ဘဝဆိုတာ လွယ်ကူပါတယ်။ ဘာကြောင့် ခက်ခဲအောင်လုပ်နေကြမှာလဲ။

Photo - life

ကျွန်တော်ဘဝမှာ လူတိုင်းကိုပြောချင်တဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ဘဝဆိုတာ ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပါပဲ။ အရမ်းလွယ်ကူပါတယ်။ ပြီးတော့ ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ကတော့ ကျွန်တော် ဒါကို မတွေးခဲ့ဖူးပါဘူး။ ကျွန်တော် ဘန်ကောက်မှာ ရှိစဉ်တုန်းက ဘဝဆိုတာ အရမ်းခက်ခဲပြီး အရမ်းကိုပဲ ရှုပ်ထွေးလွန်းပါတယ်။ ကျွန်တော့်ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆင်းရဲတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် ကလေးဘဝတုန်းက အရာရာတိုင်းဟာ ရိုးှရှင်းလွယ်ကူပြီး စိတ်ကျေနပ်စရာအပြည့်ပါ။ ရွာကို တီဗီတွေ ရောက်လာတဲ့အခါမှာတော့ ရွာကလူတွေက ကျွန်တော်ကို ပြောကြတယ်။ မင်းက ဆင်းရဲတယ်။ မင်းက ဘဝမှာ အောင်မြင်မှုနောက်ကို လိုက်ကိုလိုက်ရလိမ့်မယ်။ မင်းဘဝမှာ အောင်မြင်မှုတွေရအောင် ဘန်ကောက်ကို သွားဖို့လိုတယ်။ ဒီတော့ကျွန်တော်လည်း ဝမ်းနည်းလာတယ်။ ကျွန်တော်က ဆင်းရဲတယ်။ ဟုတ်တယ် ကျွန်တော် ဘန်ကောက်ဆိုတဲ့ မြို့ကြီးကို တက်ဖို့လိုတယ်။

ကျွန်တော် ဘန်ကောက်ကိုရောက်တော့ ဘန်ကောက်က ပျော်ဖို့မကောင်းဘူးဗျ။ အများကြီးသင်ယူဖို့လိုအပ်လာတယ်။ ကြိုးကြိုးစားစားလုပ်ဖို့လိုလာတယ်။ ဒါမှ အောင်မြင်မှုရရှိမယ်။ ကျွန်တော် အလုပ်ကို အရမ်းကြိုးစားပြီးတော့ လုပ်တယ်။ တစ်နေ့ကို အနည်းဆုံး (၈)နာရီလုပ်တယ်။ ဒါပေမယ့် ကျွန်တော့် ထမင်းနပ်တွေအတွက် စားနိုင်တာက ခေါက်ဆွဲပြုတ်တစ်ပွဲပဲရှိတယ်။ အချို့အချိန်တွေမှသာ ဆန်ညို ကိုစားနိုင်တယ်။ အဲဒီမှာ အရမ်းဆိုးတယ်ဗျာ။ အခန်းကျဉ်းလေးထဲမှာ လူတွေအများကြီးအိပ်ရတယ်။ အရမ်းလည်းပူတယ်ဗျာ။ ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်းတွေ ပြန်ထုတ်ဖြစ်တယ်။ ကျွန်တော် အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်သလောက် ကျွန်တော့်ဘဝက ဘာကြောင့်ခက်ခဲနေရတာလဲ။ ဒါတစ်ခုခု မှားယွင်းနေတာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အများကြီးအား စိုက်ထုတ်ပေမယ့် ကျွန်တော့်အတွက် လုံလုံလောက်လောက် မရရှိဘူး။ ကျွန်တော်ကြိုးစားပြီး လေ့လာတယ်။ ကြိုးစားပြီးသင်ယူတယ်။ ကျွန်တော် တက္ကသိုလ်ကြီးမှာ ကြိုးစားပြီး သင်ယူတယ်။ တက္ကသိုလ်မှာ သင်ယူရတာ အရမ်းပဲ ခက်ခဲလွန်းတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါကြီးက အရမ်းပျင်းရိဖို့ကောင်းတယ်ဗျ။ ပထမဆုံးကျွန်တော် တက္ကသိုလ်မှာ သင်ယူဖို့ ဘာသာရပ်တွေကို လိုက်ကြည့်တယ်။ တက္ကသိုလ်ရဲ့ဌာနအများစုမှာ သင်ယူစရာ အသိပညာတွေ နည်းပါးနေတယ်ဗျာ။ အဲဒီမှာ ကျွန်တော်အတွက် ကျွန်တော် သင်ယူချင်တာတွေရှိမနေဘူးဗျ။

ဆိုပါတော့ ခင်ဗျားက ဗိသုကာပညာ၊ အင်ဂျင်နီယာ ပညာကို လေ့လာမယ်ဆိုပါတော့ အဲဒါက ခင်ဗျားအများကြီး ဖျက်စီးရလိမ့်မယ် ဆိုတာကို ရည်ညွှန်းတာပဲ။ လူများများလုပ်လေ တောင်တွေများများ ဖျက်စီးခံရလေပါပဲ။ ပြီးတော့ကျာက်ဖုရားမြစ်နားက ကောင်းမွန်လှတဲ့ မြေကြီးတွေကို ကွန်ကရစ်တွေနဲ့ ပိုပြီး ဖုံးအုပ်လေလေပါပဲ။ ဒီတော့ ကျွန်တော်တို့တွေက ပိုပြီး ဖျက်ဆီးရာကို ရောက်လေလေပါပဲ။ ခင်ဗျားက စိုက်ပျိုးရေး ဘာသာရပ်ကို သင်ယူမယ်ဆိုပါဆို့ အဲဒါဆို ခင်ဗျားက မြေကြီးတွေ၊ ရေထုတွေကို ဘယ်လိုအဆိပ်ခပ်ရမယ် ဆိုတာကို သင်ယူနေရသလိုပါပဲ။ အရာအားလုံးကို ဖျက်ဆီးဖို့ပါပဲ။ အဲဒီတော့ ကျွန်တော် ခံစားမိတာက အရာရာတိုင်းက ရှုပ်ထွေးပြီး အရမ်းပဲ ခက်ခဲလှပါတယ်။ အရာရာတိုင်းကို ကျွန်တော်တို့ကိုယ်တိုင်က ခက်ခဲအောင်လုပ်နေတာ အရာရာတိုင်းကို ကျွန်တော်တို့ ကိုယ်တိုင်က ခက်ခဲအောင်လုပ်နေတာပါ။ ဘဝက အရမ်းခက်ခဲလာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောမကျ တော့ပါဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ်ပြန်တွေးမိပါတယ်။ ကျွန်တော်က ဘာကြောင့် ဘန်ကောက်မှာ ရှိနေရမှာလဲ။ ကျွန်တော်ကလေးဘဝကို ပြန်တွေးလိုက်ပါတယ်။ အဲဒီမှာ ဘယ်သူမှ တစ်ရက်ကို (၈) နာရီအလုပ်မလုပ်ပါဘူး။ တစ်နေ့ကို (၂)နာရီပဲ လုပ်ပါတယ်။ ဒါတောင်မှ တစ်နှစ်မှာ အလုပ်လုပ်တဲ့လက နှစ်လပဲရှိပါတယ်။ တစ်လက စပါးစိုက်တဲ့လနဲ့ နောက်တစ်လက စပါးရိတ်သိမ်းတဲ့လပါ။ ကျန်တဲ့လတွေက အလုပ်လုပ်စရာ မလိုတဲ့လတွေပါ။ ပြောရရင် (၁၀) လ နားလို့ရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပွဲတော်များစွာရှိပါတယ်။ လတိုင်းမှာ ပွဲတော်တွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်ပိုများစွာရှိပါတယ်။ နေ့ခင်းပိုင်းတွေမှာဆို နားနေရုံပါပဲ။ ခင်ဗျားတို့ လာအိုကိုသွားရင်လည်း နေ့ခင်းပိုင်းတွေမှာလူတွေ တရေးတမောအိပ်ပြီးနားနေတာတွေ့နိုင်ပါတယ်။

မနက်ခင်းအိပ်ရာနိုးတာနဲ့ ကိုယ့်ရဲ့ ချစ်စရာအိမ်ဂေဟာလေး အကြောင်း၊ ကိုယ်ချစ်ရတဲ့ သားသမီးတွေ အကြောင်း၊ ချစ်ဇနီးလေးအကြောင်း ဒါမှမဟုတ် ချွေးမလေးတွေ အကြောင်း စဉ်းစားနေရုံပါပဲ။ ဒါက လူတွေ အချိန်ပိုတွေရှိနေတာပဲ ဆိုတာကိုပြနေတာပါ။ လူတွေမှာ ကိုယ်ပိုင်အချိန်တွေ ရှိနေပါတယ်။ ကိုယ်ပိုင်အချိန်တွေ ရှိနေရင် ကိုယ့်ကိုကိုယ်ပြန်စဉ်းစားပြီး နားလည်လာလေပါပဲ။ ကိုယ့်ကိုကိုယ် နားလည်လာတဲ့အခါမှာ ဘဝမှာ ဘာကိုအလိုရှိတာလဲဆိုတာကို နားလည်လာပါတယ်။ သူတို့ကိုယ့်ကိုကိုယ် မြင်လာတဲ့အခါမှာတော့ သူတို့ဟာ ပျော်ရွှင်မှုဆိုတာကို မြင်လာ၊ လိုချင်လာကြပါတယ်။ သူတို့ဟာ ချစ်ခြင်းမေတ္တာတရားတွေ လိုချင်လာကြတယ်။ ဘဝမှာ စိတ်ကျေနပ်မှုတွေကို အလိုရှိလာကြတယ်။ ဒီတော့ လူတွေဟာ သူတို့ဘဝမှာ အလှတရားတွေကို မြင်ကြပါတယ်။ လူတွေက သူတို့ရဲ့ အလှတရားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်ကြပါတယ်။ အချို့လူတွေက လက်ပတ်ကျိုးလှလှလေးတွေကို ပြုလုပ်ပုံဖော်ကြပါတယ်။ အချို့လူတွေက ဆွဲခြင်းလှလှလေးတွေကို ယက်လုပ်ကြပါတယ်။ အခုတော့ ဘယ်သူမှ မလုပ်ကြတော့ပါဘူး။ ဘယ်သူမှလည်း မလုပ်နိုင်ကြတော့ပါဘူး။ လူတိုင်းလူတိုင်းက ပလပ်စတစ်ကို နေရာတိုင်းမှာသုံးကြပါတယ်။ အဲဒီတော့ ကျွန်တော်ခံစားမိတာက အဲဒါက တစ်နေရာရာမှာ လွှဲချော်မှုတွေရှိနေပါတယ်။ ကျွန်တော် အဲဒီလိုပုံစံ ဘယ်လိုမှ နေလို့မတတ်တာ သေချာတယ်။ ကျွန်တော် စိတ်ကိုခိုင်ခိုင်မာမာနဲ့ ဆုံးဖြတ်ချက်ချလိုက်တာ။ အဲဒါက တက္ကသိုလ်က ထွက်လိုက်ပြီး အိမ်ပြန်ဖို့ပါပဲ။

အိမ်ပြန်ရောက်တာနဲ့ ကျွန်တော် မေ့လို့မရတဲ့ ငယ်ငယ်ကလေးတုန်းက ကျေးလက်နေထိုင်မှုအတိုင်း နေထိုင်လိုက်ပါတယ်။ ကျွန်တော် တစ်နှစ်မှ (၂) လပဲ အလုပ်လုပ်ပါတယ်။ ကျွန်တော် စပါးစိုက်ပျိုးပါတယ်။ ထွက်တဲ့စပါးထဲက တစ်ဝက်သာ ကျွန်တော့်မိသားစု (၆) ယောက်စားလို့ကုန်ပါတယ်။ ဒီတော့ ပိုတာတွေ ရောင်းချလိုက်ရုံပါပဲ။ ကျွန်တော် ငါးကန် (၂) ကန်တူးလိုက်ပါတယ်။ ကျွန်တော်တို့ နှစ်ပတ်လည် ငါးအလုံအလောက်စားလို့ရပါတယ်။ ပြီးတော့ ကျွန်တော် ဥယျာဉ်ခြံလေး စတင်လိုက်ပါတယ်။ အဲဒီခြံလေးက ဧကဝက်အောက်မှာပဲရှိပါတယ်။ ကျွန်တော် ဥယျာဉ်လေးကို ဂရုစိုက်ဖို့ တစ်ရက်မှ ၁၅ မိနစ်ပဲ အချိန်ပေးရပါတယ်။ ကျွန်တော်မှာ ဟင်းသီးဟင်းရွက် မျိုးပေါင်း ၃၀ ကျော် ခြံထဲမှာ စိုက်ပျိုးထားပါတယ်။ လူခြောက်ယောက်က အဲဒါတွေကို ကုန်အောင်မစားနိုင်ပါဘူး။ ပိုလျှံတာတွေကို စျေးထဲမှာ ပြန်ရောင်းချရုံလိုက်ပြီး အပိုဝင်ငွေပါ ရပါတယ်။ ဒီတော့ ကျွန်တော်ခံစားမိတာက အဲဒါက အရမ်းလွယ်ပါတယ်။ ဒါတောင်မှ ကျွန်တော်က ဘာကြောင့် ဘန်ကောက်မှာ (၇) နှစ်လုံးလုံး ဒုက္ခခံပြီး အငတ်ခံပြီး ကြိုးစားပမ်းစားအလုပ်လုပ်နေရတာလဲ။ ဒါပေမယ့် ဒီမှာတော့ ဒီနှစ်မှာ စပါးအတွက် (၂)နဲ့ တစ်ရက်မှ ၁၅ မိနစ်ပဲလုပ်ပြီး မိသားစု (၆)ယောက်ကို ကျွေးထားနိုင်ပါတယ်။ ဒါအရမ်းကိုပဲ လွယ်ကူပါတယ်။

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)