အရင်တစ်ခေါက်က တန်ဖိုးလျော့ခြင်းအကြောင်းအရာကို ပြောပြပြီးတဲ့ အခါမှာ အခုက တန်ဖိုးလျော့တယ် ဘယ်လိုလျော့တတ်သလဲ ဆိုတဲ့ အမျိုးအစားတွေအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းအသစ်တစ်ခုဟာဆိုရင် ကိုယ့်လက်ထဲမှာ အမြဲတမ်းတန်ဖိုးက ကျကျနေတတ်တာဖြစ်ပါတယ်။ တစ်ချို့အရာတွေကတော့ တန်ဖိုးတက်လာတာရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းတော်တော်များများက ဈေးကျသွားတာပါပဲ။
ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်သုံး ပစ္စည်းတွေကို စဉ်းစားကြည့်လိုက်ပါ။ မြေ - မြေကတော့ ကြာလေ တန်ဖိုးတက်လေဖြစ်တတ်တယ်၊ ထွန်ဖို့ ဝယ်ထားတဲ့ စက်ကြီး - တန်ဖိုးကျသွားတယ်။ ခု ပြောဖို့ သုံးနေတဲ့ ဖုန်း- ဝယ်တုန်းကဈေးတော့ ရမှာမဟုတ်ဘူး လျော့သွားမှာ။ ဆိုတော့ လောလောဆယ်တောင် တစ်ခုပဲ တွေ့တယ်။ အကုန်လုံးက တန်ဖိုးလျော့နေကြတယ်။ ဆိုတော့ တန်ဖိုးလျော့တာ ဘယ်နစ်မျိုးလောက်ရှိသလဲ ဆိုတာကို ဒီမှာ လေ့လာကြရအောင်
ကျတာတွေမလေ့လာခင်မှာ ရာခိုင်နှုန်းကို အရင်သိရမယ်ပေါ့နော်။ (၁၀) ရာခိုင်နှုန်း ဆိုရင် ကိုယ့်ငွေကို (၁၀)ပုံ ပုံရင် တစ်ပုံလို့ဆိုလိုပြီးတော့ (၂၀)ရာခိုင်နှုန်းဆိုတာ (၁၀)ပုံ ပုံရင် (၂)ပုံ။ အဲ့တော့ (၂၀၀၀) ရဲ့ (၁၀) ရာခိုင်နှုန်းဆိုရင် (၂၀၀၀)ကို (၁၀)ပုံ ပုံတော့ (၂၀၀) ပေါ့။ (၅) ရာခိုင်နှုန်းလို့ပြောတော့ (၁၀)ရာခိုင်နှုန်း ဖြစ်တဲ့ (၂၀၀) ကို တစ်ဝက်ဝက်လိုက်ပေါ့။ အဲ့တော့ (၁၀၀)ရတယ်။ ဆိုတော့ (၂၀၀၀) ရဲ့ (၁၅) ရာခိုင်နှုန်းဆိုရင် (၃၀၀) ပေါ့။ နားလည်လောက်ပြီထင်ပါတယ်။
(၁) အတည့် ကျတယ် (Straight-Line)
၅၀၀၀ နဲ့ ဝယ်ထားတယ်။ (၅) နှစ် သုံးလို့ သုံးလိုက်တယ်။ တစ်နှစ်ကို (၁၀၀၀) ကျတယ်။ အဲ့လိုဆို စစချင်းဝယ်တုန်းက (၅၀၀၀)၊ ပထမနှစ် ပြီးတော့ (၁၀၀၀) လျော့သွားတယ်။ (၄၀၀၀) ပဲဖြစ်သွားတယ်။ နောက် ဒုတိယနှစ် ကျ တန်ဖိုး(၃၀၀၀) ပဲ ကျန်တော့တယ်။ တစ်နှစ်ကို (၁၀၀၀) နှုန်းနဲ့ လျော့လျော့သွားတယ်။ ကျချင်သလို ကျတာမဟုတ်ပဲ တန်ဖိုး တစ်ခုနဲ့ တစ်ဖြည်းဖြည်းကျသွားတဲ့ ပုံစံပါ။ သူက (၅၀၀၀) ကို (၂၀)ရာခိုင်နှုန်းနဲ့ တွက်ပြီး တစ်နှစ်ကို အဲ့တန်ဖိုးနဲ့ ကျသွားတဲ့ပုံစံမျိုးပါ။
(၂) ပိုလျော့သွားတယ်(Declining Balance)
ဥပမာ တစ်ခုပြရင် ဝယ်ထားတဲ့ (၄၀၀၀) ကနေ ပထမနှစ်မှာ ဈေးက (၈၀၀)ကျသွားတယ်။ နှုန်းက (၂၀) ရာခိုင်နှုန်းနဲ့ပဲ၊ ဒါမဲ့ စုစုပေါင်းတန်ဖိုးကနေ ကျနေတာမျိုးမဟုတ်ပဲ ကျန်တဲ့အပေါ်မှာ ရာခိုင်နှုန်းတွက်ပေးတဲ့ပုံစံမျိုး၊ ခုဏက (၄၀၀၀) ကနေ သူ့ရဲ့ (၂၀)ရာခိုင်နှုန်း (၈၀၀) ကျသွားတဲ့အခါမှာ တန်ဖိုးက (၃၂၀၀) ပဲကျန်တော့တယ်။ အဲ့(၃၂၀၀)ရဲ့ (၂၀)ရာခိုင်နှုန်း (၆၄၀) က ဒုတိယနှစ်မှာ ထပ်ကျမယ်။ အဲ့တော့ တန်ဖိုးက (၂၅၆၀) ကျန်တယ်။ အဲ့ဒါကိုမှ ထပ်တွက်ပြီး ကျတာ။ ဒီလိုမျိုးပါ။
(၃) ၂ ဆ ကျမယ် (Double Declining)
သူကျတော့ ပထမဆုံး တစ်ခုကိုမှ ပစ္စည်းတန်ဖိုးရယ်၊ နောက်ပြီး သုံးလို့ရမဲ့ ကာလရယ်ကို အချိုးချပြီး ရာခိုင်နှုန်းတွက်တယ်။ ရလာတဲ ရာခိုင်နှုန်းကို (၂) ဆ တင်ပြီး နှုတ် နှုတ်သွားတယ်။ ကျ ကျသွားတယ်ပေါ့။
(၄) နှစ်ပေါင်းကျတယ်။ (Sum- of-the-Year)
အကျကြမ်းတဲ့ သူပါပဲ။ ၅ နှစ် ခံတယ်ဆိုရင် ၁+၂+၃+၄+၅ ဆိုပြီး ပေါင်းတော့ (၁၅) ရတယ်။ ပထမ အတွက် ၅/၁၅၊ ဒုတိယအတွက် ၄/၁၅၊ တတိယနှစ်အတွက် ၃/၁၅၊ နောက် ၂/၁၅၊ နောက်ဆုံးနှစ်မှာ ၁/၁၅ ဆိုပြီး တစ်ဖြည်းဖြည်းကျပေးတဲ့ အမျိုးအစားပါ။
အဲ့လို တွေသိထားတာကို ပြောင်းပြန်လှန်ကြည့်ရင် အသွင်း အသွင်းနဲ့ ယူနေကြတဲ့ ချေးငွေးတွေက အဲ့လို တွက်ချက်ပြီး ချေးပေးကြတာကိုလည်း သတိထားမိမှာပါ။ သူတို့က ပထမနည်းနဲ့ ဒုတိယနည်းကို အသုံးများကြတယ်။ သတိမူပြီး မြင်နိုင်ကြပါစေနော်။
ထွန်းဝင်းကျော်
Reference
https://www.investopedia.com/terms/d/depreciation.asp
https://www.profitbooks.net/what-is-depreciation/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)