ဝါးရွက်မြေဆွေးများပြုလုပ်အသုံးချခြင်းနှင့် အကျိုးပြုမှုများ

31/01/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၃၇)

အာဟာရဖျော်ရည်ပုံမှန်ထည့်ပြီး ကြီးထွားမီဒီယာတွင် ရွက်ချိုမှုန့်ပင် စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှုတိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွမြေဆွေး ဖြည့်စွက်အသုံးပြုခြင်း (အပိုင်း၄)

အော်ဂဲနစ်မြေသြဇာ အရွက်မြေဆွေး (ဝါးရွက်)များသည် အေအမ်အက်ဖ် ထိုးသွင်းထားသည့် ကြီးထွားမီဒီယာတွင် ဖြည့်စွက်အသုံးပြုခြင်းဖြင့် စတီဗီယားပင်၏ ကလိုရိုဖီးနှင့် အပင်အမြင့်တိုးစေသည်။ 

အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ်

မီးဖိုချောင်သုံး အကြွင်းအကျန်များ၊ အသုံးပြုသောဝါးရွက်၊ မြေဆွေးတွင်ပါဝင်သော နိုက်ထရိုဂျင်အပါအဝင် အာဟာရဓာတ်များသည် စတီဗီယားပင်အတွက် ကြီးထွားဇီဝနှိုးဆွသတ္တိ (Plant growth stimulant) ရှိသည်။

မြင်ဝါးရွက် မြေဆွေးပြုလုပ်နည်း (မြမြ 2020)

အီးအမ်ဖျော်ရည်ဖျန်းခြင်း

မြင်ဝါးပင် Oxytenanthera abyssinica (Oxytenanthera hosseusii ၏အရွက်အမှိုက်တွင် အာဟာရဓာတ်၊ ကာဗွန် နှင့် လစ်နင်ပါဝင်မှု)

မြင်ဝါးရွက်ခြောက်များ အကျိုးပြုမှုနှင့်ကန့်သတ်ချက်များ 

၁။ ဝါးရွက်ခြောက်များသည် အကျိုးပြုအဏုဇီဝသက်ရှိ ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ဆွေးနိုင်သည်။ သိုသော် ၆ လ အချိန်ယူရသည်။ ကောင်စွာဆွေးမြည့်ရန်လိုသည်။ နီးစပ်သော အပင်များအပေါ် ကြီးထွားမှုဟန့်တားသော အရည်အချင်းရှိသည်။

၂ ။ ဝါးရွက်ခြောက်များ၏ ကာဗွန်/နိုက်ထရိုဂျင်အချိုးသည် (>20 ရှိ) အကျိုးပြုအဏုဇီဝသက်ရှိများ ပုံမှန်လှုပ်ရှားမှုအတွက် မြင့်လွန်းသည်။ ကာဗွန်/နိုက်ထရိုဂျင်အချိုး ထိန်းညှိရန် ဂျုံ၊ ဖွဲကြမ်း သုံးသည်။ ဆန်၊ ဖွဲကြမ်း လည်းသုံးနိုင်သည်။

၃။ ဝါးရွက်ခြောက်အကြွင်းအကျန်များသည် ထုထည်များခြင်း၊ အီးစီများခြင်း၊ လေဟာနယ်မြင့်ခြင်း၊ မြေဆွေးအဆင့်တွင် ပီအိပ်ချ်နည်းခြင်းတို့ကြောင့် အသုံးချရန် သတ်မှတ်လိုအပ်ချက်များ ရှိနေသည်။

၄။ ဝါးရွက်ခြောက်အကြွင်းအကျန်များ၏ ဆွေးမြည့်အဆင့်ကာလ ၁၈ ရက်အတွင်းတွင် အကောင်းဆုံးအပူချိန် (62°C in 18 days ) ရရန်လိုအပ်သည်။ သို့ဖြစ်၍ အကျိုးပြုအဏုဇီဝသက်ရှိ အီးအမ်ဖျော်ရည်တွင် ဂျုံ/ဆန် ဖွဲကြမ်း (သို့မဟုတ်) တန်ဖိုးနည်းအပင်ဇီဝနှိုးဆွ သက်ရှိ/သက်မဲ့အရင်းအမြစ်များပါသော မီးဖိုချောင် ဟင်းသီးဟင်းရွက် ခွံများ၊ ထမင်းရည်၊ ဆန်ဆေးရည်များပါသော မီးဖိုချောင်အကြွင်းအကျန်များသုံးပါလျှင် အရည်အသွေး တက်လာသည် (မှတ်ချက် အကြွင်းအကျန်များကို ညသိပ်စိမ်ပြီးမှသုံးပါက ပိုကောင်းသည်။ မှိုစိမ်းများ ပါသော ညသိပ်ထမင်းကျန်၊ ထမင်းရည်၊ ဆန်ဆေးရည်များထဲတွင် အကျိုးပြု အဏုဇီဝသက်ရှိများပွားလာသော ကြောင့်ဖြစ်သည်)။

၅။ ဝါးရွက်ခြောက်များကို မြေဖုံးရန်သုံးနိုင်သည်။

၆။ မြေဆွေးကို ဟင်းသီးဟင်းရွက်ပင်များ ကြီးထွားမီဒီယာအတွက် တန်ဖိုးမြင့်သောခဲမြေ (Peat soil)  တွင် တန်ဖိုးနည်းပြီး ဂေဟမိတ်ဖက်အဖြစ် ဝါးရွက်မြေဆွေးကို အစားထိုးနိုင်သည် (Akoto et al.,2022)၊၊

 

၄ ပတ်၊ ၈ ပတ် နှင့် ၁၂ ပတ်သား၏ ဝါးရွက်ခြောက်မြေဆွေးတွင်ရှိသော ကာဗွန်၊ နိုက်ထရိုဂျင်အချိုး

အေအမ်အက်ဖ်ထည့်ထားသော မြေဆွေးအမျိုးမျိုး၏ စတီးဗီးယားကလိုရိုဖီး (မီလီဂရမ်/ဂရမ်) နှင့် အပင်အမြင့် (စင်တီမီတာ) တွင် အကျိုးပြုမှု

အပိုင်း(၁) ပိုတက်စီယံနိုက်ထရိတ် အာဟာရဖျော်ရည် (Novella) (KNO3 505 mg/L)နှင့် တီမြေဆွေး ထည့်ခြင်းတွေ့ရှိမှု 

အော်ဂဲနစ်မြေသြဇာ (အရွက်မြေဆွေး)များသည် အာဟာရဓာတ် ပါဝင်မှုမျှမျှတတဖြင့် ကြီးထွားမီဒီယာတွင်  ဖြည့်စွက်အသုံးပြုခြင်းသည် စတီဗီရိုဆိုက်ထုတ်လုပ်မှု တိုးစေသည်။ မြေဆွေးအမျိုးမျိုးထည့်ခြင်းသည် ကလိုရိုဖီးတိုးလာသည် (Rai and Han. 2022)။ တီမြေဆွေးထည့်ခြင်းသည် အာဟာရဖျော်ရည် (Novella) ပုံမှန်ထည့်ပြီး အေအမ်အက်ထိုးသွင်းဥယျာဥ်မြေ ကြီးထွားမီဒီယာတွင်စိုက်သော စတီးဗီးယားပင်၏ ကလိုရိုဖီး (မီလီဂရမ်/ဂရမ်)ထုတ်မှု အမြင့်ဆုံးဖြစ်သည်။ အေအမ်အက်ထိုးသွင်းခြင်းသည် ဖိုက်တိုဟော်မုန်းများထုတ်သဖြင့် ဖြည့်စွက်ပစ္စည်းများတွင်ပါသော နိုက်ထရိုဂျင်ကို အပင်မှ ပိုမိုစုပ်နိုင်သည်။ ကလိုရိုဖီး (မီလီဂရမ်/ဂရမ်) ထုတ်မှု အားပေးသည်။ (Seyedmohammadi et al., 2019)

အပိုင်း(၂) အမိုနီယံနိုက်ထရိတ်အာဟာရဖျော်ရည် Imma & Angel (NH4NO3 352mg/L)နှင့် ဝါးရွက်မြေဆွေး ဖြည့်စွက်ထည့်ခြင်းတွေ့ရှိမှု 

ဝါးရွက်မြေဆွေးထည့်သောမြေတွင် စုစုပေါင်းကလိုရိုဖီး (မီလီဂရမ်/ဂရမ်) တိုးခြင်းသည် ပူးတွဲထည့်သော အေအမ်အက်မှို၏ အကူအညီဖြင့် အပင်မှဖော့စပရပ် ပိုမိုစုပ်နိုင်သောကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင် အာဟာရဓာတ် အနည်းဆုံးအသုံးချသော (တစ်ဟက်တာလျှင် ၆ဝကီလိုဂရမ် နိုက်ထရိုဂျင်) စတီးဗီးယားပင်သည် အပင်အမြင့်ဆုံး ဖြစ်သည်။  (Saberhamishiegi et al. 2012)

ဝါးရွက်မြေဆွေးထည့်သော ဥယျာဥ်မြေတွင် Imma & Angel (NH4NO3 352mg/L) အာဟာရဖျော်ရည်နှင့် အေအမ်အက်မှို၏ပူးတွဲအကျိုးပြုမှုကြောင့် စတီးဗီးယားပင်သည် အပင်အမြင့်ဆုံး တွေ့ရသည်။ ဝါးရွက်မြေဆွေးပြုလုပ်ရာတွင်သုံးသော အော်ဂဲနစ်အကြွင်းအကျန်များအပေါ်မူတည်ပြီး အကျိုးပြုမှုကွဲပြားသည်။ (Seyedmohammadi et al., 2019)

ကိုးကား

မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာလက်စွဲ

Akoto DS. et al., Comparative analysis of leaf litter decomposition and nutrient release patterns of bamboo and traditional species in agroforestry system in Ghana. Cleaner Materials

         Volume 4, June 2022, 100068

Irawan  B. et al., Application of Xylanolitic Fungi Inoculum of Aspergillus Tubingensis R.  Mossery in Bamboo (Bambusa Sp.) Litter Composting. Journal of Physics: Conference Series1751 (2021) 012064IOP Publishingdoi:10.1088/1742-6596/1751/1/0120642

Rai, A.and Han, S.-S. Critical Review on Key Approaches to Enhance Synthesis and Production of  Steviol Glycosides: A Blueprint for Zero-Calorie Sweetener. Appl. Sci. 2022, 12, 8640. https://doi.org/ 10.3390/app12178640

Seyedmohammadi NS. et al.: Effect of Nutrient solutions and different planting bed on some growth characteristics of Stevia rebaudiana in inoculum conditions with mycorrhizal fungus.Appliedm Ecology and  Environmental research 17(3):5641-5648: 2019.

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်