မြန်မာနိုင်ငံ၏ မြေအမျိုးအစားများနှင့် မြေဆီလွှာအကြောင်း

09/08/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြောင်းလဲလျက်ရှိသော မြန်မာနိုင်ငံ၏ အချို့အရပ်ဒေသများတွင် လူနေအိမ်ခြေများ၊ တိုက်ခန်းများ၊ စက်ရုံအလုပ်ရုံများ အလွန်ပြည့်ကြပ်လျက် တည်ရှိနေကြပြီး၊ အချို့အရပ်ဒေသများတွင်မူ လူနေသူနေမတွေ့ရှိရဘဲ မိုင်ပေါင်းများစွာ နေရာကွက်လပ်များ ဖြစ်နေကြသည်ကို တွေ့ရ၏။ အောက်ဖော်ပြပါ အရပ်ဒေသများတွင် လူနှင့် သက်ရှိသတ္တဝါများ နေထိုင်စားသောက်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြသည်။

(က) ချိုင့်ဝှမ်းသော အရပ်။

(ခ) နုံးတင်မြေနု အရပ်။

(ဂ) မိုးကောင်းအရပ်နှင့် ဆည်ရေသောက်အရပ်။

(ဃ) စိုက်ပျိုးပင် အများဆုံးအရပ် တို့ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ အရပ်ဒေသများပေါ်မူတည်၍ မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အပူပိုင်းဒေသ၊ သမပိုင်းဒေသ၊ သမ-အနွေးပိုင်းဒေသ၊ တောင်တန်းဒေသ၊ အမြင့်မားဆုံး ရေခဲတောင်ဒေသ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။

        မြေအမျိုးအစားခွဲခြားမှု စနစ်သစ်အရ မြန်မာနိုင်ငံတွင် အဓိကမြေအမျိုးအစားကြီး (၂၄) မျိုးကို တွေ့ရှိရပါသည်။ မြေအမျိုးအစားများ၏ လက္ခဏာများကို 

၁။ ရုပ်သွင်ပြင်နှင့် အဓိကကျောက်သားတွင် ဓာတ်သတ္တုပါဝင်ဖွဲ့စည်းမှု။

၂။ အနိမ့်၊ အမြင့် မြေသား၏ရုပ်လက္ခဏာ။

၃။ မြေအမျိုးအစားဖြစ်ပေါ်လာစေရန် ဖန်တီးသောရာသီဥတု။

၄။ ပေါက်ရောက်ပင်များ စသည်တို့ကို အခြေခံ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

       မြေအမျိုးအစားခွဲခြားခြင်းတို့ကို စိုက်ပျိုးရေးအတွက် မြေသယံဇာတ အရေးပါမှုအချက်များအား အခြေခံ၍ ပြုလုပ်ထားပါသည်။

        ကမ္ဘာ့အပေါ်ယံမြေလွှာသည် လက်မ (၂၀) အောက် မြေသားအထူရှိလျှင် မြေဆီလွှာပါးလွှာ သည်ဟု သတ်မှတ်ပြီး လက်မ (၂၀) နှင့်အထက် (၃၆) လက်မ ကြား မြေသားအထူရှိလျှင် မြေဆီလွှာ အသင့်အတင့်နှင့် (၃၆) လက်မနှင့် အထက် မြေသားအထူရှိလျှင် အပေါ်ယံမြေဆီလွှာ ထူသည်ဟု သတ်မှတ်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်ယက်စိုက်ပျိုးသောမြေသည် အပေါ်ယံမြေဆီလွှာ (Top Soil) ဖြစ်သည်။ ထို့ကြောင့် အပေါ်ယံမြေဆီလွှာ (Top Soil) မြေသား အထူ၊ အပါး ပေါ်မူတည်၍ သီးနှံအထွက်နှုန်းကွာခြားကြသည်။

        ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော တောင်သူများအနေဖြင့် မိမိတို့ ထွန်၊ ယက် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်၊ ယာမြေများသည် မည်ကဲ့သို့သော မြေဆီလွှာအမျိုးအစားဖြစ်သည်ကို သိရှိထားရန်လိုအပ်ပေသည်။ သို့မှသာ မြေဆီလွှာအမျိုးအစားပေါ်မူတည်၍ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သော မျိုး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာနှင့် ဟော်မုန်းဆေးများကို ရွေးချယ်အသုံးပြုသင့်သည်။

နန္ဒကျော်(ရုက္ခဗေဒ)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်