ငါးရွှေ (ခေါ်) သင်ပေါင်းထိုးငါး

04/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

     ငါးရွှေငါးမှာ ရွှေရောင်အဆင်းရှိပြီး နှုတ်သီးရှည်ရှည်၊ ခန္ဓာကိုယ်လည်း ရှည်လျားသည့် ငါးရှဥ့်နွယ်ဝင် ပင်လယ်ငါးတစ်မျိုးဖြစ်သည်။ ငါးရွှေငါးကို ရခိုင်လို သင်ပေါင်းထိုး(ခေါ်)သင်္ဘောထိုးငါး ဟုလည်း ခေါ်ကြပါသည်။

   ငါးရွှေငါးမှာ ပင်လယ်ရေအောက်ကြမ်းပြင်နေ (demersal fish)များ ဖြစ်ကြပြီး အရိုးမာငါးအုပ်စု (Bony Fish)တွင် ပါဝင်ပါသည်။ သိပ္ပံအမည် - Congresox talabon ဖြစ်ပြီး အများအခေါ်မှာ Yellow Pike Conger ဖြစ်သည်။

    ငါးရွှေငါးမှာ အပူပိုင်းဒေသရှိ ငါးရှဥ့်နွယ်ဝင်ငါးဖြစ်ပြီး ရေငန်၊ ရေချိုရေငန်စပ်၊ မြစ်ဝကျယ်များတွင် တွေ့ရှိရပါသည်။ငါးရွှေငါးမှာ ရေအနက်(၁၀၀)မီတာတွင် တွင်းတူးနေထိုင်လေ့ ရှိကြပါသည်။ ကမ်းခြေဒေသနှင့် ရေချိုဒေသများတွင်လည်း နေထိုင်လေ့ရှိပြီး ညထွက်အစာရှာထွက်သည့် ပုံစံအဖြစ်တွေ့ရပါသည်။ အထီးမှာ အမြင့်ဆုံးအလျား(၈၀)စင်တီမီတာထိရှိကြပြီး အမမှာ(၅၀)စင်တီမီတာထိ အရှည်ရှိကြပါသည်။ ငါးရွှေပါးစပ်မှာ ကြီးမားလှပြီး ပင်လယ်အောက်ခြေရှိ ငါး၊ ပုစွန်၊ ကဏန်းများကို သူတို့၏အစာအဖြစ် စားသုံးကြပါသည်။

    ငါးရွှေငါးသည် အသားများပြီး အလွန်ချိုသောကြောင့် ငါးရွှေငါးဖြင့် မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ငါးဆုပ်လုံးကြော်၊ ငါးမွှေဟင်းစသဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ထို့ပြင် ငါးရွှေငါးမှာ Protein (အသားဓါတ်ပေါများစွာရရှိသော ငါးလည်းဖြစ်သည်။ မုန့်ဟင်းခါးချက်ရာတွင် ငါးရွှေငါးအသားကို ပြုတ်/ကင်ပြီး အသားနွှင်ထည့်ကြသည်သာမက ငါးရွှေငါးအလယ်ရိုးမှာလည်း အချိုဓါတ်ပိုမိုများပြားသဖြင့် အလယ်ရိုးကိုပါထည့်သွင်း ချက်ပြုတ်ကြပါသည်။

     ထိုသာမက ငါးရွှေငါးခြောက်မှာ ဈေးကောင်းလှသလို ငါးရွှေငါးစီဖေါင်း( swimbladder or fish maw) ကို နေလှန်းအခြောက်ခံပြီး ငါးဒိုင်ကြီးများသို့ ပြန်ရောင်းကြပါသည်။ ထိုမှတဆင့် နိုင်ငံခြားတိုင်းပြည်များသို့ တင်ပို့ရောင်ချကြပါသည်။ ငါးစီဖောင်းမှာလည်း တန်ဖိုးကြီးရေထွက်ကုန်တစ်မျိုးဖြစ်ပါသည်။

ငါးရွှေငါးကို

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား)- Actinopterygii

Order (မျိုးစဥ်)- Anguilliformes

Family (မျိုးရင်း) - Muraenesocidae

Genus (မျိုးစု) - Congresox

Species (မျိုးစိတ်) - Congresox talabon ဟူ၍ သိရပါသည်။

     ငါးရွှေငါးမှာ အသား၊ အရိုး၊ ငါးစီဖောင်းအပါအဝင် တစ်ကောင်လုံးအသုံးဝင်ပြီး လူကြိုက်များလှပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်