သီးနှံများသည် မိုးလေဝသအခြေအနေပေါ်မူတည်၍ စိုက်ပျိုးထုတ်လုပ်ကြရပေသည်။ ထို့ကြောင့် သဘာဝတရား အတိုင်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓါတ်ကြီးလေးပါးကဲ့သို့ စိုက်ပျိုးမြေများတွင် မြေဆီလွှာ၊ အပူချိန်၊ ရေ၊ လေ တို့နှင့် သီနှံပင်များ (တစ်နည်းအားဖြင့်) သက်ရှိလောကသားများ ရှင်သန်ပေါက်ဖွား မှီတင်းနေထိုင်မှု များတွင် ယခုကဲ့သို့ ကြုံတွေ့ရေသော အပူချိန်တစ်ခုတည်းသာမက ကျန် ၃ ခုသည်လည်းပါဝင်ပက်သက် ဆက် နွယ်နေကြောင်းကို လေ့လာသိရှိထားသင့်ပါသည်။ သို့မှသာလျှင် မိမိလုပ်ငန်းအတွက် ညီညွတ်မျှတစေပြီး တစ်ဧကအတွက် ကုန်ကျစရိတ်များအား ခြိုးခြံချွေတာစွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။
အပူချိန်များကို တွန်းလှန်ဖယ်ရှားရန်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်သူများမှာ မြန်မာ့ဆိုစကားနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည့် အချက် (၃) ချက်ရှိပေသည်။ မိုးရွာတုန်းရေခံ၊ နေပူလျှင်စပါးလှန်း၊ လသာတုန်းဗိုင်းငင် ဆိုစကားကဲ့သို့ ယနေ့စိုက်ပျိုးထုတ်လုပ်သူများသည် မိမိသီးနှံများ အပူချိန်လွန်ကဲစွာ ကျရောက်မှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် ရေသိုလှောင်မှု စနစ်များကို ကျင့်သုံးကြရပေမည်။ ဥပမာ - အညာဒေသတစ်ခုတွင် မိမိစိုက်ခင်းအတွင် အလျား ၁၅ ပေ × အနံ ၁၂ ပေ × အမြင့် ၄ ပေခွဲ ကန်တစ်ကန် တူးဖော်ထားမည်ဆိုလျှင် ရေပမာဏ ၆၆၆၀ ဂါလန် ကို စုဆောင်းထားနိုင်ပြီး မိမိသီးနှံအတွက် ရေလိုအပ်သောအချိန်များတွင် ဖြည့်စွက်ပေး ခြင်းအားဖြင့် သီးနှံများပျက်ဆီးယိုယွင်းမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။
မိုးလေဝသပညာရှင်တစ်ဦး၏အဆိုအရ မြေဧရိယာ အလျားတစ်မိုင်၊ အနံတစ်မိုင် ဧကအားဖြင့် (၆၄၀)တွင် မိုးရေ ချိန်လက်မ ရွာသွန်းသောမိုးရေပမာဏသည် ဂါလန်ပေါင်း (၁၉၂) သန်းနှင့် ညီမျှသည်ဟု တောင်သူပညာပေး ဆွေးနွေးပွဲမှ သိရှိခဲ့ရပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြောင်းလဲလာသော ရာသီဥတုကြောင့် ရေလိုအပ်မှုဖြစ်ကာ မိမိသီးနှံများ ပျက်ဆီယိုယွင်းမှု မဖြစ်ရလေအောင် ဉာဏ်အမြော်အမြင်ထုတ်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပျသင့်သည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
ဦးထင်အောင်ရှိန် (ဘိုးရာဇာ)