သားထိန်းဝက်မအကြောင်း သိကောင်းစရာ

30/09/2020 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

     သတ္တဝါတိုင်းအတွက် ကိုယ်လက်အင်္ဂါလှုပ်ရှားမှုမှာ မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ လှုပ်ရှားမှုမရှိသော သတ္တဝါများသည် ချိနဲ့နုံချာသွားမှာ အသေအချာပါ။ ထို့ကြောင့် သားထိန်းဝက်မများမွေးထားပြီဆိုလျှင် ထိုကဲ့သို့မဖြစ်အောင် ထိန်းထားရပါမည်။

သားထိန်းဝက်မများ-

     ၁။ အညောင်းအညာပြေစေဖို့ မနက်()ကြိမ်၊ ညနေ()ကြိမ် ခြံထဲကလွှတ်ပြီး ကျောင်းပေးသင့်ပါသည်။

     ၂။ ဝက်တွေလူးဖို့အတွက် လူးကျင်းများလည်း ထားပေးသင့်ပါသည်။ သတိထားရမည်မှာ ဝက်လူးကျင်းများမှာ ပါရာဆိုက်များမရှိအောင် ဂရုစိုက်ရပါမည်။ ပါရာဆိုက်ဆိုသည်မှာ ကပ်ပါးကောင်များဖြစ်ပြီး အခြားသက်ရှိများကို မှီခိုကပ်တွယ်ပြီး အသက်ရှင်သော သတ္တဝါများဖြစ်ပါသည်။ ထို့ကြောင့် သားထိန်းဝက်မများမှာ ထိုကဲ့သို့ကပ်ပါးကောင်များ ကပ်တွယ်မလာစေရန် လူးကျင်းများကို သန့်ရှင်းအောင်ထားပေးဖို့ လိုပါသည်။

     ၃။ သားထိန်းဝက်မများအတွက် အစာကအရေးကြီးသဖြင့် သားပေါက်ပြီးစချိန်တွင် အားနည်းနေမှာပဲဆိုကာ အစာများများကျွေးရန် မသင့်ပါ။ သားပေါက်ပြီး (-)ရက်ထိ တဖြည်းဖြည်းနဲ့ နည်းနည်းစီတိုးပြီး ကျွေးရပါမည်။ လိုအပ်သောအစာပမာဏမှာ ဝက်မကြီးတစ်ကောင်အတွက် -(.၂၅)ပိဿာဖြစ်ပြီး ဝက်ကလေးတစ်ကောင်အတွက် - (၂၅)ကျပ်သားလောက် ပိုမို ထည့်ကျွေးသင့်ပါသည်။

သားထိန်းဝက်မများအတွက် အစာစပ်ရာတွင်

     - အဆီများသော အစာ၊ အဆီလွန်ကဲစေမည့် အစာများကို ရှောင်ပါ။

     - ဗီတာမင်ဓါတ်ပါသော ဟင်းသီးဟင်းရွက်စိမ်း၊ မြက်၊ ဝမ်းမချုပ်စေရန် ဖွဲနုကြမ်းနည်းနည်းထည့်ပြီး ရောစပ်ကျွေးပေးရပါမည်။

     ထိုအချက်များကို ဂရုတစိုက်လုပ်ပေးမည်ဆိုလျှင် သားထိန်းဝက်မများ ရောဂါကင်းဝေးပြီး ကျန်းမာကြမည်ဖြစ်သည်။

ဦးဇော်(dof)

Ref; ဆရာကောင်းထက်၏ သားထိန်းဝက်မအကြောင်း စာစုမှ ကောက်နုတ်ဖော်ပြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်