ငါးဆွဲပိုက်များ၊ ဒိုင်းဝန်း စသည်တို့)၊ ငါးအရွယ်ခွဲပုံးနှင့် ဆန်ကာများ၊ ပလတ် စတစ် (သို့မဟုတ်) နိုင်လွန်အိတ်များ၊ အောက်ဆီဂျင်ဘူးများဖြင့် ပြင်ဆင်ထားရှိရပါမည်။
အပိုင်း-၁ ကို ဖတ်ရှုလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။
ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။
ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။
ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့
📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။
📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။
မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။
Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more
Facebook page သို့သွားရန်