ဦးဝင်းမျိုးသူ ပြောတဲ့ GMO အကြောင်း (FACEBOOK မှ ကူးယူဖော်ပြသည်)

Photo - GMO

Genetic engineering ကို စုံမှိတ် ယုံကြည်နေသူ တွေနဲ့ ခောတ်မှီ စိုက်ပျိုးရေး နည်းစနစ် တွေသုံးမှ တိုးတက်လာတဲ့ လူဦးရေကို ဝဝလင်လင် ကြွေးနိုင်မှာ လို့ကြွေးကျာ် နေသော နိုင်ငံရေး သမားများ သိကောင်းစေဘို့ ဒီနေ့လုပ်တဲ့ Oxford Real Farming Conference က ရေးတဲ့ သတင်းလေး မှျှှဝေ ပေးလိုက် ပါတယ်။ ၁၉ ရာစု မှာ ကျန်ခဲ့တဲ့ သိပ္ဗံ ပညာရှင် မနူး မနပ် များကို နိုင်ငံရေး သမားတွေက အသုံးချပြီး ကိုယ်လိုရာစေ တလမ်းသွား ဘုန်းကြီးရူး နဲ့လှေလူး စိုက်ပျိုးရေးမူဝါဒ ကို သတိပေး နေသလိုပါဘဲ။

မြစိမ်းရောင် တော်လှန်ရေးမှ သည် ခောတ်သစ် အဖြူရောင် တော်လှန်ရေး ဆိုပြီး စိုက်ပျီုးရေး တစ်ခောတ်ဆန်း ရမယ် ဆိုတဲ့ စာမကြေသော academic တွေနဲ့ so-called genetic scientist တွေကို ၁၉ ရာစုမှာ ကျန်ခဲ့ပြီလို့ ဒီနေ့နဲ့ မနက်ဖြန်မှာ စုဝေး တိုင်ပင် နေကြတဲ့ Oxford Conference ရောက် ပညာရှင်များက အတိ အလင်း ဆိုလိုက်ပါပြီ။ နောက်ဆုံးပေါ် မျိုးရုီးဗီဇ ပညာ တွေ့ရှိချက်တွေ အရ အရင်က မျိုးရုီးဗီဇ ပညာရှင်တွေ တွက်ထားသလို ကောင်းတဲ့ မျိုးဗီဇကို ယူ မကောင်းတဲ့ ဗီဇကို ဖယ်ထုတ်ပြီး ဥုံဖွ ဟချလောင်း ဆိုပြီး လိုတိုင်းရ မျိုးအသစ်တွေ ဖန်တီးလို့ မရနိုင် ပါဘူး၊ အကြောင်းကတော့ မျိုးရိုးဗီဇ ဟာ non-linear သဘော ဖြစ်နေ လို့ပါ၊ အရင်က တွက်ထားသလို linear ဟုတ်မနေပါဘူး၊ အားလုံး နားလည်အောင် ပြောရရင်တော့ ပုံသေ ကားချပ် လှေနံဓါးထစ် ညီမျှခြင်း ထုတ်ပြီး အဖြေ ထုတ်လို့ မရပါဘူး၊ ပညာရှင် မှန်ရင် ရိုးသား ဘို့လိုပါတယ်၊ ကိုယ့်ပညာရပ်ရဲ့ အားနဲချက်ကို သိထားဘို့ လိုပါတယ်။ ယူထားတဲ့ ပါရဂူဘွဲ့တွေကို လေးစားပါတယ်၊ ဒါပေမဲ့ ကိုယ်ပညာ မှ ကိုယ်အကြွမ်းမဲ့ အဖြေထုတ်ဘို့ ကြိုးစားရင်တော့ ရုီးသားဘို့ လို နေပြီလို့ထောက်ပြပါရစေ။ လူသားတွေ ဘယ်လောက် တော်တော် သဘာဝကို ၁၀၀% နားလည်ဘို့ မဖြစ်နိုင်ဘူးဆိုတာ လဲ Oxford ကထောက်ပြထား ပါသေးတယ်။

မျိုးရုီးဗီဇ ပြုပြင်ထားတဲ့ သီးနှံမျိုးတွေဟာ ပြောသလောက် မဟုတ်ဘူး ဆိုတာ non-linear သဘော သဘာဝ ကြောင့်ပါ။ အကောင်းဆုံး သက်သေကတော့ အိန္ဒိယက တရားမဝင် နည်းလမ်းနဲ့ သွင်းလာတဲ့ ငွေခြည်၆ ဆိုတဲ့ ပွင့်ဖြူ နယ် တစ်ကြောမှာ စိုက်ပျိုးနေတဲ့ ချည်မျှင်ရှည်ဝါ မျိုးပါဘဲ။ ပိုးဒဏ်ခံနိုင် တယ်ဆိုပြီး လေလုံးထုတ်ပေမဲ့ အလုံးစုံတော့ ကြော်ငြာ သလောက်တော့ မဟုတ်ပါဘူး (အသေးစိတ်ကို နောက်မှ ပြည့်ပြည့်စုံစုံ ရေးပါဦးမယ်) တရားမဝင်လို့ ပြောရတဲ့ အကြောင်းကတော့ စိုက်ပျိုးရေး ဌာနဟာ ကမ္ဘာဇီဝလုံခြုံရေး Bio-safety သဘောတူလိုက်နာချက် Cartagena Protocol ကို အကောင် အထည် ဖော်ဘို့ အမျိုးသား စီမံချက် ရေးဆွဲ တာဝန်ယူ ထားရတဲ့ အဖွဲ့အစည်းပါ။ အဲ့ဒီတော့ အိန္ဒိယက မှာယူ စိုက်ပျိုးတဲ့ မျိုးစေဟာ နိုင်ငံတကာ လုပ်ထုံးနဲ့ ညီမညီ ဆန်းစစ် လိုက်ရင် ရှင်း ပါလိမ့်မယ်။ မျိုးရိုးဗီဇ ပြုပြင်ထား တဲ့ မျိုးစေ့တွေဟာ (GMO လို့ အတိုကောက် ခေါ်ပါတယ်) မျိုးညစ်ညမ်းခြင်း Gene pollution ပြသနာရှိသလို Super Weed လို့ ခေါ်တဲ့ ထိန်းချုပ် လို့ မရတဲ့ ပေါင်းပင် ပြသနာတွေ နောက်ဆက်တွဲ ဖန်တီးပြီး ကျမ္မာရေး ဆိုးကျိုးလဲ ရှိပါတယ်။ US မှာ FDA က ဒါကို ကြပ်ကြပ်မတ်မတ် စစ်ဆေးပေးမဲ့ အနဲဆုံး ဆယ်စုနှစ် တစ်နှစ်စာ လောက် ကြပ်မတ် စောင့်ကြည့်ပြီးမှ စားသုံးရန်သင့်မသင့် လက်မှတ် ထုတ်ပေးလို့ ရပါတယ် ( ဥပမာ။ GMO ခရမ်းချဉ်၊ ပဲပိစပ် နှင့် ဓာတ်မတည့် ယားနာ ရောဂါ) စီးပွားရေး အရ ဆိုရင်လဲ တောင်သူတွေဟာ GMO ကို စိုက်မိပြီ ဆိုရင် မျိုးစေ့ကျွန် ဖြစ်တော့တာ ပါဘဲ။ ဒေသမျိုးထိန်းတဲ့ မိရိုးဖလာ အလေ့အထ လဲပျက်၊ ကိုယ်တိုင်လဲ မျိုးထုတ် မရ၊ ကျန်တဲ့ မျိုးစိုက်မရတော့ မျိုးစေ့ ရောင်းတဲ့ ကုမ္ဗဏီကို ကြွေးတင် ခံရတော့ပါဘဲ။

ကိုယ်တွေ့ကြုံဘူး တာတော့ ရှမ်းမြောက်မှာ ဆင်းရွှေလီမျိုးဘိုး မတတ်နိုင်တော့ တောင်သူတွေ ဖြစ်သလိုနဲ့ ဒုတိယမျိုးဆက် ဆင်းရွှေလီတွေစိုက်၊ ရမလိုလိုနဲ့ ပေါင်းနှိမ်လို့ မနိုင်တဲ့ ပြသနာနဲ့ ဆုံးရှုံးကုန် တာပါဘဲ။ တောင်သူတွွေ ကိုယ်နှာခေါင်း ပေါက်က ကိုယ်အသက် မရှုနိုင်လို့ သူများ ဝိုင်းရှုပေး မှ ချမ်းသာခွင့် ရတော့တဲ့ ဘဝမျိုးပါ။ ကိုယ်မျိုးနဲ့ ကိုယ်သခင် ဘဝကနေ သူများမျိုးနဲ့ ကျွန်ဖြစ်ရပြီပေါ့။ GMO ပြသနာဟာ မီဒီယာရဲ့ အာရုံစိုက်မှု မရတော့ ဒီအဖြစ်တွေ လူမသိ ကြပါဘူး၊ မြန်မာပြည်မှာလဲ GMO ပြသနာကိုလျော့မတွက်ဘို့ သတိပေး ချင်ပါတယ်။ Fame က Dr.Khin Maung Lwin ကတော့ ကျမ္မာရေး ရှုဒေါင့် က ပြင်းပြင်း ထန်ထန် ကို ဆန့်ကျင်သူပါ။ TV ထဲမှာသူရဲ့ သတိပေးချက်တွေ သတိပြုမိပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာပြည်သူတွေနဲ့ အတော်စိမ်း နေသေးတော့ လူထု ဘယ်လောက် သိနေသလို ကို သိချင်မိတယ်။ ကျွန်တော်ကတော့ GMO နဲ့ ပတ်သက်ရင်ကိုခင်မောင်လွင် လောက် မပြင်းထန်ပါဘူး။ ဆီးချိုကုဆေး Insulin ဟာ GMO ပဲပိစပ် က ထုတ်တာပါ၊ ပတ်ဝန်းကျင် မပျက်စီးအောင် ဇီဝလုံခြုံရေး စံနှုန်း စံထားတွေ လိုက်နာပြီး ထုတ်တဲ့အတွက် လူတွေအတွက် အကျိုးရှိပါတယ်။ ဒီ Genetic Engineering ပညာရပ် ကိုလည်း အားပေးချင်ပါတယ်။ မြန်မာလူငယ်တွေ ဒီပညာရပ်ကို လေ့လာ သင်ယူ စေချင်ပါတယ်။ ဒါပေမဲ့ ပြသနာက ပါရဂူ ယူပြီး ပြန်လာတဲ့ သူတွေဟာ နောက်ဆုံးပေါ် တွေ့ရှိချက် တွေကို လိုက်မမှီနိုင်တော့ မြင်းတွေ တတ်တဲ့ မျက်မှန်စိမ်း တတ်ပြီး တရားသေသဘောနဲ့ ကိုယ်ပညာရပ် ဇောင်းတင်ပြောတော့ နိုင်ငံရေးသမားတွေ ကောက်စားတာ ခံရတော့ပါဘဲ။

Oxford ကထောက်ပြ ထားသလို ကမ္ဘာကြီးဟာ လက်ရှိ လုူဦးရေရဲ့ နှစ်ဆ ၁၄ ဘီလျံ အတွက် စားနပ်ရိက္ခာ ထုတ်ပေး ပြီးသားပါ။ စီမံခန့်ခွဲမှု အလွဲတွေနဲ့ ကိုယ်ကျိုး စီးပွားရှာ လိုသူ တွေကြောင့် လက်ရှိ လူဦးရေ တစ်ဘီလျံဟာ စားနပ်ရိက္ခါ မဝမလင် ဖြစ်နေရတာပါ။ မကြာသေးခင်က ထုတ်တဲ့ Agromonpoly အစီရင်ခံစာ အကြောင်း ကြုံရင် ရေးပါဦးမယ်။ တကမ္ဘာလုံးရဲ့ စားနပ်ရိက္ခါ ထုတ်လုပ်မှုဟာ လက်တဆုတ်စာ ကုမ္ဗဏီတွေက လက်ဝါးကြီး ချယ်လှယ်နေကြတဲ့ သုတေသ န တွေ့ ရှိ ချက် အကြောင်းပါ။ တော်တော်ကို စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာပြည်မှာ CP ပြောင်း တွေ ခောတ်စား လာတော့ ရှမ်းပြည်နယ် က ဒေသ ပြောင်းတွေ ကြမ္မာ ငင် ရတဲ့ အဖြစ်ပါ။ ကြုံတုံး ပြောရရင် မွေးမြူရေး ကြက်တွေရဲ့ ဟော်မုန်း ပြသနာကြောင့် ဒီနေ့ အဖြစ် များနေတဲ့ ဆီးချို ရောဂါတို့၊ လိင်ပုန်း အခြောက်တွေ ပေါများ လာ တာ တို့ဟာ ဆက်စပ်မှု ရှိနေတယ် ဆိုတဲ့ ပညာရပ်ပိုင်း ဆိုင် ဆွေးနွေး ဆန်းစစ်ချက် တွေပါဘဲ။ ကျွန်တော်တို့ စိမ်းလန်း အမိမြေ အသင်းဟာ ၂၀၁၁ မှာ မြစ်ဆုံ ဆန့်ကျင်ပွဲ၊ ၂၀၁၂ မှာ မြေ ဆိုတဲ့ ကဗျာနဲ့ မြေယာ ဥပဒေ လေ့လာ ဆန်းစစ်ချက် လူထု လှုပ်ရှားမှု မိတ်ဆက်၊ ၂၀၁၃ မှာ သန့်ရှင်းသောလေ ဆို တဲ့ ခေါင်း စဉ် နဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ ရဲ့ ပြသနာ သမ္မတ သို့ပန်ကြားလွှာ အစရှိတဲ့ Environmental Campaign တွေ ဦးဆောင်ခဲ့ပါတယ်။

ဒီနှစ် ၂၀၁၄ မှာ Oxford Conference ရဲ့ တွန်းအား နဲ့ဘဲ GMO ကို Campaign ခေါင်းစဉ် ရွေးလိုက် ပါတယ်။ GMO အကြောင်း ပညာရပ်ပိုင်း ဆိုင်ရာ ပညာပေး စာစောင် နဲ့ မြန်မာပြည်တွင်း သုတေသန တွေရှိချက် တွေကို ဆက်လက် ထုတ်ပြန်ပြီး လက်တွဲဖော် အရပ်ဖက် လူ့အဖွဲ့အစည်း ၁၀၀ ကျော်နဲ့ လူထု လှုပ်ရှားမှုတွေ ဆက်လုပ် သွားပါမယ်။ ၂၀၁၅ ကျရင်တော့ မြစ်ဆုံ တစ်ကျော့ ပြန်လုပ်ပါမယ်။ အချက်အလက် အသစ် တွေနဲ့ မပြီးဆုံးသေး တဲ့ တိုက်ပွဲဆက်ဖို့ပါ။ ဒါကြောင့်မို့ ၂၀၁၄နှစ်သစ် Campaign ခေါင်းစဉ် သစ် နဲ့ ပူးပေါင်း ပါဝင် အားပေး ကြပါလို့ ဗျို့ဟစ်ပါရစေ။ (ဒီစာဖတ်ပြီး ကျွန်တော့် ညီငယ် Genetic ပါရဂူတွေ စိတ်ဆိုးနေမှာ ကြိုမြင်ယောင်မိ နေပါတယ်၊ လွန်တာ ရှိရင်တော့ ဝန်တာမိပေါ့ ကိုယ်ညီငယ်တွေ၊ ကိုယ်ရည်ရွယ် တာက မောင်ရင်တို့ မဟုတ်ပါဘူး၊ အဘိုးကြီး တွေနဲ့ နိုင်ငံရေး လုပ်စား တွေကိုပါ၊ နောက်ပြီးတော့လဲ ဒီတစ်ခါ လာမဲ့ ပတ်ဝန်းကျင် ရေးရာ ပြသနာက တရုပ် လာမှာ မဟုတ်ပါဘူး၊ အင်မတန်မှ ပါးနပ်တဲ့ အနောက်နိုင်ငံ နဲ့ အမေရိကား ကပါဘဲ။ ဦးသိန်းစိန် ဂျပန်ရောက်တော့ Clean Coal ဆိုပြီး ပါးပါးလေး ဂျပန်ကုမ္ဗဏီ တွေက ပုတ်လိုက်ပါတယ်။ တစ်ခါထဲ ဂျပန် နည်းပညာ ဘဲဆိုပြီး အားလုံး ကောင်းပါတယ် ဖြစ်တော့ပါဘဲ။ ခုလဲ made in USA, made in Germany ဆိုတဲ့ ပြသနာကို ကြိုမြင်ယောင်မိ နေပါတယ်။

ကိုယ်ယောင်ဖြောက် Monsanto ကုမ္ဗဏီတွေ မြန်မာပြည် ရောက်နှင့် နေပြီ ပြောပါတယ်။ မကြာမှီ ကိုယ် ထင် ပြပါ တော့ မယ် ချောင်းနေတာလဲ ကြာပြီမို့ပါ၊ ဘယ်Package နဲ့ ပါမလဲ စောင့်ကြည့်ဘို့ပါ။ World Bank နဲ့လား USAID နဲ့ ဘဲလား တစ်ခုခုတော့ တစ်ခုခုဘဲ။

မြန်မာပြည်မှာ CSR အရှိဆုံးလို့ အတင်စားခံရတဲ့ ကုမ္ဗဏီကြီးမှာ လုပ်နေတဲ့ ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။ ဖက်စပ် လုပ်ထားတဲ့ နာမည်ကြီး ဂျာမဏီနိုင်ငံက ကုမ္ဗဏီကြီးက အနောက်နိုင်ငံသား တာဝန်ရှိသူက ရက်လွန် ပိုးသတ်ဆေး တွေစျေးကွက်ထဲ ဖြန့်ဘို့လုပ်တာ မသိသလို တာဝန်မရှိ နေသလို လုပ်နေ ပါတယ် တဲ့၊ မြန်မာ ကုမ္ဗဏီ ဝန်ထမ်း တွေကလဲ သူများ ပိုးသတ်ဆေး ကုမ္ဗဏီ တွေလဲ လုပ်နေတာဘဲ ဆိုပြီး ဆင်ခြေ ပေးတယ် ဆိုဘဲ။ သေဘို့ သာ ပြင်ပေတော့ ဂျာမဏီ တုတ်နဲ့ ရိုက်တော့ မယ်။ အဓီကပြောချင်တာက တစ် ဘယ်သူ့မှ စိတ်မချ ရဘူး၊ လစ်ရင်တော့ လုပ်မှာဘဲ ၊ “အ” ရင်တော့ ခံလိုက်တော့၊ နှစ် များသော အားဖြင့်နိုင်ငံရေး သမားတွေဟာ သူတို့ မူဝါဒ အလွဲ၊ စီမံခန့်ခွဲမှု အမှား တွေကို ဝန်ခံမဲ့ အစား အသစ်အဆန်း နည်းပညာ အလှဲ့အပြောင်း တွေနဲ့ လူထုကို မျက်လှဲ့ပြတတ်ပါတယ်၊ မြန်မာ များ မ ”အ”ဘို့ လိုပါတယ်၊ သမိုင်းသင် ဘို့ လိုသလို ပတ်ဝန်းကျင် ရေးရာအမြင်ရှိဘို့လဲ လိုပါတယ်)

ဝင်းမျိုးသူ



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

ကျူး၊ လာ၊ မိုးသက် ပျိုးကြဲရက်