ဒတ်ချ်လူမျိုးတွေရဲ့ စိုက်ပျိုးစျေးကွက်နှင့် အစုအဖွဲ့ရွေ့လျားဈေး

23/11/2018 10:30 AM တွင် Khin Sandar Nyunt Khin Sandar Nyunt မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစုအဖွဲ့ရွေ့လျားဈေးပုံစံကိုတော့ ကျွန်မကျောင်းတက်တဲ့ Maastricht မြို့ရဲ့ ဓာတုလွတ်စိုက်ပျိုးရေးခြံတစ်ခု (LOCO Maastricht) မှာ လုပ်အားပေးရင်း လေ့လာခဲ့ပါတယ်။ ဒီနည်းနာက တနိုင်စိုက်ပျိုးရောင်းချသူ ၄ဦး၊ ၅ဦးလောက်နဲ့ အလုပ်ဖြစ်ပါတယ်။ အွန်လိုင်းကနေ ပစ္စည်းမှာ၊ ငွေချေတာကိုလုပ်ပါတယ်။ သတ်မှတ်စုရပ်နေရာ၊ အချိန်ကို သတ်မှတ်ထားပါတယ်။ ကျောင်းဝန်း၊ ကုမ္ပဏီ၊ ဟိုတယ်ဝန်း စတဲ့နေရာတွေမှာ ဈေးရောင်းဖို့နေရာကို ခွင့်တောင်းထားပါတယ်။ သတ်မှတ်အချိန်အတွင်း တစ်ခဏတာအသုံးပြုတဲ့သဘောဖြစ်တယ်။ အဲ့ဒီအတွက် နေရာအသုံးပြုခ ပိုက်ဆံပေးစရာမလိုပါဘူး။ ဈေးနေ့ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ အဲ့ဒီနေ့အတွက် စုရပ်နေရာတွေနဲ့ အချိန်တွေကို ပုံမှန်သတ်မှတ်ထားပါတယ်၊ ဖောက်သည်တွေကို အကြောင်းကြားထားပါတယ်။ ဥပမာ - စုရပ် () အတွက် အမှတ် () စာသင်ကျောင်းဝန်း ည၃ နာရီမှ ၅ နာရီ၊ စုရပ် () ဟိုတယ်ဝန်းအတွင်း ညနေ ၆ နာရီမှ ၈ နာရီ စသဖြင့် သတ်မှတ်ထားပြီး ဈေးရောင်းသူ () ဦး၊ () ဦး အစုအဖွဲ့လေးဟာ တစ်နေရာမှ တစ်နေရာ ရွေ့လျားသွားလာပြီး ဈေးရောင်းကြပါတယ်။ ထုပ်ပိုးပြီးသား မှာထားတဲ့ပစ္စည်းကို သတ်မှတ်အချိန်အတွင်း စုရပ်နေရာမှာ အရောင်းအဝယ်ပြုကြတာပါ။ မှာထားတာမဟုတ်လည်း ဝယ်လို့ရပါတယ်။ ဈေးရောင်းသူ အနည်းငယ်နဲ့ အစုအဖွဲ့ဈေး ပုံစံလေးပါ။ လုပ်ရကိုင်ရတာ တနိုင်ဖြစ်တယ်၊ ဝန်ကျဉ်းတယ်၊ စီမံခန့်ခွဲရလွယ်တယ်၊ စုရပ်အချိန်မတိုင်ခင် ခြံထဲကနေ လတ်လတ်ဆတ်ဆတ်ခူးဆွတ် ထုပ်ပိုးပြီးလာရောင်းကြတာဖြစ်တဲ့အတွက် လတ်ဆတ်တယ်၊ မှာသလောက်သာ ခူးဆွတ်လာတာဖြစ်တဲ့အတွက် ရောင်းမကုန်၍အလေအလွင့်ဖြစ်မှာ စိတ်ပူစရာမလိုပါဘူး၊ ရောင်းသူ ဝယ်သူပုံမှန်ဆုံတွေ့နေကျ လူမှုရပ်ဝန်းလေးတွေ ဖြစ်လာတယ်၊ မိမိမှာရှိတဲ့ အသိပညာကို ပြန်လည်ဝေမျှတဲ့ အစီအစဉ်တွေ၊ လေ့လာရေးအစီအစဉ်တွေကို စုဖွဲ့ပြီးတော့လည်း လုပ်ကြတယ်။

အခြားနည်းနာများ (စိုက်ခင်းတွေဟာ ဧည့်ခန်းတွေသဖွယ်ပြင်ဆင်ခြင်း၊ အိမ်ဈေးဆိုင်ဖွင့်ရောင်းခြင်း၊ အိမ်တိုင်ရာရောက် ပို့တဲ့စနစ်၊ နီးစပ်ရာ ကော်ဖီဆိုင်များတွင် ပစ္စည်းတင်ရောင်းတဲ့ပုံစံ)

(က) ဒတ်ချ်တွေရဲ့ထူးခြားချက်က စိတ်ချမ်းမြေ့သာယာဖွယ်ဖြစ်အောင် ပြင်ဆင်နေထိုင်တတ်ခြင်းပါ။ “Gezellig” ဆိုတဲ့အသုံးအနှုန်းရှိပါတယ်။ နှစ်လို ကြည်နူးဖွယ် ဝန်းကျင် (nice and cozy atmosphere) ဆိုတဲ့ သဘောအနက်ဖွင့်ပါတယ်။ ဒီအနှစ်သာရအပေါ်အခြေခံပြီး သူတို့စိုက်ပျိုးရေးလုပ်တဲ့အခါ၊ စားသုံးသူကိုချဉ်းကပ်တဲ့အခါ ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခု ခြေကုပ်ရပ်တည်နိုင်အောင် ပုံဖော်လုပ်ဆောင်တယ်လို့ Vegetable Farm ‘Tuinderij Croy’, The Netherlands ဆိုတဲ့ ဆောင်းပါးမှာ လူငယ်စိုက်ပျိုးရေးသမား Marieke ကဆိုပါတယ်။ စိုက်ပျိုးရေးခြံတွေကိုသွားရောက်လေ့လာတဲ့အခါ သတိပြုမိတဲ့အချက်က စိတ်ကြည်နူးသာယာဖွယ်ဖြစ်အောင် ပြင်ဆင်ထားခြင်းပါ။ ဂေဟစနစ်ကိုအကျိုးပြုစေတဲ့ စိုက်ပျိုးရေးပုံစံဖြစ်တဲ့အတွက် ပန်းပင်၊ အသီးအနှံပင် စုံလင်စွာနဲ့ မျှတအောင်နေရာချစိုက်ပျိုးတဲ့အတွက် စိတ်ကြည်နူးစရာ မြင်ကွင်းကိုဖြစ်စေတယ်၊ ကော်ဖီဆိုင်၊ ခြံထွက်ပစ္စည်းရောင်းတဲ့ ဈေးဆိုင်တွေကိုလည်း တပါတည်းတွဲ ဖွင့်ထားတာမျိုး တွေလည်းရှိတယ်။ ဆိုင်အပြင်အဆင်၊ အခင်းအကျင်းက စိတ်အေးလက်အေး အနားယူစရာ နေရာတွေအဖြစ် ဈေးဝယ်သူတွေကို ဆွဲဆောင်ထားတယ်။ အသီးအနှံအထွက်ကောင်းအောင် စိုက်ပျိုးရုံသက်သက်သာမဟုတ်၊ စိုက်ပျိုးရေးခြံ တွေကို အပန်းဖြေစရာ၊ လူနေထိုင်စရာ ဧည့်ဆောင်တွေသဖွယ် ရှိနေစေတယ်။

() အိမ်ဈေးဆိုင်အနေနဲ့ ဈေးနေ့သတ်မှတ်ပြီး တနိုင်ရောင်းချတာတွေရှိပါတယ်။ လက်ရှိစိုက်ပျိုးရေးခြံအနေနဲ့ အပတ်စဉ် စနေနေ့တိုင်း ခြံထဲမှာ ဆိုင်ဖွင့်ရောင်းပါတယ်။ အသီးအနှံထုပ်ပိုးပြင်ဆင် သိုလှောင်တဲ့ ဂိုထောင်ထဲမှာပဲ ဈေးဆိုင်အနေနဲ့ ခင်းကျင်းပြင်ဆင်ပြီးရောင်းတာပါ။ ဈေးနေ့ဆို ခြံရှေ့မှာ ဗီနိုင်းပိုစတာချိတ်ထားတယ်၊ လမ်းညွှန်ထားတယ်။ ပုံမှန်ဖောက်သည်ပဲဖြစ်ဖြစ်၊ လမ်းရှေ့ဖြတ်သွားဖြတ်လာပဲဖြစ်ဖြစ် ဝင်ဝယ်ကြပါတယ်။ မနက် (၁၀)နာရီကနေ ညနေ () နာရီအထိဖွင့်ပါတယ်။ အဲ့ဒီလိုဈေးနေ့ဆို ပျော်စရာပါ။ ခြံထဲမှာ ဈေးလာဝယ်သူ၊ ကိုယ်တိုင်လာခူးသူတွေနဲ့ စည်စည်ကားကားရှိလှပါတယ်။

() အိမ်တိုင်ရာရောက်ပို့တဲ့စနစ် (ဒါမှမဟုတ်) သတ်မှတ်နေရာဆီ ပို့ပေးတဲ့စနစ်မှာတော့် အသီးအနှံအစုံ၊ ခြံထွက်ပစ္စည်း အစုံကို သစ်သားသေတ္တာထဲထည့်ပြီး သတ်မှတ်နေရာအရောက်ပို့တဲ့ ဝန်ဆောင်မှုပါ။ ‘Tuinderij Croy’ ဆောင်းပါးထဲက Marieke ရဲ့နည်းနာက ဒေသသတင်းစာတွေ၊ လမ်းကမ်းကြော်ငြာတွေနဲ့ လူသိများအောင်လုပ်ပြီး အဖွဲ့ဝင်ရအောင်စုတယ်၊ သစ်သားသတ္တာတစ်ပုံးစီမှာ (အဖွဲ့ဝင်) ဖောက်သည်တစ်ယောက်ချင်းစီရဲ့ နာမည်ရေးထားတယ် (အဖွဲ့ဝင် ၅၀ ရှိရင်၊ သေတ္တာပုံး ၅၀) ၊ သတ်မှတ်ရက်မှာ သတ်မှတ်နေရာတွေဆီ ပို့ပေးတယ်။ တလောကပဲ မြန်မာပြည်မှာ အလားတူ ခြံထွက်ပစ္စည်းအစုံကိုသေတ္တာလေးတွေထဲ ပြင်ဆင်ထုပ်ပိုးပြီး အိမ်တိုင်ရာရောက်ပို့တဲ့ ဝန်ဆောင်မှုကို တွေ့လိုက်မိပါတယ်။ အခုလို တီထွင်ကြံဆပြီး သမားရိုးကျ ဈေးရောင်းဈေးဝယ်ပုံစံနဲ့ ကွဲထွက်တဲ့ ဈေးကွက်ချည်းပုံစံတွေကို မြင်တွေ့လာရတာ ဝမ်းသာစရာပါ။

() ဒါ့အပြင် နယ်သာလန်မှာ သွားရင်းလာရင်း သတိထားမိတာတစ်ခုက ကော်ဖီဆိုင်တွေမှာလည်း ကုန်ခြောက်ပစ္စည်း (ဥပမာ ကြက်သွန်၊ အာလူး၊ ကန်စွန်းဥ၊ ယို၊ ဒိန်ခဲ) တွေကို ဆိုင်မှာတင်ပြီး ရောင်းချပါတယ်။ အထူးသဖြင့် ကျန်မာရေးအတွက်သင့်လျော်တဲ့ အစားအသောက်ရောင်းချတဲ့ ဆိုင်မျိုး၊ သတ်သတ်လွတ်အစားအသောက်ဆိုင်မျိုး၊ ကိုယ်ပိုင်စိုက်ပျိုးရေးခြံရှိတဲ့ ဆိုင်မျိုးတွေမှာ အခုလိုရောင်းချတာကို အတွေ့များပါတယ်။ မိမိနဲ့သိတဲ့ ကော်ဖီဆိုင်မျိုးမှာလည်း အခုလိုတင်ပြီးရောင်းချပေးဖို့ အကူအညီတောင်းရင်လည်း အဆင်ပြေနိုင်ပါတယ်။ အလားတူပဲ မိမိခြံထွက် ဓာတုလွတ်ထုတ်ကုန်များကို ပုံမှန်ဈေးကွက်မှာရှိနေတဲ့ စူပါမားကတ်ကြီးတွေမှာ တင်ပြီရောင်းချဖို့ ချည်းကပ်ကြိုးစား နိုင်ပါတယ်။ အဲ့ဒီလို စူပါမားကတ်တွေမှာ တင်ပြီးရောင်းချခြင်းအားဖြင့် ဈေးဝယ်သူတွေအနေနဲ့ ဓာတုလွတ်ထုတ်ကုန်တွေကို သတိထားမိလာတယ်၊ ရွေးချယ်စာသုံးလာစေပါတယ်၊ ထို့အပြင် ဓာတုလွတ်စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်လည်း ပိုကျယ်လာစေပါတယ်။ ဒါ့အပြင် ကျွန်မနေခဲ့တဲ့ Utrecht မြို့မှာ EcoPlaza ဆိုတဲ့ ဓာတုလွတ်ထုတ်ကုန်တွေကိုပဲရောင်းတဲ့ စူပါမားကတ်ရှိပါတယ်။ သူက ဒေသခံ ဓာတုလွတ်စိုက်ပျိုးရေးတောင်သူတွေနဲ့ မိတ်ဖွဲ့ ချိတ်ဆက်ထားပါတယ်။ ဒေသထွက် ဓာတုလွတ်ထွက်ကုန်ကိုသာရောင်းချတယ်၊ ဒေသခံတောင်သူတွေကို အားပေးတယ် ဆိုတဲ့ဦးတည်ချက်နဲ့ပါ။ ဒါပေမယ့် ပင်မစိုက်ပျိုးသူတောင်သူတွေကနေ တဆင့်ခံယူရောင်းတာဖြစ်တဲ့အတွက် ဈေးတော့အနည်းငယ်ပိုပါတယ်။ ဒါပေမယ့် အခုလို ရွေးချယ်စရာ၊ လုပ်ကိုင်စရာ ဈေးကွက်တွေရှိတဲ့အတွက် တနိုင်ဓာတုလွတ်စိုက်ပျိုးသူ တောင်သူတွေအတွက် လုပ်ရကိုင်ရ ပိုအဆင်ပြေစေပါတယ်။

အချုပ်ဆိုရရင် အထက်ပါနည်းနာတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေ၊ လူနေမှုပုံစံ၊ စားသောက်မှုပုံစံ၊ အစားအသောက်စနစ်အပေါ် သတိပြုဆင်ခြင်တဲ့ အသိပညာရေချိန်၊ ဓာတုလွတ် တနိုင်စိုက်ပျိုးထုတ်လုပ်သူတွေအတွက် လုပ်သာကိုင်သာရှိစေတဲ့ အခြေအနေ၊ အလားတူ လှုပ်ရှားဆောင်ရွက်သူအားကောင်းများပြားလာမှု၊ မူဝါဒဆိုင်ရာပံ့ပိုးမှု၊ စတာတွေနဲ့ ဆက်စပ်နေပါတယ်။ အဲ့ဒီအတွက် မြန်မာပြည်ရဲ့ ရေခံမြေခံ၊ လူမှုဝန်းကျင်ပုံစံမှာ ပြန်အသုံးပြုလို့ရနိုင်ပါ့မလား ဆိုတာကိုလည်း စဉ်းစားဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းနာအများစုက လွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် ဈေးကွက်နည်းနာကို ကြံဆတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ အဆိုပါ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့တော့ လိုပါမယ်။ သတိထားမိတဲ့အချက်က ဈေးကွက်ချဉ်းကပ်မှုနည်းနာနဲ့ စိုက်ခင်းထဲ စီမံခန့်ခွဲမှုဟာ ချိတ်ဆက်နေသလို၊ စားသုံးသူတွေနဲ့ လူနေမှုပုံစံ၊ အသိပညာစတာတွေနဲ့ ဆက်စပ်နေပါတယ်။ ရေရှည်ရပ်တည်နိုင်ဖို့ကတော့ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ အားပေးအလေးထားမှုနဲ့အတူ အသေးစား ဓာတုလွတ်စိုက်ပျိုးရေးအတွက် သွင်းအားစုပိုင်းဆိုင်ရာ အထောက်အပံ့ပြုစေတဲ့ ပုဂ္ဂလိက ကဏ္ဍအားကောင်းလာမှု နဲ့လည်းသက်ဆိုင်နေပါတယ်။

ရေးသားသူ - ခင်စန္ဒာညွှန့် 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်