Agroecology ဆိုတာ..

21/09/2023 13:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

အချိန်အခါမဟုတ် မိုးတွေ၊ ပိုးတွေ….

ဆေးမတိုးတော့တဲ့ သီးနှံဖျက်ပိုးတွေ…

ဘယ်ကပေါ်လာမှန်းမသိတဲ့ ဖျက်ပိုးအစုလိုက် အပြုံလိုက်ကျရောက်မှုတွေ…

နွေရဲ့ အပူချိန်လွန်ကဲမှုတွေ ….

မိုးလိုချိန်မှာ မိုးမရ၊ မလိုချိန်မှာမှ ရတဲ့ ပြဿနာတွေ..

ရေကြီးရေလျှံမှုတွေ

မိုးခေါင်တာ၊ မြေပြိုတာတွေ.. ခပ်စိပ်စိပ်ကြုံလာရတာကို သတိထားမိကြသူတွေကတော့ အဖြေတစ်ခုကိုရှာပြီး လုပ်ဆောင်ဖို့ တာဆူနေကြပါပြီ။

ဒီလိုမျိုး ရာသီဥတုပြောင်းလဲမှုဒဏ်တွေကနေ သက်သာချင်သူတွေအတွက် မိမိတို့ကိုယ်တိုင် လက်တွေ့လိုက်ပါလုပ်ဆောင်နိုင်တဲ့ Agroecology လို့ခေါ်တဲ့ စိုက်ပျိုးနည်းစနစ် (တစ်နည်းအားဖြင့် ပညာရပ်) အကြောင်း မျှဝေပေးလိုက်ရပါတယ်။

Agroecology ဆိုတာ

  • အလုံးစုံခြုံငုံမိအောင် အဘက်ဘက်ကနေ စဉ်းစားထားတဲ့ လမ်းစဉ်တစ်ခုဆိုလည်းဟုတ်တယ်။
  • ဇွဲရှိရှိနဲ့ အသုံးချရမယ့် သဘောတရားရေးရာလည်း ဖြစ်ပါတယ်။
  • ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်ဖို့ အလေ့အကျင့်ကောင်းတွေရယ်နဲ့ ရေရှည်အတွက် အဆင်ပြေမယ့် အစားအစာစနစ် (Food System) တစ်ခုဖြစ်ဖို့  ဂရုစိုက်ကြရမယ့်အရာတွေရယ်  ပါဝင်ပါတယ်။

ပျက်စီးမှုတွေကို ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး ပြန်ကောင်းလာအောင်လုပ်ကြမယ့်  အစီစဉ်ကောင်းတစ်ခုလို့ ဆိုပါတော့.. ။

စိုက်ပျိုးနည်းစနစ်တစ်ခုတည်းမဟုတ်ဘဲ သဘောတရားရေးရာတွေပါ ပါဝင်နေပါတယ်။

အပင်တွေ၊ တိရစ္ဆာန်တွေ၊ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အကြားမှာ အပြန်အလှန် ဆက်နွှယ်မှုတွေဆိုတာရှိနေပါတယ်။ Agroecologyမှာ ပြောပြထားတာက ကမ္ဘာမြေပေါ် မှာရှင်သန်ကြတဲ့ သက်ရှိအားလုံးက စားရေရိက္ခာတွေကို မျှမျှတတ ခွဲဝေစားသုံးကြဖို့လိုအပ်တယ်လို့ ညွှန်းဆိုထားပါတယ်။

Agroecology ဆိုတာ သိပ္ပံပညာရပ်တစ်ခုပါ။ ဘယ်လို သိပ္ပံပညာရပ်လည်းဆိုတော့ စိုက်ပျိုးရေးနဲ့ အစားအစာစနစ်( Agriculture & Food System) တစ်ခုလုံးအတွင်းမှာ မကြာသေးမီ ရာစုနှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့  အကြောင်းအရာတွေပေါ် အခြေခံပြီး ခြုံငုံသုံးသပ်ကာ ဖြစ်သင့်တဲ့  စိုက်ပျိုးနည်းစနစ်တွေရယ် လူမှုရေး ဆောင်ရွက်ချက်တွေရယ် ပါဝင်နေတဲ့  ပညာရပ်ဖြစ်ပါတယ်။

 ဒီနေရာမှာ အစားအစာစနစ်( Food System) ဆိုတာကို ရှင်းပြရရင်တော့ 

 လူတွေက  ဘာတွေစားနေကြသလဲ?  

ဘယ်လိုရွေးချယ်ဝယ်ယူနေရသလဲ?

အဲ့အစားအစာတွေကို ဘယ်ကနေထုတ်နေသလဲဆိုတာမျိုး အဆင့်ဆင့်ပါဝင်နေတဲ့ စနစ်ကြီးကို ဆိုလိုတာပါ။

စိုက်ပျိုးတာကနေ စားသုံးဖြစ်ကြတဲ့အထိ အဆင့်ဆင့်မှာ အစားအစာတွေဘယ်လိုဖြစ်လာခဲ့ကြသလဲဆိုတဲ့ ရာဇဝင်ကြီးတစ်ခုပေါ့။

ဒီရာဇဝင်ကြီးမှာ စိုက်ပျိုးတာကနေစတင်တာဖြစ်လို့ ဂေဟစနစ်ဆိုင်ရာအကြောင်းတွေပါတယ်။

စိုက်ပျိုးကြသူတွေလည်းပါဝင်တာမို့ လူမှုဘဝ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေပါတယ်။

 နည်းပညာတွေ၊ စီးပွားရေးဆိုင်ရာတွေ၊ နိုင်ငံရေး အခြေအနေတွေ စတဲ့ အရာအားလုံးက Food System ထဲမှာ ပါဝင်ပတ်သက်နေကြပါတယ် ။

လူသားတွေရဲ့ ကိစ္စအဝဝဖြစ်တဲ့ အစားအစာ၊ လူနေမှုဘဝ၊ ကျန်းမာရေးအခြေအနေ စတဲ့အကြောင်းအရာတွေနဲ့ သဘာဝအရင်းအမြစ်  စီမံခန့်ခွဲခြင်းဆိုတဲ့ အကြောင်းအရာဟာ ကြာကြာခွဲထားလို့မရတော့ပါဘူးလို့ Agroecology မှာပြောပြထားပါတယ်။  အကြောင်းကတော့ အားလုံးက ရှုပ်ထွေးစွာနဲ့ပဲ အပြန်အလှန်မှီခိုနေကြရလို့ပါပဲ။ 

သဘာဝအရင်းအမြစ်တွေထဲက  တစ်နေရာမှာ ပြဿနာတက်တာနဲ့ “တစ်နွယ်ငင်တစ်ဆင်ပါ”ဆိုသလို အားလုံးကို ထိတာကြောင့်ပါပဲ။

တောတွေပြုန်းတယ်၊ တောင်တွေပြိုတယ်ဆိုတာက ကိုယ့်အနီးနားမှာ မဟုတ်ပေမယ့် နွေမှာ အပူချိန်မြင့်လာပြီး ရှော့ဖြစ်ကြသူတွေများလာတယ်။ ဒီလို ဆက်စပ်မှုတွေကိုပြောချင်တာပါ။ ဂေဟစနစ်ပျက်သုန်းလာတဲ့ လက္ခာဏာတွေအနေနဲ့ စိုက်ပျိုးရေးမှာဆို ဖျက်ပိုးတွေ အစုလိုက် ရှိလာကြတာမျိုးပေါ့ ။

လွန်ခဲ့တဲ့ရာစုနှစ်ရဲ့ သဘာဝရင်းမြစ်အသုံးချမှု လွဲမှားခြင်းတွေကနေ မျက်မှောက်ခေတ်မှာ အကျိုးဆက်အဖြစ်  လူတွေရဲ့ အစားအစာတွေ နဲ့ ကျန်းမာရေးအခြေအနေတွေက  စိန်ခေါ်မှုတွေနဲ့ ကြုံလာရတာကလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပဲဆိုတော့ Agroecology မှာ ပြောထားတဲ့ ဒီအကြောင်းအရာတွေက စိတ်ဝင်စားစရာပါ။

ဒါကြောင့်လည်း ၂၀၃၀ အမီ စိုက်ပျိုးရေးနဲ့ အစားအစာစနစ်က ရေရှည်တည်တံ့တဲ့ နည်းစနစ်ဖြစ်ဖို့ အရေးတကြီး လုပ်ဆောင်ရမယ်လို့ တစ်ကမ္ဘာလုံးကသဘောတူထားကြပါသတဲ့။

 Food System ထဲက ပြဿနာတွေဖြစ်တဲ့ ဆင်းရဲ နွမ်းပါးမှုတွေနဲ့ အစားအစာရှားပါးမှုတွေက  တအိအိနဲ့ဖြစ်လာနေတာမို့ ရုတ်တရက်ဆို မသိသာပါဘူး။ သေချာတွေးကြည့်၊ ပြန်ကြည့်ရင်တော့ ဒါတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။

 Agroecology ဆိုတဲ့ ပညာရပ်မှာက ဒီပြဿနာတွေကို အဆုံးသတ်စေမယ့် နည်းစနစ် အဆင့်ဆင့်ကို ဖော်ပြထားတယ်။ အောက်ခြေကနေ မူဝါဒတွေအထိ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေပါဝင်တယ်။

စိုက်ပျိုးရေး ကဏ္ဍတစ်ခုတည်းမှာ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ ဒေသဝန်းကျင်ကသဘာဝကအရင်းအမြစ်တွေအတွက် စဉ်းစားလုပ်ဆောင်တာတွေ ဇီဝမျိုးစုံ မျိုးကွဲတွေ ဆုံးရှုံးလာနေမှုတွေအတွက်လုပ်ဆောင်တာတွေ အစားအစာစနစ်(Food System) ကြီးထဲက လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ၊ အာဟာရဆိုင်ရာတွေအတွက် လုပ်ဆောင်တာတွေ စသည်ဖြင့် စပ်ဆက်နေတဲ့ နယ်ပယ်အစုံကို ခြုံငုံမိစေတဲ့ အလေ့အကျင့်ကောင်းတွေကို Agroecology မှာတွေ့ရပါတယ်။

အားလုံးပါဝင်လုပ်ဆောင်ကြပြီး တစ်ပြိင်နက် အတူတူလုပ်ဆောင်ကြရပါမယ်။ ဒါတွေကိုအတူလုပ်ဆောင်ခြင်းက လူတစ်ယောက်အဖြစ် လူပီသခြင်းဖြစ်ပါတယ် လို့လည်း ဆိုထားပါသေးတယ်။

ဒါကတော့ Agroecologyကို အားလုံးအလွယ်တကူနားလည်ဖို့ အကျဉ်းချုပ် ဘာသာပြန်ဆိုခြင်းဖြစ်ပါတယ်။

ဘယ်သူမှပြေးမလွတ်နိုင်တဲ့ ရာသီဥတု ကပ်ဘေးမှာ မျက်ကွယ်ပြုလေ လူသားတွေရဲ့ အစားအစာစနစ်က ပိုမိုထိခိုက်လာလေဖြစ်ပါတယ်။

Agroecologyမှာတော့ အားလုံးဝိုင်းဝန်းဖြေရှင်းနည်းတွေကို စုစည်းဖော်ပြထားတာကြောင်း မိတ်ဆက်ရေးသားလိုက်ရပါတယ်ရှင့်။

ကိုးကား-https://www.fao.org/agroecology/overview/en/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်