တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း

10/12/2021 19:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

    အမိုနီယမ်ဆာလဖိတ်မြေဩဇာသည် အပင်မှ အများအပြားလိုအပ်သည့် အဓိက အပင်အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့် အပင်မှ အနည်းငယ်သာလိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီး ရေတွက်ပျော်ဝင်လွယ်သော ဓာတုမြေဩဇာတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှုနည်းပါးစေရန်အတွက် သုံးစွဲတောင်သူများအနေဖြင့် ၎င်းမြေဩဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိနားလည်ရန်လိုအပ်ပါသည်။​ နိုက်ထရိုဂျင်အာဟာရဓာတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ်ဆာလဖိတ်မြေဩဇာကို နှုန်းထားမြင့်မားစွာအသုံးပြုပါက အပင်မှလိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက်ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။ 

    အမိုနီယမ်ဆာလဖိတ် မြေဩဇာတွင် ဆာလဖာပါဝင်မှုမြင့်မားခြင်းကြောင့် မြေကို ချဉ်စေသောသတ္တိရှိသဖြင့် မြေငန်များနှင့် မြေငန်ရှိသောဒေသများတွင်သာ သုံးစွဲရန်သင့်တော်သော ဓာတ်မြေဩဇာ အမျိုးအစားဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ်မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်မြေဩဇာများထက် မြေချဉ်စေသောအက်စစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သောပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

    တောင်သူများအနေဖြင့် ၎င်းမြေဩဇာကို သုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့်ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက် ရယူအသုံးပြုရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။ 

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်