စိုက်ပျိုးစဉ် သတိပြုပါ - အဖ်လာတောင်ဇင်မှိုရောဂါ

14/01/2026 10:17 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လယ်ယာသီးနှံများကို ရိတ်သိမ်းပြီးနောက် သီးနှံများ သေချာမခြောက်သွားဘဲ စိုစွတ်နေမည်ဆိုလျှင် သီးနှံများပေါ်တွင် မှိုတက်လာသည်ကို မကြာခဏတွေ့ရတတ်ပါသည်။ အိမ်ရှင်မအများစုသည် “မှိုတက်နေလျှင် ဖယ်လိုက်ရုံ ကျန်သည်များ စားလို့ရသည်ဟု” လို့ ထင်ကြပေမယ့် ထိုမှိုများထဲတွင် မမြင်ရသည့် အန္တရာယ်ကြီးမားသည့် အဆိပ်ဓာတ်တစ်မျိုး ပါဝင်နေပါသည်။ ထိုအဆိပ်ကို အဖ်လာတောက်ဇင်(Aflatoxin) ဟု ခေါ်သည်။

အဖ်လာတောက်ဇင်သည် မြေကြီးထဲတွင် သဘာဝအတိုင်း ရှိနေသည့် Aspergillus မှိုမျိုးစိတ်များက ထုတ်လုပ်သည့် အဆိပ်ဓာတ်ဖြစ်ပြီး လူနှင့် တိရစ္ဆာန်နှစ်မျိုးလုံးအတွက် အန္တရာယ်ဖြစ်စေပါသည်။ အထူးသဖြင့် မြေပဲ၊ ငရုတ်သီး၊ ပြောင်း၊ ဟင်းခတ်အမွှေးအကြိုင်များတွင် အများဆုံးတွေ့ရပါသည်။

ထိုအဆိပ်သည် မိုးခေါင်ချိန်၊ အပူချိန်မြင့်ချိန်များတွင် ပိုမိုဖြစ်ပေါ်တတ်ပါသည်။ စိုက်ခင်းအတွင်း ပိုးမွှားကိုက်ခြင်း၊ အပင်အာဟာရမလုံလောက်ခြင်း၊ ရိတ်သိမ်းချိန်နောက်ကျခြင်းတို့ကြောင့် အပင်တွေမှာ ဒဏ်ရာရသွားလျှင် မှိုဝင်ရောက်လွယ်ကူလာပါသည်။ ထို့အပြင် ရိတ်သိမ်းပြီးနောက် အခြောက်လှမ်းမကောင်းဘဲ စိုစွတ်နေပါက သိုလှောင်ချိန်မှာပါ မှိုဆက်လက်ပေါက်ဖွားနိုင်ပါသည်။

အန္တရာယ်အရှိဆုံးအချက်မှာ အဖ်လာတောက်ဇင်သည် ချက်ပြုတ်လိုက်သော်လည်း မပျောက်သွားခြင်းပဲ ဖြစ်သည်။ လူများ တိုက်ရိုက်စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သည်မက တိရစ္ဆာန်တွေကို အစာအဖြစ်ကျွေးပါက နို့၊ အသားတွေမှ တဆင့် လူထံကို ပြန်လည်ဝင်ရောက်နိုင်ပါသည်။ အချိန်ကြာမြင့်လာပါက အသည်းထိခိုက်ခြင်း၊ ကိုယ်ခံအားလျော့နည်းခြင်းတို့ကို ဖြစ်စေနိုင်သည့်အတွက် အဖ်လာတောက်ဇင်ကို  ကုသသည်ထက် ကြိုတင်ကာကွယ်ခြင်းက အရေးကြီးဆုံး ဖြစ်ပါသည်။ စိုက်ခင်းအဆင့်တွင် အဖ်လာတောက်ဇင်မကျရောက်စေရန် ပိုးမွှားကို ထိန်းချုပ်ခြင်း၊ မြေဩဇာညီမျှစွာကျွေးခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။ ရိတ်သိမ်းချိန်တွင် အမှည့်လွန်သည််ထိမထားဘဲ အချိန်မှန် ရိတ်သိမ်းပြီး မြေကြီးဖြင့်မထိအောင် အလင်းရောင်ကောင်းကောင်းရသည့် နေရာတွင် မြန်မြန်ခြောက်အောင် လှမ်းထားရပါမည်။

သိုလှောင်ရာတွင်လည်း စိုစွတ်မှုနည်းသည့်နေရာကို ရွေးချယ်ပြီး အနာပါကာ မှိုတက်နည်းသည့် သီးနှံများကို သေချာစွာ ဖယ်ရှားရပါမည်။ သိုလှောင်အိတ်ကို လေလုံအိတ်အသုံးပြုနိုင်လျှင် ပိုမိုကောင်းမွန်သည်။

အဖ်လာတောက်ဇင်သည် မျက်စိဖြင့် မမြင်ရသော်လည်း လူ့ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်သည့် အန္တရာယ်ကြီးမားသည့် အဆိပ်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်စဉ် ဂရုစိုက်မိရန်အတွက် ရေးသားဖော်ပြလိုက်ရပါသည်။

Mekong Institute  ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်