ရှမ်းဆီးသီး (သို့မဟုတ်) ဆူးသီး

20/04/2022 15:30 PM တွင် Zaw Htet Aung Zaw Htet Aung မှ ရေးသား

ဆူးသီး(ခေါ်) ရှမ်းဆီးသီးဟာ ရွှေဝါရောင်သစ်သီး တစ်မျိုးဖြစ်ပြီး နှင်းစတော်ဘယ်ရီသီးလို့လည်း ခေါ်ကြပါတယ်။ အသီးရဲ့ပုံစံကငါးဥလေးတွေနဲ့တူလို့”ငါးဥသီး”လို့လည်း ခေါ်ကြပါသေးတယ်။ 

ဆူးသီးပင်ရဲ့ပုံစံမှာ ချုံပင်အမျိုးအစားဖြစ်ပြီး ဆီးပင်နဲ့ဆင်တူပါတယ်။ အရွက်နဲ့ ရိုးတံမှာ ချွန်ထက်တဲ့ဆူးတွေပါလို့ “ဆူးသီး”လို့လည်း ခေါ်ဝေါ် ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆူးတွေကြောင့် အသီးခူးတဲ့ အခါမှာ အရမ်းဂရုစိုက်ပြီး ခူးကြရပါတယ်။

ဆူးသီးဆိုတဲ့ ဒီရွှေဝါရောင်အသီးလေးတွေကို မြန်မာနိုင်ငံမှာ ကချင်၊ ချင်း၊ ကယား၊ ရှမ်းပြည်တောင်ပိုင်း/မြောက်ပိုင်းဒေသတို့မှာ တွေ့ရနိုင်ပါတယ်။ ဒီအသီးလေးတွေရဲ့မျိုးရင်းက အိန္ဒိယ၊တရုတ်၊ နီပေါ၊ အင်ဒိုချို င်းနားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလိပ်လိုတော့ ‘ Yellow (or)Golden Raspberries’ လို့ခေါ်ပြီး သိပ္ပံအမည်ကတော့  “Rubus ellipticus” ပါ။ 

သူ့အရသာဟာ ချိုချဥ်လေးမို့ နှစ်လိုဖွယ်အရသာ ရှိပါတယ်။

ဆူးသီးတွေဟာ မတ်လမှာ အသီးတွေလှိုင်လှိုင်ပေါများပြီး အသီးရဲ့အရသာအကောင်းဆုံးအချိန်ကတော့ ဧပြီနဲ့ မေလ အစောပိုင်းအချိန်တွေပဲ ဖြစ်ပါတယ်။ 

အသုံးဝင်ပုံ

လတ်လတ်ဆတ်ဆတ်ဆူးသီးကို ဒီအတိုင်းစားသုံးကြသလို fruit tea အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ 

ဆူးသီးအပင်က အရွက်ကိုလည်း အခြောက်ခံပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။

- ဖျော်ရည်၊ မစ်ရှိတ်နဲ့ အိမ်လုပ်ရေခဲမုန့်များ ပြုလုပ်ရာမှာလည်း ဆူးသီးကို အသုံးပြုနိုင်ပါတယ်။ 

- ဆူးသီးကို ယိုအဖြစ်ပြုလုပ်ပြီး ပေါင်မုန့်၊ ဘီစကစ်၊ မုန့်ကြွပ်အပြင် အခြားအစားအစာများနှင့်လည်းတွဲဖက်စားသုံးနိုင်ပါတယ်။

- အဲ့ဒါတွေအပြင် သစ်သီးဆော့စ် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ 

ပါဝင်သော အာဟာရဓာတ်များနှင့် ကျန်းမာရေးအကျိုးပြုပုံ

၁။ ခူးဆွတ်ပြီးစ လတ်ဆတ်သော ဆူးသီးမှာ ဗီတာမင်-စီနှင့် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင်များရှိသော သဘာဝဓာတ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပါတယ်။

၂။ ဆူးသီးတွင် Antioxidants ကြွယ်ဝစွာပါဝင်ပြီး free radicals ဟုခေါ်သော မတည်ငြိမ်တဲ့မော်လီကျူးများမှ ထွက်လာသော ပျက်စီးနေတဲ့ဆဲလ်များကို ကာကွယ်ပေးပြီး ပြုပြင်ပေးပါတယ်။ အထူးသဖြင့် ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆူးသီးလို အဝါရောင်ရက်စ်ဘယ်ရီသီး တွေဟာ ခရမ်းချဥ်သီးနှင့် ဘရိုကိုလီတို့ထက် ၁၀ ဆ ပိုမိုတဲ့ Antioxidants ပါရှိတယ်လို့ သိရပါတယ်။

၄။ အနောက်နိုင်ငံတွေမှာတော့ ဆူးသီးကို မယုံနိုင်လောက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်များ ပါဝင်နေမှုကြောင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးကာ ကျန်းမာရေးအတွက် ကောင်းမွန်သော အသီးအဖြစ် စားသုံးနေကြကြောင်း သိရပါတယ်။

Ref: Wikipedia.

ရေးသားသူ - ဇော်ထက်အောင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်