ရွက်ချိုမှုန့်ပင်မှာ အချိုဓာတ်နဲ့ ကျန်းမာရေးအာဟာရဓာတ်တိုးစေတဲ့ အေအမ်အက်ဖ်

03/01/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၃)

စတီးဗီရားရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဆိုက်(စတီးဗီရောဂလိုက်ကိုဆိုဒ်)နှင့် အာဟာရဓာတ် ပါဝင်မှုတိုးစေသည့် ဇီဝနှိုးဆွအေအမ်အက်မှို

စတီးဗီးရားရွက်ချိုမှုန့် ဆေးဖက်ဝင်အပင်သည် နှစ်ရှည်ပင်ဖြစ်သည်။ နေကြာမျိုးရင်းတွင်ပါဝင်သည်။ ပါရာဂွေးနှင့် ဘရာဇီး ဒေသမျိုးဖြစ်သည်။ အရွက်များသည် စတီးဗီရောဂလိုက်ကိုဆိုဒ် ကြွယ်ဝသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ် ပါဝင်သဖြင့် စူးခရိုးစ် သကြားရည်ထက် အဆ ၃ဝဝ ပိုချိုသည်။

ရွက်ချိုမှုန့်ပင်၏ ဆေးဖက်ဝင်အရည်အသွေးများ

ရွက်ချိုမှုန့်ပင် Sweetleaf/ sugar leaf   

Stevia rebaudiana

  • ရွက်ချိုမှုန့်ပင်၏ ချိုသောအရသာတွင် စတီးဗီရော ဂလိုက်ကိုဆိုဒ်များပါဝင်သည်။
  • သကြားထက် အဆ ၃ဝ မှ ၁၅ဝ အထိချိုသည်။
  • ကယ်လိုရီ လုံးဝမပေးပါ။
  • သကြားအစားထိုး အချိုပစ္စည်းအဖြစ် သုံးစွဲသော အိမ်သုံးပစ္စည်းဖြစ်သည်။
  • အပူဒဏ်ခံနိုင်ခြင်း၊ ပီအိပ်ချ်အပြောင်းအလဲဒဏ်ခံနိုင်ခြင်းနှင့် ဓာတ်ပြောင်းလဲမှုမရှိခြင်းကြောင့် ကြာရှည်အထားခံသော ဓာတ်ပစ္စည်းဖြစ်သည်။

ကိုးကား ဒေါက်တာခင်မောင်လွင် FAME 6.12.2022

စတီးဗီရားရွက်ချိုမှုန့်ပင်တွင် သဘာဝဇီဝနှိုးဆွ သက်ရှိအေအမ်အက်ဖ်မှိုထိုးသွင်းခြင်း

အေအမ်အက်ဖ်မှိုထိုးသွင်းခြင်း အကျိုးပြုမှု

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ဖ်နှင့်အတူ ဖော့စဖောရပ် ဖြည့်စွက်ထည့်ပေးခြင်း

ရွက်ချိုမှုန့်ပင်တွင် အေအမ်အက်ထိုးသွင်းခြင်းသည် ကျန်းမာရေးကောင်းစေသော ဘိုင်အိုအက်တစ်ကွန်ပေါင်းများတိုးလာခြင်း

အသုံးပြုသော အေအမ်အက်မှို Rhizophagus irregularis 

တွေ့ရှိချက်

  1. အေအမ်အက် ထိုးသွင်းခြင်းသည် စတီးဗီရား ရွက်ချိုမှုန့်ပင်၏ ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးလာသည်။
  2. အေအမ်အက် သဟဇီဝနဖြစ်စဥ်သည် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရိုဂလိုက်ကိုဆိုက်(SV glys)၊ ရီဘောင်ဒီရိုဆိုက်များပါဝင်မှုတိုးစေသည်။
  3. ဖော့စဖောရပ် ဖြည့်စွက်ခြင်းသည် အရွက်ကြီးထွားကာလတွင် အန်တီအောက်ဆီးဒန့် နှင့်အတူ ဖီနောနှင့် ဖလေဗိုနွိုက် စုစုပေါင်း အမြင့်ဆုံးဖြစ်လာသည်။
  4. ဖြည့်စွက်ဖော့စဖောရပ် နှုန်းအနိမ့် ၂ဝ-၂ဝဝ μM KH2PO4 တွင် အေအမ်အက် စွဲကပ်မှုကောင်းပြီး၊ သဟဇီဝန ဖြစ်စဥ်ကောင်းသည်။ အပင်ကြီးထွားမှု အားပေးသည်။ အရွက်အပြည့်အစုံထွက်ချိန်သည် ရိတ်သိမ်းချိန်ဖြစ်သည်။ မှန်ကန်သောရိတ်သိမ်းချိန်ဖြစ်ရန်လိုအပ်သည်။ အသင့်လျော်ဆုံးအချိန်တွင် ရိတ်သိမ်းပါက ဆေးဖက်ဆိုင်ရာ တန်ဖိုးများသော ကုန်ကြမ်းတိုးလာသည်။ တစ်ဆက်တည်း အစားအစာ၊ ဓာတ်စာနှင့် ကော်စမက်တစ်(အလှကုန်ပစ္စည်း)များအတွက်ဖြည့်စွက်ပစ္စည်းများ ရနိုင်မည်ဖြစ်သည်။ Tavarini S. et al.,2020?

ကိုးကား

Sarmiento-López LG et al. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different

phosphate concentrations. PeerJ 8: 2020 e10173 http://doi.org/10.7717/peerj.10173

Sarmiento-López L.,et al Arbuscular mycorrhizal symbiosis in Stevia rebaudiana increases trichome development, flavonoid and phenolic compound accumulation. Biocatalysis and Agricultural Biotechnology. Volume 31, January 2021, 101889

Tavarini S. et al., Health-Promoting Compounds in Stevia: The Effect of Mycorrhizal Symbiosis, Phosphorus Supply and Harvest Time. Molecules 2020, 25(22), 5399; https://doi.org/10.3390/molecules25225399

ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်