မြန်မာနိုင်ငံတွင် မြစ်ငါးတန်နှင့် ဗီယက်နမ်ငါးတန်တောင်ရှည်ကို ဒေသတွင်းမျိုးရင်းငါးအဖြစ် မွေးမြူထုတ်လုပ်မည်

11/09/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာနိုင်ငံအတွင်းရှိ မြစ်ငါးတန်နှင့် ဗီယက်နမ်ငါးတန် တောင်ရှည်ကို ဒေသတွင်းမျိုးရင်းငါးအဖြစ် မွေးမြူထုတ်လုပ်သွားမည်ဖြစ်ပြီး လက်ရှိသားဖောက်စခန်းများ၌ မွေးမြူနေသော ငါးတန်များကို အကုန်ရှင်းထုတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။ 

   ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် စက်တင်ဘာလ ၁၀ ရက်က ကျင်းပပြုလုပ်သည့် ၁၆ ကြိမ်မြောက် ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

   "မနှစ်ကတုန်းက တွံတေးကနေ မြစ်ငါးတန်မှာ သားဖောက်လို့ရတဲ့အရွယ် အကောင် ၂၀ လောက် လှော်ကားသားဖောက်စခန်းကို သယ်ထားတာရှိတယ်။ အဲ့ဒါကို ဒီနှစ်မှာ စမ်းပြီးတော့ ဖောက်နေတယ်။ လူကြီးတွေကိုလည်း တင်ပြထားပြီးဖြစ်တယ်။ အဲ့မြစ်ငါးတန်ကို ကျွန်တော်တို့ သားဖောက်မယ်။ နောက်ထပ် ဗီယက်နမ်ငါးတန်တောင်ရှည်ဆိုတာ တစ်မျိုးရှိပါသေးတယ်။ အဲ့ဒါကို ကန်တော်ကြီးငါးပြတိုက် ဖျက်သိမ်းလိုက်တဲ့အချိန်မှာ သူတို့မှာရှိတဲ့ ငါးတွေကို ကျွန်တော်တို့ငါးဦးစီးဌာနကို ပေးလွှဲတာကနေရလာတာဖြစ်တယ်။ အဲ့နှစ်မျိုးကို ကျွန်တော်တို့ သီးသန့်ထားပြီးတော့ဖောက်မယ်။ သားဖောက်ရလာလို့ရှိရင် အဲ့မျိုးတွေကို ကျွန်တော်တို့ ဆက်ပြီးတော့ ဒေသတွင်းမျိုးရင်းအနေနဲ့ မွေးမယ်။ အဲ့ဒါတွေကို မျိုးရင်းအဖြစ် သားဖောက်နိုင်ပြီဆိုရင် လက်ရှိစခန်းမှာရှိနေတဲ့ ငါးတန်တွေ ကို Bocourti ပဲဖြစ်ဖြစ်၊ Hypothalamus ပဲဖြစ်ဖြစ် အကုန်ရှင်းထုတ်ပစ်မယ်။" ဟု ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။ 

   ယင်းကဲ့သို့ မြစ်ငါးတန်နှင့် ဗီယက်နမ်ငါးတန်တောင်ရှည်ကို ဒေသမျိုးရင်းငါးအဖြစ် မွေးမြူ ထုတ်လုပ်ရန်လည်း ငါးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ တာဝန်ရှိသူများအား တင်ပြထားပြီးဖြစ်၍ မြန်မာနိုင်ငံတွင် ဒေသမျိုးရင်းငါးရှိလာပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် မည်သည့်ငါးဖြစ်သည်ကို မာမာတင်းတင်း ပြောဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

   လက်ရှိ ပြည်တွင်း၌ မွေးမြူထုတ်လုပ်နေသော ငါးတန်မျိုး စိတ်များသည် Hypothalamus နှင့် Bocourti တို့ ပေါင်း စပ်နေခြင်းကြောင့် Hypothalamus မျိုးစိတ်အနေဖြင့်လည်းကောင်း၊ Bocourti မျိုးစိတ်အနေဖြင့်လည်းကောင်း မျိုးစိတ်ကွဲခြားသတ်မှတ်ရန် အခက်အခဲရှိသဖြင့် တရုတ်နိုငံသို့ ငါးတန်တင်ပို့ရာတွင် မျိုးစိတ်အမည် ထောက်ခံပေးရန် ပြဿနာရှိနိုင်ကြောင်း သိရသည်။ 

   "မွေးတဲ့သူတွေကလည်း Bocourti လား၊ Hypothalamus လား မခွဲခြားနိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါးက တစ်ပုံ စံထဲ ဖြစ်နေတယ်။ ကွာခြားချက်က နည်းနည်းပဲရှိတယ်။ နိုင်ငံတိုင်းကတော့ သူတို့နိုင်ငံမှာ ဖော်ပြထားတဲ့ မျိုးစိတ် မှန်ကန်မှုရှိမရှိ စစ်ဆေးတာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုပဲ ပြည်ပကနေ ဘာပဲတင်သွင်းသွင်း မှန်ကန်မှုရှိမရှိ စစ်ဆေးတယ်။ ပြည်ပတင်ပို့တဲ့ ငါးတန်က Bocourti လား၊ Hypothalamus လားဆိုတာ ကျွန်တော်တို့ ဆီကနေ အာမခံပေးဖို့ လိုတယ်။ ဒါပေမယ့် ဒီလောက်အများကြီးကတော့ ကျွန်တော်တို့လည်း လိုက်စစ်ဖို့ အခက်အခဲရှိတယ်။" ဟု ဦးလှဌေးက ပြောသည်။ 

   မြန်မာနိုင်ငံတွင် ငါးတန်နှင့်ပတ်သက်၍ ၁၉၉၄ ခုနှစ်က Hypothalamus ကို သားဖောက်၍ မွေးမြူခဲ့ရာမှ ၂၀၀၉ - ၂၀၁၀ က သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဗီယက်နမ်နိုင်ငံ ခရီးစဉ်သွားရောက်ခဲ့စဉ်က ဗီယက်နမ် ငါးတန် မျိုးစိတ်ဖြစ်သော Bocourti သားပေါက် အကောင် ၂၃ ကောင် တင်သွင်း၍ လှော်ကားငါးသားဖောက်စခန်းတွင် သားပေါက်စမ်းသပ်ဖောက်ခဲ့ခြင်းဖြစ်သည်။ 

   ထို့နောက် ၂၀၁၁ ခုနှစ်က နိုင်ငံတကာဈေးကွက်အနေအထားအရ ငါးတန်မျိုးတွင် Hypothalamus ထက် Bocourti မျိုးမှာ ဈေးကွက်အလားအလာရှိသဖြင့် Bocourti မျိုးစိတ်ကို စမ်းသပ်သားဖောက် မွေးမြူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

   မြန်မာရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ပြည်တွင်း၌ မွေးမြူထားသည့် Pangasius Hypothalamus ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ ဝက်ဆိုဒ်စာမျက်နှာ၌ မှတ်ပုံတင်ထားခြင်းမရှိ၍ နားလည်မှုဖြင့်သာ တင်ပို့ခဲ့ရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်