ကုသ၍မရ ကာကွယ်၍သာရသော ရုံးပတီတွင် ကျရောက်သည့် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါ

08/04/2020 17:00 PM တွင် ကိုအံ့ထက်ကျော် ကိုအံ့ထက်ကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါ လက္ခဏာ

    အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတလျှောက် ကျရောက်နိုင်သည်။ ရာသီဥတုနှင့် အပင်အခြေအနေပေါ်မူတည်ပြီး ရုံးပတီပင်၏ အညွန့်ထိပ်ဖျားမှစ၍ ပုံသဏ္ဍန်မမှန် အဝါရောင်သန်းလာပြီး အဖြည်းဖြည်းပွားများလာကာ တစ်စတစ်စနှင့်  အခြားအပင်များပါ ကူးစက်ပြန့်နှံလာသည်။ အရွက်တွင်သာမက အသီးများပါ အဝါရောင်ဖြစ်လာပြီး အသီးများ ပုံသဏ္ဍန်မမှန်ခြင်း၊ ပုတို၍ အရောင်အဆင်းမလှပခြင်းများဖြစ်လာကာ စျေးကွက်အတွင်း မျက်နှာပန်းမလှ ​စျေးမရဖြစ်လာသည်။ 

ရောဂါဖြစ်စေသော သက်ရှိ

    ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကောင်သေးသလောက် နာမည်ဆိုးဖြင့်ကျော်ကြားသော ယင်ဖြူသည် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါကို အဓိကသယ်ဆောင်သူဖြစ်သည်။ United State Department Of Agriculture ( အမေရိကန် စိုက်ပျိုးရေးဌာန)၏အဆိုအရ ယင်ဖြူသည် ဓာတုဆေးဝါးများကို ယခင်ကထက် ပိုမိုခံနိုင်ရည်ရှိမှု မြင့်တတ်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ယင်ဖြူမျိုးစိတ်ပေါင်း ၁၅၅၀ ဝန်းကျင်ရှိကာ အဓိကကျသော မျိုးစိတ် ၃ ခုသည် ဗိုင်းရပ်အမျိုးအစားပေါင်း ၁၀၀ ကျော်ကို ဖြစ်ပေါ်စေသည်။ ယင်ဖြူတစ်ကောင်သည် သက်တမ်းတလျှောက် ဥ ၁၀၀ ဝန်းကျင်မှ ဥ ၄၀၀ နှင့်အထက် မျိုးစိတ်များပေါ်တွင်မူတည်ပြီး ဥ ဥနိုင်သည်ကို တွေ့ရသည်။

ရောဂါကျရောက်သော အဓိကလက်ခံပင်များ

    ပဲမျိုးရင်းဝင်များ၊ ရုံးပတီ၊ ပဲတိုင်ထောင်၊ ခရမ်း၊ ခရမ်းချဥ်၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်အတော်များများသည် ရောဂါလက်ခံပင်များဖြစ်သည်။

ရောဂါဖြစ်ပေါ်မှုကိုအားပေးသော အခြေအနေ

    အဆိုပါရောဂါကို တစ်နှစ်ပတ်လုံးတွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သောရာသီတွင် ယင်ဖြူပေါက်ပွားမှုနှုန်း မြင့်တက်ကာ ဆိုးဆိုးဝါဝါးဖြစ်ပေါ်စေတတ်သည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များ စိုက်ခင်းအဟောင်းများအား မဖျက်ဆီးဘဲ စိုက်ခင်းအနီးထားရှိခြင်း၊ စိုက်ခင်းနှင့် မသက်ဆိုင်သော အပင်များ ( ဥပမာ ရုံးပတီခင်းထိပ်တွင် အိမ်စားရန်ဟုဆိုကာ ခရမ်းချဥ်များစိုက်ထားခြင်း) တို့သည် ယင်ဖြူခိုအောင်းရန်နေရာများ ဖြစ်ပေါ်လာကာ ရောဂါပြန့်နှံ့မှုကို ပိုမိုဆိုးဝါးစေသည်။

    ပုလဲများ အလွန်အကျွံအသုံးပြုခြင်း၊ ရွက်ဖြန်း​မြေသြဇာများ အလွန်အကျွံအသုံးပြုခြင်း ၊ ဆေးတစ်မျိုးတည်းကို ရေရှည်အသုံးပြုခြင်းတို့သည် ပိုးမွှားများ ပိုမိုကျရောက်စေနိုင်ပြီး ဆေးဝါးယဥ်ပါးမှုပြသနာများ ကြုံလာရနိုင်ကာ ရောဂါဖြစ်ပေါ်မှုကို ပိုမိုအားပေးသောအခြေအနေကို ပိုမိုဖြစ်ပေါ်စေသည်။

ထိခိုက်ပျက်ဆီးနိုင်မှုအခြေအနေ

    ရုံးပတီပင်တွင်  ၈၀ မှ ၁၀၀ ရာနှုန်းအထိ စီးပွားရေးအရ ထိခိုက်ပျက်ဆီးစေနိုင်သည်။ ယင်ဖြူသည် အရွက်အောက်မျက်နှာပြင်တွင်နေကာ အဆိုနေရာတွင်သာ ဥဥကာ မျိုးဆက်ပြန့်ပွားစေသည်။ အညစ်အကြေးစွန့်ရာမှတစ်ဆင့် ကြပ်ခိုးမှိုများကို ဖြစ်ပေါ်စေပြီး ယင်ဖြူစုပ်စားသည်ဒဏ်ကြောင့် အပင်၏ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကို ရပ်တန့်စေသည်။

    အဝါရောင်မိုစေ့ဗိုင်းရပ်ကျရောက်ပါက အသီးများ ပုံသဏ္ဍန်မမှန် ဝါ၍ ရောင်ပန်းမလှခြင်းကြောင့် ကုန်သည်၊ ပွဲစား၊ စားသုံးသူမကြိုက်​ခြင်းသည် စျေးနှိမ်ခံရခြင်းအကြောင်းအရာကို အဓိကဖြစ်စေသော အချက်ဖြစ်သည်။ ရောဂါရ ပင်ကြွင်းပင်ကျန်များ နှင့် သက်ဆိုင်သော အစိတ်အပိုင်းများကို မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ရောဂါ ပြန့်ပွားမှုကို မထိန်းချုပ်နိုင်ခြင်း၊ အခြားအပင်များကို ရောဂါပျံ့နှံ ကူးစက်လွယ်ခြင်းနှင့် ရောဂါစဥ်ဆင်မပြတ် ကူးစက်ပျံ့နှံ့စေရန် အခြေအနေပေးနေခြင်းတို့ကို ဖြစ်စေသောကြောင့် အဆိုပါရောဂါကို ထိန်းသိမ်းရခက်ခဲစေနိုင်သည်။

ရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ဖို့ သိရှိရမည့်အချက်များ

***ဆေးဝါးသုံးစွဲမှုတစ်ခုတည်းကို အားကိုး၍မရဘဲ အောက်ပါအချက်များကို သတိပြုလိုက်နာပါ***

၁. အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတလျှောက် စုပ်စားပိုး အထူးဂရုစိုက်ကာကွယ်ပါ။

၂. ရောဂါရ ပင်ကြွင်းပင်ကျန်များ၊ စိုက်ခင်းအဟောင်းများအား မွေးမြူထိန်းသိမ်းစောင့်ရှောက်ခြင်းအား ရှောင်ကျဥ်၍ သုတ်သင်ရှင်းလင်း ဖျက်ဆီးပစ်ပါ။

၃. ပုလဲအပါအဝင် အခြားရွက်ဖျန်းမြေသြဇာများ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။

၄. သဘာဝမြေသြဇာ များများသုံးပါ။

၅. မြေ၏ PH level (မြေချဉ်ငံကိန်း) ကို သိရှိအောင်လုပ်၍ ​​မြေပြင်ပါ။

၆. ဆေးဖျန်းစနစ် မှန်ကန်ပါစေ။

၇. ဆေးတစ်မျိုးတည်းကို ရေရည်အသုံးပြုခြင်း၊ မလိုအပ်ဘဲ ဆေးပြင်းများ အလွန်အကျွံ ဖျန်းခြင်းသည် ဆေးဝါးယဥ်ပါးမှုပြသနာကို ပိုမိုကြီးထွားစေသည်။

၈. အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်အသုံးပြုပါ။

၉. ကနဦးကျရောက်သည့် လက္ခဏာပြ လက်ခံပင်များအား ဖယ်ရှားရှင်းလင်း ဖျက်ဆီးပစ်ပါ။

၁၀. ရောင်ပြန်ပါသည့် ပလပ်စတစ်များ ဖုံးအုပ်စိုက်ပျိုးပါ။

၁၁. စိုက်ခင်းအတွင်း ပိုမွှားကျရောက်မှုကို ပိုမိုမြန်ဆန်စွာ သိရှိနိုင်ရန် အရောင်ပါသော စတစ်ကာ ကပ်ခွာပါ ထောင်ခြောက်များ အသုံးပြုပါ။

၁၂. စိုက်ခင်းပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မူရင်းလက်ခံပင်များ၊ ရောဂါသယ်ဆောင်ပျံ့နှံ့စေသော မူရင်းဇစ်မြစ်များအား ​ဖယ်ရှားသုတ်သင်ရှင်းလင်းပစ်ပါ။

၁၃. ယင်ဖြူခိုအောင်းစေနိုင်သော နေရာများအား ဖျက်ဆီး ဖယ်ရှား ရှင်းလင်းပစ်ပါ။

ဓာတုဆေးဝါးများဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    အပင်တွင် ယင်ဖြူကျရောက်မှုကို တားဆီးကာကွယ်ခြင်းသည် ရောဂါဖြစ်ပေါ်မှုကို ရပ်တန့်စေနိုင်သည်။ ဓာတုဆေးဝါးတစ်မျိုးတည်းကို အားကိုးခြင်းသည် ရေရှည်ဖြေရှင်းသော နည်းလမ်းမဟုတ်ကြောင်းကိုလည်း သတိအထူးပြုစေချင်သည်။

Imidachloprid အင်မီဒါကလိုပရစ်

Buprofefezin 

Dinotefuran ဒိုင်နိုတီဖျူရန်

Emamectin Benzoate အီမာမက်တင် ဘန်ဇိုအိတ်

Fipronil ဖစ်ပရိုနေး 

Thiamethoxam သိုင်ရာမီသိုဇမ်

Lambda -Cyhalothrin + Chlorantraniliprole လန်ဒါ - ဆိုင်ဟေလိုသရင် + ကလိုရန်ထရန်နီလီပရိုး

Lambda Cyhalothrin + Thiamethoxam  လန်ဒါ - ဆိုင်ဟေလိုသရင် + သိုင်ရာမီသိုဇမ်

Prethroid ပရီသရွိုက်နှင့်အတူ organophosphate အော်ဂန်နိုဖော့စဖိတ် . Carbamate ကာဘာမိတ် အုပ်စုများဖြင့် တွဲဖက်အသုံးပြုခြင်းသည် အာနိသင်ပိုမိုထိရောက်စေသည်။

ပိုးသတ်ဆေးများကို မှတ်ပုံတင်ထားခြင်းရှိမရှိစစ်ဆေးပါ.

ညွှန်းဆိုနှုန်းထားအတိုင်း အသုံးပြုပါ။

အံ့ထက်ကျော်

Reference

www.irac-online.org

www.usda.gov

www.researchgate.net

EWS မှထွက်ရှိသော စိုက်ပျိုးနည်းလမ်းညွန်များ

Wikipediaa


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်