အော်ဂဲနစ်စားသုံးခြင်းဖြင့်တွေ့ကြုံနိုင်မည့် ကောင်းကျိုး ဆိုးကျိုးများ

30/09/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အော်ဂဲနစ်လို့ ပြောလိုက်ရင် နာမည်တော်တော်ကြီးနေပါပြီ၊ ဘယ်သူမဆို သိနေကြပြီ။ ဒါပေမဲ့ ဒီစာကိုရေးမိလို့ စိတ်ဆိုးကြမလားပေါ့။ စိတ်ဆိုးလည်း တောင်းပန်တယ်ပေါ့။ ကဲ ကြိုတောင်းပန်ထားရင် ဘာလဲဆိုတာ သိတော့လေနော်။

   အော်ဂဲနစ် အစားအစားတွေဆိုတာ ခုဆိုရင် နာမည်ကြီးပြီးတော့ ဝယ်လိုသူတွေ များလာနေတဲ့ ပစ္စည်းတွေဖြစ်လာနေတာပါ။ အကြမ်းဆိုရင် အော်ဂဲနစ်ဆိုတာမျိုးက မျိုးဗီဇတွေကို မပြောင်းလဲထားဘူး၊ ဓာတ်မြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေ မသုံးထားဘူး၊ အဲ့လို ထုတ်လုပ်ထားပြီးတော့ အနည်းဆုံး (၉၅) ရာခိုင်နှုန်းက အော်ဂဲနစ်လို့ စိတ်ချရတယ်ဆိုရင် USDA က အော်ဂဲနစ်လို့ သတ်မှတ်ပေးပါတယ်။  အော်ဂဲနစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုရင် အနည်းဆုံး (၇၀)ရာခိုင်နှုန်းက အော်ဂဲနစ်ဖြစ်ရပါမယ်။ အဲ့လို သတ်မှတ်ထားပါတယ်။ ကဲ အဲ့ဒါတွေက ဘာတွေ ကောင်းတာတွေ ဆိုးတာတွေရှိမလဲဆိုတာကို လေ့လာကြည့်ရအောင်။

ကောင်းချက်တွေ

(၁) အော်ဂဲနစ် အစားအစာတွေဟာဆိုရင် အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေ၊ မျိုးဗီဇ ပြောင်းလဲထားတာတွေ တစ်ခြားထပ်ပေါင်းပစ္စည်းတွေမပါပါဘူး။ 

   အင်းဆက်ဖျက်ပိုးတွေ၊ ကြွက်၊ ပေါင်းနဲ့ မှိုတွေကို ကာကွယ်နှိမ်နင်းတဲ့နေရာမှာ သုံးတဲ့ ပိုးသတ်ဆေးတွေဟာ အဆိပ်သင့်စေဖို့အတွက် တီထွင်ထားတာပါ။  လေ့လာမှုတွေအရဆိုရင် အော်ဂဲနစ်မဟုတ်ပဲ သမားရိုးကျ စိုက်ပျိုးနည်းတွေမှာ အော်ဂဲနစ်စိုက်ပျိုးနည်းတွေထက် (၄) ဆလောက် ဆေးကို ပိုသုံးပါတယ်။ ကဲ အဲ့တော့ အော်ဂဲနစ်တွေက ဘေးပိုကင်းတယ်လို့ ပြောလို့ရပါတယ်။ 

(၂) သမားရိုးကျစိုက်ပျိုးတာထက် ပတ်ဝန်းကျင်ကို သက်ရောက်မှုတွေ နည်းပါးတယ်။ 

   အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုတွေကနေပြီးတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကိုဖြစ်စေတဲ့  ပစ္စည်းတွေ ထုတ်လုပ်မှုက ပိုနည်းပါးပါတယ်။ UN က ထုတ်ပြန်ထားတာတော့ စိုက်ပျိုးမြေ ဧရိယာတော်တော်များများရဲ့ အောက်ဖက်မှာရှိနေတဲ့ မြေအောက်ရေတွေဟာ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေနဲ့ရောပြီးတော့ မသန့်ရှင်းတဲ့ရေတွေအဖြစ် ပြောင်းလဲနေပြီဆိုတာကို ထောက်ပြထားပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုရင် အဲ့လို အဆိပ်ပြင်း အာနိသင်တွေပြင်းထန်တဲ့ မြေသြဇာတွေကို သုံးတာမျိုးက နည်းပါးတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးတယ်ဆိုတာကို လက်ခံရမှာပါ။

(၃) အာဟာရတန်ဖိုးအားဖြင့်တော့ အော်ဂဲနစ်အစားအစာတွေမှာ ပိုပြီးတော့များပါတယ်။

   ၂၀၁၄ ကတည်းက လုပ်ခဲ့တဲ့ လေ့လာမှုတွေအရဆိုရင်တော့ အော်ဂဲနစ်သီးနှံတွေမှာ အန်တီအောက်ဆီဒင့် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေ ပိုပြီးတော့ များများပါဝင်တယ်၊ အာဟာရဓာတ်တွေလည်း ပိုပြီးတော့ ပါဝင်တယ်လို့ တွေ့ထားပါတယ်။ အဲ့ဒါတွေပါတာက ဘာတွေဖြစ်နိုင်မလဲဆိုရင် ဆဲလ်တွေကို ကာကွယ်ပေးတယ်။ ပြီးတော့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေရယ်၊ အယ်လ်ဇိုင်းမားရောဂါတွေရယ်နဲ့ ကင်ဆာရောဂါတစ်ချို့ကို ကာကွယ်ပေးနိုင်ပါတယ်။ 

   အော်ဂဲနစ်နည်းနဲ့ ထုတ်လုပ်ရရှိလာတဲ့ နို့ဆိုရင်လည်း တစ်ခြား အော်ဂဲနစ်မဟုတ်တဲ့ နို့နဲ့ ယှဉ်လိုက်ရင် အိုမီဂါ (၃) အက်ဆစ် က (၂) ဆလောက်ပိုပါနေတာ ဖြစ်ပါတယ်။  အဲ့လို ရှာဖွေထားတဲ့ သုတေသနတွေကလည်း အော်ဂဲနစ်ကြောင့်ဖြစ်မယ်လို့ ယုံကြည်ကြပါတယ်။ 

(၄) စိတ်ချရတယ်။ 

   အော်ဂဲနစ် ထုတ်လုပ်မှုတွေကရတဲ့ အသားတွေဟာဆိုရင် ဟော်မုန်းအမျိုးမျိုးနဲ့ တစ်ခြားပစ္စည်းတွေ မပါဝင်ဘူးလို့ ယူဆနိုင်တာကြောင့် ဖြစ်ပါတယ်။

မကောင်းတာတွေ ဘာရှိမလဲဆိုတော့ 

(၁) ဈေးကြီးတယ်

   ဟုတ်ပါတယ်။ အော်ဂဲနစ်လို့ပြောလိုက်ရင် ဈေးကြီးတယ်ဆိုတာက တွဲပြီးတော့ လိုက်လာတာပါ။ အဲ့လို ဈေးများတာက ဘာလို့ဖြစ်တာလဲဆိုရင် အော်ဂဲနစ်ရဲ့အထွက်က သမားရိုးကျစိုက်တာပျိုးတာလောက် မထွက်တာက တစ်ချက်ပါပဲ။ ဒါကြောင့် ဈေးကများရတဲ့အပြင် စိုက်နည်းစနစ်ကလည်း မတူတဲ့အတွက်ကြောင့် တစ်ချို့ ကုန်ကျစရိတ်လေးတွေရှိတာကလည်း တစ်ချက်ဖြစ်ပါတယ်။

(၂) အော်ဂဲနစ်ကလည်း အီကိုလိုင်နဲ့ ဆဲလ်မွန်နယ်လာတို့ ပါဝင်နိုင်တာပါပဲ။ 

    အစားအစာတွေအားလုံးဟာ သူတို့နဲ့ မလွတ်ကင်းနိုင်ပါဘူး။ သူတို့ပါဝင်ရင် ဘာဖြစ်နိုင်လဲဆိုတော့ ဖျားနာတာမျိုးဖြစ်တတ်ပါတယ်။ အစားအသောက်ကနေ ဖျားနာစေတာပေါ့။ သူတို့က အီကိုလိုင်၊ ဆယ်လ်မွန်နယ်လာ၊ လစ်စတာရီယားနဲ့ တစ်ခြားသော ဘက်တီးရီးယားလေးတွေဖြစ်ပါတယ်။ အဲဒါဟာ အော်ဂဲနစ်မို့လို့ မကပ်ပါဘူး၊ မရှိပါဘူးဆိုတဲ့ အာမခံချက်တော့မရှိပါဘူးနော်။

(၃) အော်ဂဲနစ်ပစ္စည်းတွေက တာရှည်မခံပါဘူး။

   ဟုတ်တာပေါ့။ သဘာဝနည်းအတိုင်းဆိုတော့ အော်ဂဲနစ်သီးနှံတွေက ဘယ်လိုမှ အထားမခံတာက အမှန်ပါပဲ။ ဖယောင်းတောင် မသုတ်တာဆိုတော့ သူများတွေထက် ပိုပြီးတော့ ညိုးလွယ်ပါတယ်။

   ကဲ ဒါဆိုရင်တော့ အော်ဂဲနစ် အစားအစာတွေကနေ ကျွန်တော်တို့ကို ဘာတွေပေးနေလဲဆိုတာကို နည်းနည်းလောက်တော့မြင်လိမ့်မယ် ထင်ပါတယ်နော်။ 

ထွန်းဝင်းကျော်

http://lifeprovidr.com/food-and-nutrition/pros-cons-organic-foods/

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်