YSAY အဖွဲ့အကြောင်း တစေ့တစ်စောင်း

16/01/2018 13:37 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မေး - YSAY အဖွဲ့ စဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။

ဖြေ - ၂၀၁၁ ဇူလိုင် ၁၄ နေ့မှာ YSAY (Young Scientist Association of YAU) ကို တရားဝင် စတင်ဖွဲ့စည်းခဲ့ပါတယ်။ အီးစီအဖွဲ့ဝင် (၁၀) ယောက် လောက်နဲ့ ကြိုတင်ညှိနှိုင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး စခဲ့တာပါ။ ပါမောက္ခချုပ်ကလည်း အားပေးတယ်။ သူကိုယ်တိုင်ပဲ guide line ချပေးပြီး မူဝါဒပိုင်းကိုလည်း အတည်ပြုပေးခဲ့ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကလည်း တက်တက်ကြွကြွနဲ့ အရမ်း စိတ်ဝင်စားခဲ့ပါတယ်။ အဲဒါ YSAY ဆိုတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လူငယ်ပညာရှင်များအသင်း ပေါ်ပေါက်လာပုံပါပဲ။

မေး - အဖွဲ့ရဲ့ ရည်ရွယ်ချက်လေးကိုလည်း သိပါရစေ။

ဖြေ - အဓိက ရည်ရွယ်ချက် ကတော့ ကျောင်းရဲ့ လှုပ်ရှားမှုတွေ၊ ကျောင်းရဲ့ ရည်ရွယ်ချက်တွေ၊ သင်ကြားရေးအပါအဝင် လုပ်ငန်းဆောင်တာ အားလုံးကို လူငယ် ကဏ္ဍ ကနေ ပံ့ပိုးပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

မေး - YSAY ရဲ့ ဖွဲ့စည်းမှု ပုံစံလေးရော ပြောပြပေးပါအုန်း ဆရာ။

ဖြေ - ဖွဲ့စည်းပုံကတော့ EC Committee ရှိ ပါတယ်။ အဲ့ဒီ့ကော်မတီ ထဲမှာ ဥက္ကဌ တစ်ယောက်၊ ဒု-ဥက္ကဌ တစ်ယောက်၊ အတွင်းရေးမှူးတစ်ယောက်၊ တွဲဘက် အတွင်းရေးမှူး နှစ်ယောက်၊ ဘဏ္ဍာရေးမှူး တစ်ယောက်၊ စာရင်းစစ် တစ်ယောက် ပါဝင်ပါတယ်။ ပြီးတော့ ပြန်ကြားရေးမှူးဆိုတာလဲ ရှိတယ်။
နောက်တစ်ခု ထူးခြားတာက ကျွန်တော်တို့မှာ ဘာသာရပ်ဆိုင်ရာ အဖွဲ့အစည်း တွေ ရှိတယ်။ ကျောင်းမှာ ရှိတဲ့ ဌာနကြီး (၇)ခု အတိုင်း ဖွဲ့စည်းထားတာပေါ့။ လယ်ယာသီးနှံ၊ စိုက်ပျိုးရေးရုက္ခဗေဒ၊ စိုက်ပျိုးရေး ဓာတုဗေဒ၊ အပင်ရောဂါဗေဒ၊ ကိမိလနှင့်သတ္တဗေဒ၊ ဥယျာဉ်ခြံသီးနှံပည၊ စိုက်ပျိုးစီးပွားပညာ စတဲ့ ပညာရပ်ဆိုင်ရာဌာန တွေအလိုက် ပညာရပ်ဆိုင်ရာ အကြံအဉာဏ်တွေ ပေးမယ်ဆိုလဲ ပေးနိုင်အောင် ဆိုပြီး ဖွဲ့စည်းထားတယ်။

မေး - YSAY က အမှတ်တရ ပစ္စည်းလေးတွေ ရောင်းချနေတာကိုလည်း တွေ့ရပါတယ် ဆရာ။ ဒီလို ရောင်းချ ဖြစ်ပုံလေးကိုလည်း ပြောပြပေးပါဦး ဆရာ။

ဖြေ - ပြီးခဲ့တဲ့ (၂)နှစ်တမ်းမှာ အသင်းဖွဲ့ပြီးပြီးချင်းပေါ့လေ ကျွန်တော် တို့မှာ ရံပုံငွေ ရယ်လို့ မရှိတာကြောင့် ရံပုံငွေ ရှာဖွေရေး လုပ်မယ် ဆိုပြီး အရောင်း ဆိုင်လေး တစ်ဆိုင် ဖွင့်ဖြစ်ခဲ့တယ်။ ဖွင့်ရတဲ့ ရည်ရွယ်ချက် ကလည်း နှစ်ခု၊ ပထမက တက္ကသိုလ်နဲ့ ဆိုင်တဲ့ အထိမ်း အမှတ် ပစ္စည်းတွေ ထုတ်ဖို့၊ နောက်တစ်ခု ကတော့ ကျောင်းသားသုံး စာရေး ကိရိယာနဲ့ နေ့စဉ်သုံး ပစ္စည်းတွေ ရောင်းချဖို့ပေါ့။ ကျောင်းအထိမ်းအမှတ် ပစ္စည်းတွေမှာ သင့်တင့် လျောက်ပတ်တဲ့ အမြတ်ငွေကို ယူတယ်။ ကျောင်းသားသုံး စာရေး ကိရိယာ နဲ့ နေ့စဉ်သုံး ပစ္စည်းတွေမှာ ပြင်ပ ဆိုင်စျေးထက် အများကြီး လျော့ရောင်း ပေးထားတယ်။ ဒီဆိုင်လေးကို စတဲ့အချိန်မှာ ရံပုံငွေ လုံးဝမရှိတာကြောင့် ရင်းနှီးငွေကို ကျောင်းက မတည် ရန်ပုံငွေ ထုတ်ချေး ပေးပါတယ်။ အဲ့ဒီ့ ရန်ပုံငွေကို ကျွန်တော်တို့ တစ်နှစ် ကျော်ကျော် အချိန်လေးမှာ အားလုံး ပြန်ဆပ် နိုင်ခဲ့ပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တယ် ဆိုပေ မဲ့လည်း အခုမှ စတင်လည်ပတ် နိုင်ကာစပဲ ရှိပါသေးတယ်။

မေး - YSAY ဆိုတာ လူငယ်ပညာရှင် အဖွဲ့လို့ ပြောတော့ EC ထဲမှာ လူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍ ကရော ဘယ်လို ရှိမလဲ ဆိုတာ သိချင်ပါတယ် ဆရာ။

ဖြေ - အဖွဲ့ရဲ့ နာမည်ကိုက လူငယ်ပညာရှင် ဆိုတဲ့အတွက် ဘွဲ့တစ်ခုခုတော့ ရ ရမှာပေါ့နော်။ အဲတော့ စိုက်ပျိုးရေး ဘွဲ့ရပေါ့။ ကျောင်းသား အနေနဲ့ကတော့ ဘွဲ့လွန် ကျောင်းသားတွေ ပါတာပေါ့။ EC ကော်မတီ အနေနဲ့ ကတော့ ဆရာ၊ ဆရာမ ဖြစ်ကို ဖြစ်ရမယ်။ ဘာလို့လဲ ဆိုတော့ ကျောင်းသား ဆိုတာ သူတို့ စာသင်နှစ် ပြီးရင် ပြန်ကြမှာလေ။ ကျွန်တော် တို့က မှတ်တမ်း မှတ်ရာနဲ့ လုပ်ငန်းတွေအဆင့်ဆင့် ထိန်းသိမ်း သွားရမှာ ဆိုတော့ တက္ကသိုလ်က ဆရာ၊ ဆရာမ ဖြစ်ကို ဖြစ်ရမယ်။ EC အဖွဲ့ဝင်မဟုတ်ဘဲ YSAY ရဲ့ အဖွဲ့ဝင် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အဖွဲ့ဝင်ဖြစ်လို့ ရပါတယ်။ အခုတောင် ဘွဲ့ကြို ကျောင်းသူ/သားတွေကို အရန်အင်အား ဆိုပြီး ကြိုဆို တွဲခေါ်ပြီး ထပ်ဖြည့် ထားပါတယ်။

မေး - YSAY ကထုတ်တဲ့ အမှတ်တရပစ္စည်းလေးတွေကို တစ်ခြားနေရာမှာ ရောင်းဖို့ အစီအစဉ်ရှိပါလားဆရာ။ ဥပမာ မြေပဒေသာကျွန်းက စိုက်ပျိုးရေးဌာနက ဖွင့်ထားတဲ့ အရောင်းဆိုင်မှာ ဆိုရင် စိုက်ပျိုးရေးဘွဲ့ရများ အသင်းရဲ့ ရုံးခန်းရှိတယ် ဆရာ။
 

ဖြေ - ဟုတ်ကဲ့ တင်လို့ ရမယ်ဆိုရင်တော့ အရမ်း အဆင်ပြေတာပေါ့ဗျာ။

မေး - YSAY ရဲ့ တစ်ခြား လုပ်ဆောင်ချက် တွေ ရှိပါသေးလား ဆရာ။

ဖြေ - ရှိပါတယ်။ ကျောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို လူကြီးတွေက တာဝန်ပေးအပ်လာတိုင်း ဆောင်ရွက် ပေးပါတယ်။ အဓိက ကျောင်းသားအကျိုး၊ တက္ကသိုလ်အကျိုးကို ပံ့ပိုးနိုင်မယ့် အကြောင်းအရာ တွေ ဆိုရင် လိုအပ်နေတဲ့ နေရာတိုင်းကို ဆောင်ရွက်ပေးပါတယ်။ အသင်းရဲ့ရည်ရွယ်ချက်တွေ ရှိခဲ့တဲ့ အလုပ်တွေထဲမှာ အကောင်အထည်ဖော်နိုင်တာတွေက ဂျာနယ်လေး တစ်ခုပါ။ အခု ကျွန်တော်တို့ (၄)စောင်မြောက် ထုတ်ဝေပြီးပါပြီ။ တစ်လ နှစ်ကြိမ်ထုတ် ဂျာနယ်လေးဖြစ်ပါတယ်။ ပြီးတော့ ၃-၂-၂၀၁၄ မှာ ဖိုရမ်လေး တစ်ခု လုပ်ခဲ့ပါတယ်။ ခေါင်းစဉ်က သင်ယူသူဗဟိုပြုသင်ကြားနည်းစနစ် ဖြစ်ပါတယ်။ စိတ်ဝင်တစား ရှိကြပါတယ်။ ဒါကိုလည်း ဆက်လက်ပြီး အဆက်မပြတ်အောင် အကောင်အထည် ဖော်သွားမှာပါ။ ပြီးတော့ မဟာသိပ္ပံ၊ ပါရဂူဘွဲ့ စတာတွေအတွက် လုပ်နေကြတဲ့ ကျောင်းသား၊ သုတေသနသမားတွေကို အကြံဉာဏ်ပေးဖို့ ဆောင်ရွက်သွားပါမယ်။
 

မေး - ဒီ YSAY ဂျာနယ် မှာရော ကျောင်းသူ/သား လေးတွေရဲ့ အခန်း ကဏ္ဍ ကရော ဆရာ။

ဖြေ - ဒီဂျာနယ် လေးမှာ သူတို့ရဲ့ အင်အား တွေ အများကြီး ပါဝင်တယ်။ ကျောင်းသူ/သား တွေ အနေနဲ့ သူတို့ ကိုယ်တိုင် သတင်းထောက် ပုံစံမျိုး နဲ့ လုပ်ဆောင် ရတာ တွေရှိ တယ်။ ဒီဂျာနယ် မှာတော့ YSAY အကြောင်း ဆိုတာ ထက် ဒီတက္ကသိုလ်နဲ့ ဒီတက္ကသိုလ် ဝန်းကျင်မှာ ရှိတဲ့ ဘယ်အကြောင်း အရာ မဆို ဖော်ပြလို့ ရပါတယ်။ ဥပမာ သတင်း လိုမျိုး လိုလာပြီ ဆိုရင် ဒီ ကျောင်းသူ/သား တွေက သတင်းထောက် အဖြစ် လုပ်ပေး ရတာ ပေါ့။

ဒီဂျာနယ်ဟာ လွတ်လပ်တဲ့ ဂျာနယ် ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ရေးနိုင်ပါတယ်။ ဂျာနယ် နံပါတ်(၁) ကို ဖတ်ကြည့် လိုက်ရင် သိနိုင်ပါတယ်။ ကျောင်းသား တွေကို လွတ်လွတ် လပ်လပ် ရေးခိုင်း ထားလို့ လေ။ ဥပမာ ပြောရရင် ပါမောက္ခချုပ် တောင်မှ သူတို့ ကြိုက်သလို ဝေဖန် လို့ ရတယ်။ ဆရာ/မတွေ ရဲ့ သင်ကြား ပြသမှု တွေက အစ ပေါ့နော်။ စာတည်း အဖွဲ့ဆိုတာ ရှိပေမဲ့ လည်း ဘာမှ မဖြတ်ပါဘူး။ မဖြတ် ပဲနဲ့ message တစ်ခု ပေးနိုင်လား မပေးနိုင်ဘူးလား ဆိုတာ ကိုတော့ ရွေးတာပေါ့နော်။

မေး - ကျောင်းဆင်းပြီး သွားတဲ့ ရေဆင်း Alumni တွေကရော YSAY အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်လို့ရ ပါသလား ဆရာ။

ဖြေ - မရဘူးလို့ သတ်မှတ် ထားတာ တော့ မရှိပါဘူး။ သို့သော်လည်း အဖွဲ့ဝင်ဖြစ်ဖို့ ဆိုပြီး အဖွဲ့ ဝင်ကြေး သတ်မှတ် ကောက်ခံတာ မျိုးလဲ မရှိပါဘူး။ အဖွဲ့ ဝင်ကြေး သတ်မှတ်မယ် ဆိုသော်လည်း အခုထိ အကောင် အထည် မဖော် ဖြစ်သေးဘူး။ ဒါပေမဲ့လည်း အပြင် မှာလည်း အကျိုးပြု လုပ်ငန်းတွေ လုပ်နေတယ်။ YSAY အဖွဲ့လေး ကိုလည်း ပိုတိုးတက် အောင် လုပ်ပေးချင်တယ်။ YSAY ရဲ့ လုပ်ငန်းတွေမှာ ပါဝင် ချင်တယ် ဆိုရင်တော့ ကျွန်တော်ကတော့ Welcome ပါလို့ ပြောချင်ပါတယ်။ နာမည်ကိုက Young Scientist Association of YAU ဆိုတဲ့အတွက် YAU ရဲ့ အဝန်း အဝိုင်းမှာ ရှိတဲ့ လူ အားလုံး ပါဝင်နေတဲ့ သဘောပေါ့ဗျာ။

မေး - ဒါဆိုရင် ဆရာ ကျွန်တော်တို့လို ကျောင်းပြင်ပ မှာ ရှိတဲ့ စိုက်ပျိုးရေး ကျောင်းဆင်းတွေ အနေနဲ့ ဒီ YSAY အဖွဲ့လေး တိုးတက်အောင် ဘာတွေ လုပ်ပေးနိုင်ပါလဲ ဆရာ။

ဖြေ - ကူညီ ပေးချင် တယ် ဆိုရင် တော့ အခု လောလောဆယ် YSAY ဂျာနယ် လေးက ကျောင်းရဲ့ ထောက် ပံ့ မှု နဲ့ပဲ လုပ်နေရ တာပေါ့နော်။ ကျွန်တော် တို့က လုပ်ချင် လွန်းလို့ သာ အတင်း တွန်းပြီး စလိုက် တာ ပေါ့နော်။ ကျကျနန လေး လုပ်ဖို့ အတွက် ရန်ပုံငွေ က လိုနေ တာပေါ့နော်။ အထိမ်း အမှတ် ပစ္စည်းလေး တွေ ရောင်းရတဲ့ ရံပုံငွေက သူ့ဟာ နဲ့သူ လည်ပတ် နေပြီး ဒီဂျာနယ် အတွက် မလုံ လောက် ဘူးလေ။ အဲဒီတော့ ဂျာနယ်အတွက် စပွန်ဆာ နည်းနည်း လိုနေတယ် ဆိုပါတော့။ ဒါပေမဲ့ လှူမယ် ဆိုတိုင်း လည်း ကျွန်တော် တစ်ယောက်တည်းရဲ့ သဘော နဲ့တော့ လက်ခံ လို့ မရဘူး။ အဖွဲ့ အစည်း ဆိုတော့ အများ သဘော ယူပြီးမှ ဘာလုပ်မယ် ဆိုတာ အတည် ပြုနိုင် မှာပေါ့။ ပြန်ပြောရရင် ဘာကူညီနိုင်တုန်း ဆိုတော့ လိုနေတာတွေကတော့ အများကြီးပါ။ ပါမောက္ခချုပ်က ရုံးအနေနဲ့ ထုတ်ပေးနိုင်ပေမဲ့လည်း ကျောင်းရံပုံငွေကို လုံးဝ မှီခိုလိုက်ရင် စဉ်းစားစရာတွေ အများကြီး ဖြစ်သွားပြီ ပေါ့နော်။ နောက်တစ်ခုက လွတ်လပ်တဲ့ အဖွဲ့ သဘော မျိုးလေး ဖြစ်စေချင်တယ် လေ။ ဒါကြောင့် Sponsor လက်ခံပါတယ်။ sponsor ကို ဂျာနယ်မှာ ဖော်ပြပေးတယ်။ ဒါပေမဲ့ ကြော်ငြာတော့ လက်မခံပါဘူး။

မေး - ဂျာနယ် ရဲ့ အကြောင်းအရာက ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်ပဲ ဖြစ်နေတယ်ပေါ့နော်။ ဆရာတို့အနေနဲ့ ကျောင်းပြင်ပမှာ ရှိနေတဲ့ စိုက်ပျိုးရေး ပညာရှင်တွေက စာမူတွေ ပေးပို့ လိုရင် လက်ခံနိုင်လား။ ဆရာတို့ အနေနဲ့ ဖိတ်ခေါ်စာမူတွေ ထည့်ဖို့ အစီအစဉ် ရှိပါသလား။ 
 

ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရှိပါတယ်။ ကျွန်တော်တို့ တစ်ပတ်နဲ့တစ်ပတ် Theme လေးတွေ မတူအောင် လုပ်နေပါတယ်။ ဒီတော့ တစ်ခါတစ်ရံမှာ သင့်လျော်တဲ့ ဆောင်းပါးလေးတွေ ဝင်ရေးကြဖို့ ပြင်ပ ပညာရှင်တွေ လိုလာမှာပါ။ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ ရံပုံငွေ အကန့်အသတ်ကြောင့် စာမျက်နှာ ကလည်း လောလောဆယ် အကန့် အသတ် ရှိနေ တယ် ပေါ့နော်။ အခု လောလော ဆယ်တောင် စာမျက်နှာ ၂၀ ရှိပါ တယ်။ စတုန်း က ၁၂ မျက်နှာ ပဲ ရှိတယ်။ ထည့်ပေး ချင်ပါ တယ်။ အခုထိ ပါဝင် ကဏ္ဍ တော့ မငြိမ် သေးဘူး။ ခြေစမ်း တုန်း ရှိသေးတယ်။

မေး - YSAY ရဲ့ တစ်ခြား အစီအစဉ်တွေ ရှိရင် ပြောပြ ပေးပါ အုန်း ဆရာ။

ဖြေ - ရည်ရွယ် ထားတာ တွေက အများကြီး ရှိနေတယ်။ Forum တွေ ဆက်ပြီးလုပ်ဖို့ ရှိတယ်။ တစ်ခု ပြီး တစ်ခု တာဝန် တွေ ခွဲ လုပ်သွားကြမယ်။ လူငယ် ပညာ ရှင်လေး တွေက ခေါင်းစဉ် တစ်ခုချ။ Panel discussion ပုံစံမျိုး ၅ ယောက်ဆို ၅ ယောက်က ဒီ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ထောင့်စုံအောင် ဆွေးနွေးပေါ့။ ပြီးရင် တက်ချင်တဲ့သူ အကုန်လာ။ ဒါဆို လူငယ် အမြင် လည်း ဖြစ်မယ်။ ဆန့်ကျင် တာလည်း ရှိမယ်။ တူညီ တာလည်း ရှိမယ်။ ဆွေးနွေး တာ တွေကို ပေါင်းပြီး Report လို စာအုပ် မျိုးလေး လုပ်ပေး မယ်။ ဒါဟာ ကျောင်း အတွက် တင် မဟုတ် ပဲ နိုင်ငံတော် အတွက်ပါ အကျိုး ပြုနိုင် မယ်လို့ ကျွန်တော်ထင်တယ်။ လူငယ် တွေ အတွက် ကိုလည်း အလေ့ အကျင့် လေး တစ်ခုခုပေါ့။ ဥပမာ Democracy practice ပဲ ဖြစ်ဖြစ်၊ သူတို့ လေ့လာ နေတဲ့ အကြောင်း အရာ နဲ့ ပတ်သက်ပြီး ကျွန်တော် တို့က သူတို့ သိချင် စိတ်ကို ပိုဆွ ပေးတာ မျိုးပဲ ဖြစ်ဖြစ် ဖြစ်လာ မယ်ပေါ့။ ဒါ့အပြင် ကျွန်တော် တို့က တောင်သူ တွေ အထိ ပါ စဉ်းစား ထားတာ။ တောင်သူ တွေကို ကျွန်တော် တို့ အနေ နဲ့ ဘာလုပ် ပေးနိုင် မလဲပေါ့။
ပြီးတော့ ပညာရပ် ဆိုင်ရာ ဂျာနယ်တို့၊ စာအုပ် စာတမ်းတို့ ထုတ်ဖို့ ရည်ရွယ် ချက်ကြီး တစ်ခု ရှိတယ်။ နောက်တစ်ခုက မဟာသိပ္ပံတို့၊ နောက်ဆုံးနှစ် တွေရဲ့ သူတို့ရဲ့ သုတေ သန စာတမ်းတွေ၊ ဆွေးနွေး တင်ပြချက် တွေကို ကျွန်တော်တို့က အကြံပေး အနေနဲ့ ကူညီမယ်။ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကျွမ်းကျင် သူ တွေက တာဝန်ယူ ပေးမယ်ပေါ့။
တစ်ကယ်တော့ YSAY ဆိုတာ အခုပြောနေတဲ့ ဂျာနယ် ထုတ်ဖို့၊ အရောင်း ဆိုင်လေး ဖွင့်ဖို့တင် မဟုတ် သေးပါဘူး။ ကျွန်တော် တို့မှာ ရည်ရွယ်ချက် တွေ အများကြီး ရှိတယ်။ ဥပမာ စီမံကိန်း တွေ။ အစတုန်းက ကျွန်တော်တို့ စီမံကိန်း တွေ လိုက်ပေးဖို့ ရည်ရွယ် ခဲ့တယ်။ သုတေ သန လုပ်တာ မျိုးတွေ၊ ကွင်းဆင်း စစ်တမ်း ကောက်ယူ တာမျိုး တွေ၊ စီမံကိန်း ကို စစ်ဆေး သုံးသပ် ပေးပြီး အစီရင် ခံစာ တင်ပေး တာမျိုးတွေ စသည်အားဖြင့်ပေါ့။ ကျွန်တော် တို့ကို အဲလို လာ ကမ်း လှမ်း ခဲ့ရင် လက်ခံပြီးတော့ လုပ်ချင်ပါတယ်။

မေး - ဒါပေမဲ့လေ ဆရာ အဲလို စီမံကိန်းတွေ လိုက်မယ်ဆိုရင် ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ ခွင့်ယူရတဲ့ အခြေအနေက အဆင်ပြေပါ့မလား ဆရာ။

ဖြေ - YSAY ဟာ လွတ်လပ် သော အဖွဲ့ ဆိုပေမဲ့ စိုက်ပျိုးရေး တက္ကသိုလ်နဲ့ ခွဲခြားလို့ မရတဲ့ အတွက် တက္ကသိုလ် ရဲ့ စည်းမျဉ်း စည်းကမ်း တွေ နဲ့ ဘောင်ဝင် အောင် လုပ်ဆောင် ရမှာပဲ။ နယ် ကျောင်းခွဲ တွေမှာ လည်း ကျောင်းသားတွေ နဲ့ ဆရာ တွေ ရှိတဲ့ အတွက် စီမံကိန်း တစ်ခု လိုက်မယ် ဆိုရင် စီမံကိန်း ရှိတဲ့ နေရာမှာ ရှိနေတဲ့ ဒါမှမဟုတ် နီးတဲ့ ကျောင်း ကို လွှတ်မလား စသည် အားဖြင့် ကျွန်တော်တို့ ညှိလို့ ရမှာပါ။ ပြီးတော့ လူကြီးပိုင်း အနေ နဲ့လည်း ဒါမျိုးကို အရမ်း အားပေး တဲ့ အတွက် ကျွန်တော့် အထင် သူတို့ ခွင့်ပြု ပေးမှာပါ။ ဒီက ရလာတဲ့ ရလဒ်ဟာ တက္ကသိုလ် တစ်ခုလုံးရဲ့ ရလဒ် လည်း ဖြစ်လာမှာလေ။
 

မေး - ဆရာအနေနဲ့ YSAY ကို နောက်ငါးနှစ်မှာ ဘယ်လို ပုံစံမျိုး ဖြစ်လာစေချင်လဲ။

ဖြေ - YSAY ကလေ တက္ကသိုလ် အနေနဲ့ပဲ ပြောပြော၊ ပညာရှင် အနေနဲ့ပဲ ပြောပြော တကယ်ကို အရေးကြီးဆုံး အခန်းကဏ္ဍ ကနေ ပါဝင် နေတယ် လို့ ထင်တယ်။ အခုလည်း ဒီလိုပဲ ခံစားမိတယ်။ နောင်တစ်ချိန် မှာလည်း အဲလို မျိုးပဲ ဖြစ်စေ ချင်တယ်။ တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်တွေ လည်းပြည့်၊ နိုင်ငံတော် ကိုလည်း အထောက် အကူ ပြုနိုင်တဲ့ အဖွဲ့ အစည်း လေး တစ်ခု ဖြစ်စေ ချင်တယ်။

YSAY မှ ဆရာ ဒေါက်တာအောင်ကျော်မြင့် နှင့် တွေ့ဆုံမေးမြန်းခြင်း

YSAY ဂျာနယ်များ ဖတ်ရှုလိုပါက ဒီလင့်ကို ႏွိပ္ပါ။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်