မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့)အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၂)
ပတ်ဝန်းကျင် ဂေဟမိတ်ဖက် အပင်ဇီဝနှိုးဆော်သက်ရှိများ၏ စပျစ်ပင်တွင်အကျိုးပြုမှု
စပျစ်စိုက်မြေအိုများတွင် ပြောင်းရွှေ့စိုက်စပျစ်ပျိုးပင်များကို ကော့ပါးအဆိပ်ဖြစ်မှုလျော့ကျစေပြီး ရေငတ်ဒဏ်ကိုပိုခံနိုင်စေသောအေအမ်အက်မှိုနှင့် အညိုရောင် ပင်လယ်ရေမှော်
ဇီဝမြေသြဇာအရင်းအမြစ် အေအမ်မှို Glamous မျိုးစု အခြေခံမှိုမျိုးစ
စီးပွားဖြစ် Glomus မျိုးစိတ်ပါသော မှိုမျိုးစအဖြစ်ထုတ်သောနည်းများ (Karima and Samia 2020)
စီးပွားဖြစ် မျိုးစအရောများထုတ်ခြင်း
ပွားစာ အမျိုးမျိုးသုံးပြီးအခြေခံမျိုးစထုတ်ခြင်း
(က) ကော့ပါးပါဝင်မှုမြင့်သော စပျစ်စိုက်မြေအိုများတွင် အေအမ်အက်မှိုထိုးသွင်းခြင်းဖြင့် ပြောင်းရွှေ့စိုက် စပျစ်ပျိုးပင်များကိုအဆိပ်ဖြစ်မှု လျော့ကျစေခြင်းတွေ့ရှိချက်
- ၁။ ကောပါးပါဝင်မှုမြင့်သော စပျစ်စိုက်မြေအိုများတွင် ပြောင်းရွှေ့စိုက်စပျစ်ပျိုးပင်များကို အဆိပ်ဖြစ်စေပါသည်။
- ၂။ သို့သော် အေအမ်အက်မှို ထိုးသွင်းလိုက်ပါကမူ စပျစ်ပျိုးပင်များကို အဆိပ်ဖြစ်စေမှုသက်သာသည်။
- ၃။ ထိုးသွင်း အေအမ်အက်မှိုမျိုးစု ၂ မျိုးအနက် Glomus မျိုးစုဝင် Rhizophagus clarus and R.irregularis က Acaulospora မျိုးစုဝင် (Acaulospora morrowiae, A. colombiana)ထက် မှိုစွဲအားပိုကောင်းသည်။ ဖော့စဖောရပ် စုပ်ယူမှု မြင့်လာစေသည်။
- ၄။ Glomus မျိုးစုဝင် ထိုးသွင်းစပျစ်ပျိုးပင်ငယ်များက စုပ်ယူထားသောကော့ပါးများကို အမြစ်တွင်ထိန်းထားမှုကြောင့် စပျစ်ပျိုးပင်အညွန့်များကို ကော့ပါးအဆိပ်ဖြစ်မှု လျော့ကျစေသည်။
ပုံ - အေအမ်အက်မှို ထိုးသွင်းစပျစ်ပျိုးပင်များ အမြစ်စွဲမှု
(ခ) စပျစ်တွင် အပင်ဇီဝနှိုးဆော်များ၏ ထိုးသွင်းခြင်းအကျိုးပြုမှု
- စပျစ်တွင် Funneliformis mosseae (Glomus mosseae) ပါဝင်သော မှိုမျိုးစ (အိုးထဲမှပွားစာနှင့် အေအမ်မှိုစွဲကပ်နေသော ပြောင်းအမြစ်စများ) ထိုးသွင်းခြင်းသည် ထိရောက်သည်။
စပျစ်တွင် Funneliformis mosseae (Glomus mosseae)၊ အညိုရောင်ရေညှိ Brown seaweed (Ascophyllum spp.) ထိုးသွင်းခြင်း အကျိုးပြုမှု
ကိုးကား
၁။ ဒေါ်မြမြ အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (2016)
2/ Akhtar MS. and Abdullah SNA. Mass Production Techniques of Arbuscular Mycorrhizal
Fungi: Major Advantages and Disadvantages: A Review. Bioscience Biotecnology Research Asia, December 2014. Vol. 11(3), 1199-1204
3/ Ambrosini VG.et al. Effect of arbuscular mycorrhizal fungi on young vines in copper- contaminated soil. Environmental Microbiology • Braz. J. Microbiol. 46 (4) • Oct-Dec 2015 • https://doi.org/10.1590/S1517-838246420140622
4/ Karima B. and Samia T. Native Arbuscular Mycorrhizal Fungi and Agro-Industries in Arid Lands: Productions, Applications Strategies and Challenges. November 2nd, 2020. DOI: 10.5772/intechopen.9408
5/ Salvi PL.et al., Effects of Ascophyllum nodosum extract on Vitis vinifera: Consequences on plant physiology, grape quality and secondary metabolism. Plant Physiology and Biochemistry. Volume 139, June 2019, Pages 21-32. https://doi.org/10.1016/j.plaphy.2019.03.002.
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်