တင်းဝါး

26/03/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တင်းဝါးကို ပေါင်းသင်းဝါး၊ ကြတ်ဝါး ဟုလဲခေါ်ကြသည်။ ကောက်ညှင်းကျဉ်တောက်ဝါး ၊ခဲတံကျဉ်တောက်ဝါး ဟုလည်းခေါ်ကြသည်။

တင်းဝါးကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသည်။ အထူးသဖြင့် တောင်နိမ့်များရှိ မြစ်ချောင်းများအနီး ရောနှောရွက်ပြတ်သစ်တောများတွင် အလွန်ပေါသည်။ အလွန်အဖိုးတန်သော ကျွန်းပင်များနှင့်အတူ ပေါက်လေ့ရှိသည်။

တင်းဝါးသည် အထက်ရောနှောရွက်ပြတ်တောစိုတွင် ကြသောင်းဝါးနှင့် ရောနှော၍ သန်စွမ်းစွာပေါက်ပြီး မခြောက်တစ်ခြောက်နှင့် အခြောက်ဆုံးသော အထက်ရောနှောရွက်ပြတ်တောခြောက်တွင် မျှင်ဝါးနှင့်ရောလျက် ကျုံလှီစွာ ပေါက်သည်။ တင်းဝါးသည် ရေဆင်းကောင်းသော မြေနုသစ်ပေါ်တွင် အသန်ဆုံးဖြစ်သည်။ နှစ်အတော်ကြာ မီးကာကွယ်ထားသော တောများတွင် ကောင်းမွန်စွာပေါက်သည်။ နာဂတောင်းတန်းတွင် အလေ့ကျပေါက်သည်။

ဝါးရုံသည် မပြည့်ကြပ်။ ပင်စည်သည် မတ်၍ဖြောင့်သည်။ တင်းဝါး၏ထူးခြားချက်မှာ အောက်ပိုင်းတွင် ဆစ်ကြားသည် ၆လက်မခန့်ရှည်သော်လည်း အပေါ်ပိုင်းတွင် ၁၂-၁၈ လက်မရှည်သည်။ ကိုင်းဖျား၌ ဆူးရှိသည်။

အရုံလိုက်ပေါက်၍ ပေ ၄၀-၆၀ အထိ မြင့်သည်။ ပင်စည်သည် ဝါကြန့်သောအရောင်ဖြစ်၍ အပင်ငယ်စဉ်တွင် အဖြူရောင် အမှုန့်ကလေးများပါရှိသည်။ ဆစ်ကြား ၁၀-၃၀ လက်မ နှင့် အချင်း ၂ လက်မ မှ ၃ လက်မအထိ ရှိသည် မကြာ ခဏ ကွက်ကြားသုဉ်း၍ တစ်ခါတစ်ရံ ဝါးတောကြီးတစ်တောလုံး သုဉ်းတတ်သည်။

တင်းဝါးမျှစ်ကို တောင်ပေါ်ဒေသများ၌ ပေါင်းသင်းမျှစ်ဟု ခေါ်ကြသည်။ တင်းဝါးမျှစ်ကို ချက်စားရာတွင် လေးလေးပင် ပင်မချိုပဲ အချိုပေါ့သည်။ တင်းဝါးမျှစ်ကို မျှစ်ချဉ် (သို့) မျှစ်ခြောက် ပြုလုပ်နိုင်လောက်အောင် များများစားစားမရနိုင်ပါ။ ဝါးရုံတစ်ရုံတွင် ၂ချောင်းမှ ၃ချောင်းအထိသာပေါက်

တတ်ပြီး တင်းဝါးရုံများမှာလဲ အနေကျဲသောကြောင့် ဝါးတောတစ်တောလုံးမှ မျှစ်လေးငါးဆယ်ချောင်းချိုးယူရရှိနိုင်ရန် ခက်ခဲလှပေသည်။

အကယ်၍ တင်းဝါးမျှစ်ကို ခဲခဲယဉ်းယဉ်း ချိုးယူရရှိခဲ့လျှင်လဲ သနဝါးမျှစ်ကဲ့သို့ အခေါင်းပွအသားပါးသောကြောင့် ကြာ ရှည်စားသုံးရန် သိုမှီးထားဖို့မလွယ်ပါ။ လက်တလော ချက်ပြုတ်စားသောက်ရန်သာဖြစ်နိုင်သည်။ မျှစ်ဘဝမှ ဝါးနုဘဝသို့ ရောက်လာလျှင် ကောက်ညှင်းကျဉ်တောက်ဝါး၊ ခဲတံကျဉ်တောက်ဝါး အဆင့်သို့ရောက်လာသည်။

တင်းဝါးသည် ဝါးကပ်ထောင်လုပ်ငန်းများနှင့် ဝါးလက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်ဝါးဖြစ်ပါသည်။ အများအားဖြင့် တင်းဝါးကို ယွန်းထည်များ၊ နှီး၊ ဝါးဖျာ၊ ခြင်းတောင်း၊ ဝါးကပ်ယက်လုပ်ရာတွင် အဓိက အသုံးပြုကြသည်။ အလွန်စားကောင်းလှသော ပေါင်းသင်း/ ခဲတံကျဉ်တောက်အတွက် မရှိမဖြစ်ဝါးဖြစ်သည်။ မြေအသင့်အတင့်ကောင်း၍ ရေ လောင်းပေးနိုင်လျှင် စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။

(20.3.2019)

ကိုစောသီဟမောင်

အစိမ်းရောင်ကမ္ဘာမဟာမိတ်အဖွဲ့ ( Green World Alliance )

ကိုးကား။     naypyidaw bamboo forum

ဒေါက်တာစန်းဝင်း (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)

ဝါး (သီရိပျံချီ ဦးချိန်ဟို)

မျှစ် (ကမ္ဘောဇ မြင့်လွင်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်