အံဖွယ်သစ်ပင် - ဒီရေတော

02/11/2023 11:00 AM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များထဲတွင် ဒီရေတောများသည်လည်းတစ်ခုအပါအဝင်ဖြစ် သည်။ ဒီရေတောများသည် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းပေးခြင်း၊ ကမ်းရိုးတန်းဒေသအားကာကွယ်ခြင်းနှင့် ကာဗွန်စုဆောင်းခြင်းအစရှိသည့် တာဝန်များကို ထမ်းဆောင်ပေးနေလေသည်။ 

ဒီရေတောအပင်များသည် ကာဗွန်ပမာဏအမြောက်အမြားကို သိုလှောင်ပေးနိုင်ခြင်းမှတစ်ဆင့် ရာသီဥတု ပြောင်းလဲလာခြင်းကိုကာကွယ်တိုက်ဖျက်ရာတွင် အရေးပါသောနေရာမှ ပါဝင်နေလေသည်။ ထိုအပြင် ဒီရေတောများသည် ကမ္ဘာကြီးအတွက်ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနေပြီး အစားအသောက်၊ သစ်နှင့် ဆေးဖက်ဝင်အပင်များ၊ ကမ်းရိုးတန်းဒေသအတွက် အရေးကြီးသောအရင်းအမြစ်များကို ပံ့ပိုးလျက်ရှိပါသည်။

ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကုန်းနေဂေဟစနစ်များထက် ကာဗွန်ကို ပိုမိုသိုလှောင်နိုင်စွမ်းရှိကြသည်။ အထူးသဖြင့် ဒီရေတောများ နှင့် ပင်လယ်မြက်များပင်ဖြစ်လေသည်။ အဆိုပါ ဂေဟစနစ်များသည် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်အများအပြားကိုစုပ်ယူသိုလှောင်နိုင်သည့် အခြေခံ ကုန်ထုတ်စွမ်းအားမြင့်မားသည့် သဘာဝရှိသည်။ စုပ်ယူထားသောကာဗွန်များကို အပင်၏ ဇီဝဒြပ်ထုနှင့် ၎င်းတို့အောက်ရှိ အနည်များတွင် သိမ်းဆည်းသည်။

သစ်ပင်များသည် ကမ္ဘာကြီးစိမ်းလန်းခြင်း၊ ကမ္ဘာကြီးပူနွေးမှုကိုအကာအကွယ်ပေးခြင်းအစရှိသည့် အကျိုုးကျေးဇူးများကိုပေးနေရာ ဒီရေတောများအနေဖြင့် ကုန်းပေါ်တွင်ပေါက်ရောက်သောသစ်ပင်များထက် ကာဗွန်ပမာဏငါးဆအထိ စုဆောင်းနိုင်စွမ်းရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ဒီရေတောများသည် ၎င်းတို့၏ အမြစ်များနှင့် မြေဆီလွှာများတွင် ကာဗွန်စုဆောင်းမှုနှုန်း အလွန်မြင့်မားသောကြောင့်ဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာကြာအောင် ကာဗွန်ကို သိုလှောင်ထားနိုင်သောကြောင့် ဖြစ်သည်။ ပင်လယ်မြက်များသည်လည်း ထိုနည်းလည်းကောင်းပင် ၎င်းတို့၏မြေဆီလွှာတွင် ကာဗွန်ကို နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်ပေါင်းများစွာကြာအောင် သိုလှောင်ထားနိုင်သည့် အရေးကြီးသော ကာဗွန်စုပ်ခွက်များ ဖြစ်သည်။

ထိုကဲ့သို့အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် ကမ္ဘာပေါ်တွင် ခြိမ်းခြောက်မှုအရှိဆုံးဂေဟစနစ်များထဲမှတစ်ခုဖြစ်ပါသည်။ ပညာရှင်များ၏ ခန့်မှန်းချက် အရ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းခန့်တိုက်စားခံရနေပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တန်ချိန် (၁၀၂) ဘီလီယံ ထုတ်လွှတ်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသည်။

ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးသော မဟာဗျူဟာများ ဖြစ်သည်။

အဆိုပါဆောင်ရွက်ချက်များဖြင့် လိုအပ်နေသောဂေဟစနစ်ကိုပြုပြင်ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ ဒီရေတောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဟုဆိုရာတွင် ပျက်စီးယိုယွင်းသွား သော၊ ပျက်စီးနေသော ဒီရေတောများ၌ ဒီရေတောပျိုးပင်ငယ်များကို ပြန်လည်စိုက်ပျိုးခြင်းလည်းပါဝင်ပါ သည်။

ဒီရေတောများပြန်လည်စိမ်းလန်းလာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဒေသတွင်းစီးပွားရေး လုပ်ငန်းများ၊ လူမှုဖွံ့ဖြိုးတိုးတက်မှုများအစရှိသော စီးပွားရေးဆိုင်ရာအကျိုးရလာဒ်များကိုလည်း ကောင်း စွာထောက်ပံ့ပေးနိုင်ပါသည်။ ထိုမျှပင်မကသေးပါ။ သဘာဝခရီးသွားလုပ်ငန်းကဏ္ဍကိုလည်းထောက်ပံ့ပေးပြီး ဒေသခံများအတွက် စီးပွားရေးအသစ်များ၊ ဝင်ငွေအသစ်များကို ပိုမိုတိုးတက်လာစေမည်ဖြစ်ပါ သည်။

ထို့ကြောင့် ဒီရေတောများပြန်လည်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းတို့သည် ဂေဟစနစ်နှင့် လူသားအသိုင်း အဝိုင်းနှစ်ခုစလုံး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများအကျိုးကျေးဇူးများကို ပေးစွမ်းနေပါတော့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်