သစ်ခွအကြောင်း
သစ်ခွမှာ သူတို့ကိုယ်ပိုင်သူမတူတဲ့ အချက်အလက်တွေနဲ့ အလှတရားတွေရှိ တယ်…. အထင်ရှားဆုံးအချက်တစ်ခုက လေထဲမှာရှိနေတဲ့ သူတို့ရဲ့ အမြစ်တွေနဲ့တင်ကို ကျွန်မတို့အတွက် အံ့သြဖို့ လုံလောက်နေခဲ့တာပဲ မဟုတ်လား…. အမြစ်ဆိုတာ များသောအားဖြင့် မြေကြီးထဲမှာ ရှိတတ်တာကိုးနော်…… သူတို့ ဘယ်လိုများ ရှင်သန်နေထိုင်ကြပါလိမ့်……
တကယ်တော့ သစ်ခွရဲ့အမြစ်တွေက အခြားအပင်ရဲ့ အမြစ်တွေနဲ့မတူ တမူထူးခြားနေတယ်လေ….. velamen လို့ခေါ်တဲ့ ရေမြှုပ်နဲ့တူတဲ့ အလွှာတစ်မျိုးက တကယ့် အမြစ်အစစ်ကို အတွင်းမှာ ဖုံးအုပ်ပေးထားခဲ့တာပါ….. အဲဒီအလွှာကပဲ ရေခိုးရေငွေ့ အစိုဓါတ်တွေကို စုပ်ယူတဲ့ တာဝန်ယူပြီး အတွင်းက အမြစ်ကို နေရောင်ခြည်တိုက်ရိုက် မထိအောင် ကာကွယ်ပေးနေတာပေါ့။ သစ်ခွပင်ရဲ့ အစိမ်းရောင် အရွက်တွေက အပင်အတွက် အစာချက်လုပ်ရာမှာ အဓိကတာဝန်ယူထားတယ်ဆို မမှားဘူး…..
သစ်ခွတွေဟာ epiphyte လို့ခေါ်တဲ့ သစ်ကပ်ပင် အမျိုးအစားပါ….. နာမည်ကိုက ‘’သစ်ခွ’’ တဲ့လေ သစ်ပင်ကြီးတွေပေါ် မှာ တွယ်ကပ် ပေါက်ရောက်တတ်ကြတာကို….. သြော် သစ်ခွက parasitic plant (ကပ်ပါးပင်) နဲ့ မတူဘူးနော်….. အမှတ်မမှားနဲ့ဦး…. သစ်ခွရဲ့ အမြစ်တွေက သစ်ပင်ကြီးတွေကို တွယ်ကပ်ပေါက်ရောက်ပေမဲ့ လက်ခံပင်ဆီက အစာတွေ ရေတွေ မစုပ်ယူ မစားသောက်ဘူး ဘာမှ အန္တရာယ်လည်း မဖြစ်စေရဘူး….. သူ့အစာ သူ့ဘာသာချက်ပြီး.. ရပ်တည်စားသောက်နိုင်ပါတယ်…. ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့ သစ်ခွလဲလို့…..
အချို့သစ်ခွတွေကတော့ သာမန် အပင်တွေလို မြေကြီးထဲမှာ ပေါက်တဲ့ အမြစ်တွေရှိတတ်ကြတယ်…. ဟိုး ချောက်ကမ်းပါးတွေမှာ ကျောက်ဆောင် ကျောက်တုံးကြီး တွေပေါ်မှာပေါ့….သစ်ခွဟာ အစေ့ရွက် တစ်ခုတည်းရှိတဲ့ အပင်အမျိုးအစား (monocotyledonous) ဖြစ်ပါတယ်… ပြီးတော့ သူတို့ကြီးထွားပုံပေါ်မူတည်ပြီး အမျိုးအစား (၂) မျိုး ကွဲသွားပါတယ်…. ပထမတစ်မျိုးက အထက်ကိုတက်တဲ့ အမျိုးအစားမိုးလုံးမှိုင်းလို့ တို့သိခဲ့တဲ့ ဗန်ဒါတွေ ဆိုတဲ့ သီချင်းထဲက Vanda coerulea၊ နောက်တစ်မျိုးက အလျားလိုက်ကြီးထွားတဲ့ ဒန်ဒရိုဘီယန် Dendrobium chrysotoxum ၊ဖြစ်ပါတယ်….
သစ်ခွပန်းပွင့်တစ်မျိုးနဲ့ တစ်မျိုးသိသာစွာ ကွဲပြားကြပါတယ်… တစ်ချို့သစ်ခွပွင့်တွေက ကြီးမားပြီး တောက်ပတဲ့ ရောင်ရှိပေမဲ့တစ်ချို့ကတော့ သေးငယ်ပြီး အရောင်မှိန်မှိန်လေးပဲ ရှိနေတတ်တယ်….တစ်ချို့က တစ်ပင်မှာ တစ်ပွင့်ပဲပွင့်တတ်သလို တစ်ချို့ကတော့ တစ်ကိုင်းမှာ သုံးပွင့် လေးပွင့်စသည်ဖြင့် အုပ်စုလိုက်ပွင့်တတ်တယ်…. ပန်းခိုင်တွေအနေနဲ့ အကိုင်းပေါ်မှာ စုပြုံပွင့်တဲ့အပွင့်တွေဟာ ရက်အတန်ကြာတဲ့အခါ ပထမဆုံးပွင့်တဲ့ ပန်းပွင့်က အရင်ညှိုးတတ်ပြီး အစဉ်လိုက် နောက်ဆုံးပွင့်တဲ့ အထိညှိုးလေ့ရှိပါတယ်…. သစ်ခွပွင့်တွေရဲ့ရနံ့ကတော့ ရနံ့မရှိတဲ့ သစ်ခွကအစ… သင်းသင်းလေးမွှေးတဲ့ သစ်ခွအလယ်…. အရမ်းမွှေးတဲ့ သစ်ခွအဆုံး… ကြက်ဥပုတ်နံ့ရှိတဲ့ သစ်ခွတောင်ရှိသတဲ့….
သစ်ခွပင်ဟာ ပင်ခြားဝတ်မှုံကူးတဲ့အပင်ဖြစ်တယ်….သစ်ခွစေ့တွေရင့်မှည့်ဖို့အတွက် ၆လကနေ တစ်နှစ်ထိ အချိန်ယူ ရတယ်… ရင့်မှည့်တဲ့ အချိန်ရောက်လာပြီဆိုရင် အရမ်းကိုသေးငယ်တဲ့ သစ်ခွစေ့လေးတွေဟာ လေထဲကို ပျံ့နှံ့ ရောက်ရှိသွားရော….
သစ်ခွရိုင်းအများစုဟာ တစ်နှစ်မှတစ်ခါပဲပွင့်တတ်ကြတယ်… နှစ်ကြိမ်ပွင့်တဲ့ သစ်ခွဆိုတာ အလွန်နည်းပါတယ်…. သစ်ခွတစ်မျိုးနဲ့တစ်မျိုးပွင့်တဲ့ အချိန်တွေတော့ မတူကြဘူးပေါ့…. Rhyncstylis gigantea သစ်ခွမျိုးက ဒီဇင်ဘာနဲ့ဇန်နဝါရီမှာ ပွင့်တယ်…. Dendrobium သစ်ခွမျိုးတွေက ဖေဖော်ဝါရီနဲ့ မတ်လမှာပွင့်ပြီး Rhyncstylis retusa သစ်ခွမျိုးက ဧပြီနဲ့ မေမှာပွင့်တယ်…. ဇူလိုင်နဲ့ သြဂုတ်မှာ Vanda coerulea တွေပွင့်လေ့ရှိပါတယ် ခုပြောတဲ့ သစ်ခွတွေက ထင်ရှားပြီး လူသိများတဲ့သစ်ခွအချို့ပါ….
ယနေ့အချိန်မှာ သစ်ခွရိုင်း(local variety) တွေဟာ လူစိုက်ပျိုးတဲ့ သစ်ခွတွေနဲ့ ယှဉ်ရင် အရမ်းကို သိသာစွာ ကွဲပြားနေပါပြီ။ အထူးသဖြင့် အရွယ်အစား၊ ပုံပန်းနဲ့ အရောင်တွေ ဖြစ်ပါတယ်… သဘာဝ သစ်တောတွေထဲက သစ်ခွ ရိုင်းတွေဟာ သစ်ခွမုဆိုးတွေ ရှာဖွေမှုကြောင့် မြို့ပြကို ရောက်ရှိလာကြတယ်… သစ်ခွစိုက်ပျိုးမွေးမြူသူ ပညာရှင်တွေရဲ့ ပြုပြင်မှုကြောင့် အရောင်အသွေးစုံလင်လှပတဲ့ စပ်မျိုးသစ်ခွတွေကိုလည်း ယခုအခါမှာ တွေ့နိုင်ပြီဖြစ်ပါတယ်..
ဆန်းကျယ်တဲ့ အလှတရားရှိတဲ့သစ်ခွကို သဘာဝကပေးတဲ့ လက်ဆောင်အဖြစ် မြတ်နိုးတန်ဖိုးထားတတ်မယ် ဆိုရင် သဘာဝတရားကို ချစ်မြတ်နိုးတဲ့သူတိုင်းသစ်ပင် သစ်တောတွေကို ချစ်မြတ်နိုးတဲ့ သူတိုင်းအတွက် သစ်ခွဟာ အမြဲတမ်းတည်ရှိနေမှာပါလို့……..
ပျော်ရွှင်ပါစေ
(2.9.2013)
ဆက်စပ်မေးခွန်းများ
လေးစားရပါသော တောင်သူကြီးများခင်ဗျာ... ဖရဲစစိုက်မှာမို့ ဖရဲအထွက်ကောင်းတဲ့ စိုက်ပျိုးနည်းလမ်းဝေမျှပေးပါအုံး ခင်ဗျာ...တောင်သူကြီးများခကျန်းမာ ချမ်းသာကြပါစေ...ခင်ဗျာ။
U BHONE THWE HTAN • ဖြေကြားချက် 1 ခု
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 2 ခု
ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့
Saung • ဖြေကြားချက် 2 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေးလဲညွန်ပါအုံးဆရာ
မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Green Way
အားလုံး
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
ဗီဒီယို
ပေါင်းစပ်လယ်ယာစနစ်: လယ်ယာလုပ်ငန်းများ ပေါင်းစပ်ခြင်းမှ ရေရှည်တည်တံ့သော အကျိုးကျေးဇူးများဆီသို့
03/11/2026
အဘိဓမ္မာအခါတော်နေ့ဆုတောင်း (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်)
26/10/2026
အစိမ်းရောင်လမ်းကို ကူညီပံ့ပိုးနေသော ဆရာ၊ ဆရာမများသို့
26/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026