တစ်ပတ်အတွင်း သတင်း၊ ဆောင်းပါးများထဲက ရင်ကိုထိရှစေသည့်အကြောင်းများ

20/11/2022 15:34 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

Green Way အနေဖြင့် ဗဟုသုတပေး၊ အသိပညာပေး၊ နည်းပညာပေး ဆောင်းပါး၊ သတင်းများကို နေ့စဉ် အခမဲ့ တင်ဆက်ပေးနေပါသည်။ အဲ့ဒီအထဲကမှ ပြီးခဲ့သည့်တစ်ပတ်အတွင်း တင်ဆက်ခဲ့သည် များထဲက စိတ်ဝင်စားစရာအချက်များ၊ ရင်ကိုထိစေသည့် အကြောင်းများကို ယခုတစ်ပတ်မှစ၍ အပတ်စဉ် ကောက်နုတ်ဖော်ပြပေးသွားရန် ရည်ရွယ်ထားပါသည်။

 

ပထမဆုံးတစ်ပုဒ်အနေဖြင့် စပါးစိုက်တောင်သူများအကြား ရိုက်ခတ်မှုကြီးမားခဲ့သည့် သတင်းနောက် ဆက်တွဲတစ်ခုကို ပြောချင်သည်။ 

 

အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီ သည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးအဖြစ် ၆၃၀၀၀၀ ကျပ် သတ်မှတ် ကြောင်း ဆိုပြီး နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တောင်သူများအကြား အတော်လေး လှုပ်ခတ်မှုဖြစ်သွားခဲ့သည်။ 

 

ယခုရည်ညွှန်းဈေးသည် လက်ရှိ ပြင်ပစပါးပေါက်ဈေးနှင့်ယှဉ်ပါက နှစ်ဆခန့်လျော့နေသည်။ အထွေထွေသွင်းအားစုကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင်လည်း သေချာပေါက်အရှုံးပြနိုင်သည်။ လာမည့် နွေစပါးစိုက်ရာသီအတွက် တစ်ဧကကုန်ကျစရိတ်မှာပင် ကျပ် ၇ သိန်းအထက်လောက် ရှိနိုင်သည်ဟု တောင်သူများက ထောက်ပြဝေဖန်ကြသည်။ ယခုသတ်မှတ်ဈေးကြောင့် ဈေးနှိမ်ဝယ်ယူမှုများ ရှိလာမည်ကို တောင်သူများက စိုးရိမ်ကြခြင်းဖြစ်သည်။

 

သို့သော် ယခုသတ်မှတ်ရည်ညွှန်းဈေးသည် လက်ရှိပြင်ပစပါးပေါက်စျေးအပေါ်တော့ သက်ရောက်မှုမရှိဘဲ စပါးစျေးက ကျမသွားသည့်အပြင် တက်ပင်လာသေးသည်ဟု AMIA က ပေးပို့လာသည့်သတင်း တွင်ဖော်ပြထားသည်။ စပါးပေါ်ချိန်ဖြစ်နေသော်လည်း ဝယ်လှောင်လိုသူများပြားမှုကြောင့် ဈေးက အကျမရှိခြင်းဖြစ်သည်ဟုလည်း သတင်းအချို့တွင် တွေ့ရသည်။ လက်ရှိငွေကြေးဈေး၊ ကုန်ကျ စရိတ်များကြောင့် ယခုသတ်မှတ်လိုက်သည့် ရည်ညွှန်းဈေးကို စိုးရိမ်မှု မရှိကြရန်နှင့်  ဈေးဆက်တက်ဖို့ အလားအလာပင် ရှိသည်ဟု ကုန်သည်ကြီးများက သုံးသပ်ကြသည်ဟုလည်း သတင်းတွင် ဆိုထားသည်။ 

 

ဆိုတော့ တောင်သူများအတွက်တော့ တော်ပါသေးရဲ့ဟု ခဏတာဟင်းချနိုင်မည့်သတင်းမျိုးဖြစ်သည်။ နိုင်ငံ၏အဓိကကျောရိုးများဖြစ်သည့် တောင်သူများဆက်လက် ဟင်းချနိုင်ပါစေဟု ဆုတောင်းပါသည်။ မူရင်းသတင်းကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3VdlB8k

 

နောက်ထပ် စိတ်ဝင်စားစရာဟုတော့ မဆိုချင်ပေမယ့် သတိထားသင့်သည့် သတင်းတွေကတော့ နိုင်ငံတကာ မိုးလေဝသအခြေအနေများကို စောင့်ကြည့်ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ခန့်မှန်းပေးနေသည့် မိုးလေဝသသတင်းများဖြစ်သည်။ သိကြသည့်အတိုင်း ပြီးခဲ့သည့်တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ် အော်ထဲက လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ကြုံခဲ့ရသည်။ စပါးအချို့ သိမ်းနေကြသေးချိန်ဖြစ်သလို ဆောင်းသီးနှံစိုက်ချိန်လည်း ဖြစ်နေသည့် အတွက် အပျက်အစီး၊ အထိအခိုက်အချို့ရှိခဲ့နိုင်ပါသည်။ 

 

အဆိုပါလေဖိအားနည်းရပ်ဝန်းမှာ အစွန်အဖျားသာ သက်ရောက်မှုရှိခဲ့ခြင်းဖြစ်၍ တော်သေးသည်။ သို့သော် ယခုလက်ရှိ တောင်တရုတ်ပင်လယ်တွင်ဖြစ်နေသော Invest 97W ကတော့ ပြဿနာရှိသည်။ သူက ထိုင်းပင်လယ်ကွေ့ကနေတဆင့် မြန်မာနိုင်ငံတောင်ဖျားပိုင်းကို ဖြတ်ဝင်ပြီး ကပ္ပလီပင်လယ်ထဲသို့ ရောက်မည်။ ဆိုတော့ သက်ရောက်မှုကပိုကြီးနိုင်သည်ဟု ဆရာဦးဝင်းနိုင်က ခန့်မှန်းထားသည်။ မိုးက လည်း ဒေသအနည်းငယ်ကလွဲ၍ အများအပြားတွင် ရွာနိုင်သည်။ လေပါပါလာနိုင်သည့် အနေအထား ရှိသည်ဟုလည်း ဦးဝင်းနိုင်က ခန့်မှန်းသည်။

 

ဆိုတော့ အချိန်အခါမဟုတ် မိုးဖြစ်၍ တောင်သူအများစုအတွက်တော့ မင်္ဂလာမိုးမဖြစ်နိုင်။  သတိထား ပြီး ဆက်တိုက်စောင့်ကြည့်သင့်၊ ပြင်ဆင်နိုင်သည်များကို ပြင်ဆင်ထားသင့်ပါကြောင်း တိုက်တွန်းလို ပါသည်။ Green Way အနေဖြင့်လည်း နောက်ဆက်တွဲအခြေအနေများကို ဆက်တိုက်ဖော်ပြပေးသွားပါမည်။

 

မူရင်းသတင်းကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3TSab8R

 

မိုးလေဝသနှင့် ဆက်စပ်ပြီး ကိုဝေယံဟိန်း (B.Ag) ဘာသာပြန်ထားသည့် နိုင်ငံတကာသတင်းတစ်ပုဒ်ကို ဆက်ညွှန်းရင်း နိဂုံးချုပ်ပါရစေ။ ခေါင်းစဉ်ကအပြောင်းလဲကြီး ပြောင်းလဲလာနေတဲ့ မုတ်သုံရာသီ’ တဲ့။ 

 

The New York Times ဆောင်းပါးလို့ဆိုလိုက်သည်နှင့် အနှစ်ပါသည့်ဆောင်းပါးမျိုးဖြစ်မည်ဆိုသည် ကို နိုင်ငံတကာသတင်း လေ့လာသူများ သဘောပေါက်ကြပါသည်။ ခေါင်းစဉ်ပါအတိုင်းပင်။ သတင်းကောင်းမျိုးတော့မဟုတ်။ ရာသီဥတုဖောက်ပြန်နေခြင်းအကြောင်း။ လူတိုင်းလက်မခံချင်သည့် အမှန်တရားတစ်ခု။

 

ဆောင်းပါးထဲက စာပိုဒ်လေးတစ်ပိုဒ်ကို ကောက်နုတ်တင်ပြပါရစေ။

  

‘ ယခုတော့ ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် တောင်အာရှဒေသတစ်ဝန်းမှာ မုတ်သုံ မမှန်တော့၊ စိတ်ချလို့မရတော့တဲ့အပြင် အန္တရာယ်ပါ ရှိလာပါတယ်။ ရွာချင်ရင် ဝရုန်းသုန်းကား ရွာချပြီး ခေါင်ချင်ရင်လည်း အကြာကြီး ခေါင်နေတတ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါး မှီတင်းနေထိုင်ရာ ဒီ‌ဒေသကြီးအတွက် ကြုံလာရတဲ့ ဆိုးကျိုးတွေဟာ အင်မတန်မှ ပြင်းထန်လှပါတယ်’

 

ကဲ ဘယ်လိုလုပ်ကြပါမလဲ။ ပြီးခဲ့သည့်မုတ်သုံကာလအတွင်း ကျွန်တော်တို့နိုင်ငံအနေဖြင့် ကြီးကြီး မားမား ရာသီဥတုဒဏ်ခံရခြင်းတော့ မရှိခဲ့ပါ။ တခြားဒဏ်တွေတော့ ခံနေကြရသည်ပေါ့။ သို့သော် ကျွန် တော်တို့အိမ်နီးချင်း အိန္ဒိယကတော့ မိုးခေါင်တာကော၊ ရေကြီးတာကော ခံလိုက်ရသည်။ ထိုင်းတွင် လည်း ရေကြီးဒဏ်ခံရသည်။ ပါကစ္စတန်ကတော့ ရေဘေးအတော်သင့်သည်။ လူပေါင်းများစွာ သေဆုံး ခဲ့ရသည်။ မြှုပ်စရာသင်္ချိုင်းတွေတောင် ရေမြုပ်ကုန်လို့ သေရေးပင်ခက်ခဲခဲ့ရသည့်အခြေအနေဖြစ်ခဲ့ရပါသည်တဲ့။

 

ဆိုတော့ ဘယ်လိုတွေဖောက်ပြန်လာသလဲ ဆိုတာ ဒီဆောင်းပါးကို ဖတ်ကြည့်နိုင်သည်။ အပိုင်း (၁) သာ ရှိပါသေးသည်။ နောက်ထပ်တွေမှာလည်း မုတ်သုံဟာ ဘယ်လိုအပြောင်းလဲကြီး ပြောင်းလဲနေသလဲ ဆိုတဲ့ စိတ်ဝင်စားစရာတွေကို ဆက်စောင့်ဖတ်ကြည့်ကြဖို့ ညွှန်းဆိုလိုပါသည်။ ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။

 

https://bit.ly/3Gw1SfG

 

ဒီတစ်ပတ်တော့ ပြောစရာ နည်းနည်းများသွား၍ စာရှည်သွားခြင်းကို သည်းခံကြပါကုန်။ နောက် တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ၊ လေ့လာသင့်စရာ သတင်းဆောင်းပါးကောင်းတွေကို ညွှန်းပေး သွားပါဦးမည်။ ကျေးဇူးတင်ပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်