တီမြေဆွေးအကျိုးပြုမှုအပေါ် စတီးဗီးယားပင်တွင် စံထားစမ်းသပ်တွေ့ရှိချက်များ

07/02/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၃၈)

ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှု တိုးစေသော ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုစာဟောင်း (SMS)နှင့် မြေဆွေးများ အသုံးပြုခြင်း (အပိုင်း - ၅)

ဟူးမစ်အက်ဆစ် (၅၂%)ထုတ်ပြီး နိုက်ထရိုဂျင်ကြွယ်ဝသောတီမြေဆွေးကို ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ် အရသာတိုးစေရန် သုံးသင့်သည်။

တီမြေဆွေး၏ အပင်အကျိုးပြုဇီဝကမ္မဖြစ်စဥ်

တီမြေဆွေးသည် ဇီဝနှိုးဆွပစ္စည်းတစ်မျိုးဖြစ်ပြီး တီမြေဆွေးစစ်ထုတ်ရည်တွင်ပါဝင်သော အနည်းလို အာဟာရများကြောင့် ဟော်မုန်းသတ္တိရှိသည်။ ဖိုက်တိုဟော်မုန်းများဖြစ်သော ဆိုက်တိုခိုက်နင်၊ အောက်ဆင်၊ ဂစ်ဘရယ်လင်တို့ပါဝင်သဖြင့် အပင်ကြီးထွားမှုအားပေးသည် (Shahrajabian et al.2021 တီမြေဆွေးတွင် ဟူးမစ်အက်ဆစ်ထုတ်မှု ၅၂ % ရှိသည်။  (Chaitra et al., 2018) 

စတီးဗီးယားရွက်ချိုမှုန့်ပင် 

စတီးဗီးယားရွက်ချိုမှုန့်သည် ဆေးဖက်ဝင်ပင်ဖြစ်သည်။ အရွက်များသည်စတီးဗီရော ဂလိုက်ကိုဆိုဒ် ကြွယ်ဝသည်။ စတီးဗီရောဂလိုက်ကိုဆိုဒ်ပါဝင်သဖြင့် စူးခရိုးစ်သကြားရည်ထက် အဆ ၃ဝဝ ပိုချိုသည်။

စတီးဗီးယားရွက်ချိုမှုန့်ပင်အရွက်တွင် ရီဘောင်ဒီရိုဆိုက်နှင့် စတီဗီရိုဆိုက်ပါဝင်သည်။ စတီဗီရိုဆိုက် ပါဝင်မှုသည် အခြားစတီးဗီရောဂလိုက်ကိုဆိုဒ်များပါဝင်မှုထက် ပိုလွှမ်းမိုးသော ပစ္စည်းဖြစ်သည်(Kumar et al.,2013)။ စတီးဗီးယားရွက်ချိုမှုန့်ပင်သည် ကင်ဆာအကြိတ်အဖုများကို ဟန့်တားသော အရည်အသွေးရှိသည်။ cardiovascular ရောဂါ၊ အထူးသဖြင့် ဆီးချိုရောဂါကုသမှုအတွက်လည်း အထောက်အကူပြုသည် (Chouhan et al.,2016)။

စတီးဗီးယားပင်သည် သဘာဝအန်တီအောက်ဆီးဒန့်လည်း ကြွယ်ဝသည်။ အစားအစာ စက်ရုံများတွင် အသုံးပြုမှု အလားအလာကောင်းသည့် အပင်ဖြစ်သည်။ စတီးဗီးယားပင်ထုတ်လုပ်မှု မြှင့်တင်ရေးတွင် အဓိကအချက်ဖြစ်သည့် မလွှဲမရှောင်သာသော မျက်နှာစာတခုကတော့ အသုံးပြုသည့် ကြီးထွားမီဒီယာ နှင့် ဖြည့်တင်းသည့်အာဟာရများဖြစ်သည်။ ကုန်ကျစရိတ်သက်သာသော စတီးဗီးယားပင် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးသည် အမြန်လိုလာပြီဖြစ်သည်။ ကြီးထွားမီဒီယာ ဖြည့်စွက်အဖြစ် သုံးနိုင်သော တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေး၊ အော်ဂဲနစ် မြေဆွေး၊ ကြံမြှုပ်ချေး၊ ပါလိုက် leaf mold၊ press mud၊ peat moss များသည် ကြီးထွားမီဒီယာ အာဟာရဓာတ်ပါဝင်မှု မြင့်စေသည်။

 တီမြေဆွေးမှထုတ်ယူသော ဟူးမစ်အက်ဆစ်တွင်ပါသော ဓာတုပစ္စည်းများ

ကြီးထွားမီဒီယာဖြည့်စွက်အဖြစ် တီမြေဆွေးအပါအဝင် ဥယျာဥ်ခြံမြေ၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးသုံးခြင်း 

စုစုပေါင်းကလိုရိုဖီး  (မီလီဂရမ်/ဂရမ်) တိုးခြင်း

စုစုပေါင်းဖလေဗိုနွိုက် (မီလီဂရမ်/ဂရမ်) အစိုအလေးချိန်တိုးခြင်း

ကယ်ရိုတီနွိုက် (မီလီဂရမ်/ဂရမ်) အစိုအလေးချိန်တိုးခြင်း

ဆွေးနွေးချက် 

  1. ဟူးမစ်အက်ဆစ်သည် မြေဆွေးထဲတွင် ၂-၃% ပါဝင်သည် (Green way, October 2022)။ တီမြေဆွေး ထည့်ခြင်းဖြင့် ဟူးမစ်အက်ဆစ်ထုတ်မှု ၅.၂ဝ ထိ ဖြစ်လာခြင်းကြောင့် မြေ၏ဇီဝဓာတုဆိုင်ရာ သတ္တိ တိုးလာခြင်းဖြစ်သည်။ 
  2. အပင်ဒြပ်ထုတိုးသည် (Bziouech et al.,2022)။ 
  3. ကြီးထွားမီဒီယာထဲတွင် ဖိုတိုစင်သိတ်များ ပိုစုလာခြင်းမှတဆင့် စတီးဗီးယားအရွက်ထဲတွင် နေရောင်နှင့် အစာချက်သော အရောင်ခြယ်ဆေးများ တိုးလာသည် (Singh et al.,2022)။
  4. မြေဆွေးအမျိုးမျိုးထည့်ခြင်းသည် ကလိုရိုဖီးတိုးလာစေသည်။ 
  5. တီမြေဆွေးထည့်ခြင်းသည် ကလိုရိုဖီး (မီလီဂရမ်/ဂရမ်)တိုးမှု အများဆုံးဖြစ်သည်။
  6. အကြောင်းမှာ ကလိုရိုဖီးမော်လီကျူးများနှင့် တွဲနေသော နိုက်ထရိုဂျင်ရခြင်းကြောင့်ဖြစ်သည်  (Libutti et al.,2020)။ 
  7. မြေဆွေးအမျိုးမျိုးထည့်သည့် စမ်းသပ်မှုတိုင်းတွင် မင်နရယ်ပါဝင်မှုတိုးလာသည်။ 
  8. တီမြေဆွေးထည့်သော ကြီးထွားမီဒီယာထဲတွင်စိုက်သော စတီးဗီးယားအရွက်ထဲတွင် ပိုတက်စီယံ၊ နိုက်ထရိုဂျင်၊ဖော့စပရပ်ပါဝင်မှု အမြင့်ဆုံးဖြစ်သည်။ 
  9. အပင်အစို၊ အခြောက်အလေးချိန်လည်း တိုးသည်။ အကြောင်းမှာ တီမြေဆွေးကြောင့် မီဒီယာထဲတွင် နိုက်ထရိုဂျင်၊ ဖော့စပရပ် ပါဝင်မှုတိုးစေခြင်းကြောင့် ဖြစ်သည်။ 
  10. တီမြေဆွေးထည့်ထားသည့် ကြီးထွားမီဒီယာ ဥယျာဥ်ခြံမြေထဲတွင်  ကယ်ရိုတီနွိုက် (မီလီဂရမ်/ဂရမ်) အများဆုံးဖြစ်သည်။

သုံးသပ်ချက်

၁။ စတီးဗီးယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော တီမြေဆွေးထဲရှိ အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့်နိုက်ထရိုဂျင် အချိုး ( < ၂၀) နှင့် ပီအိပ်ချ်ကိုဖော်ပြထားခြင်းဖြစ်ပါသည်။ တောင်သူများသည် မိမိတို့အသုံးပြုနေသော၊ သီးနှံစုံ အသုံးပြုသင့်သော မြေဆွေးများ၏ အာဟာရတန်ဖိုးများနှင့် ဘာကြောင့်အကျိုးရှိသည်ကို ကြိုတင် နားလည်စေရန် စတီးဗီးယားပင်တွင်အသုံးပြုမှုကို စံအဖြစ်ထားပြီး ဖော်ပြရှင်းလင်းထားခြင်းဖြစ်ပါသည်။ အသုံးပြုသင့်သော မြေဆွေးနှုန်းထားများကို ဆက်လက်ဖော်ပြသွားပါမည်။ 

၂။ ကြီးထွားမီဒီယာတွင် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးဆွေးများ၊ သဘာဝမြေသြဇာများနှင့် ဇီဝမြေသြဇာများကို ဖြည့်စွက်သုံးခြင်းဖြင့် စတီးဗီးယားရွက်ချိုမှုန့်ပင် ဒြပ်ထုတိုးအောင် ဆောင်ရွက်သင့်သည်။ ယင်းကဲ့သို့လုပ်ဆောင်နိုင်မည်ဆိုပါက စတီးဗီရိုဆိုက်ပုံစံနှင့် စတီးဗီးယား စစ်ထုတ်ပစ္စည်းများ တိုးလာနိုင်မည်ဖြစ်သည်။

ကိုးကား

Chaitra P. et al., Extraction and characterization of humic acid from vermicompost and farm yard manure . Journal of Pharmacognosy and Phytochemistry 2018; 7(6): 573-575

Sardar.H. et al., Evaluation of different growing media based on agro-industrial waste materials for the morphological, biochemical and physiological characteristics of stevia. Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698 IN. Cleaner Waste Systems. Volume 3, December 2022, 100038.

Shahrajabian, M.H.; Chaski, C.Polyzos, N.Petropoulos, S.A. Biostimulants Application: A Low Input Cropping Management Tool for Sustainable Farming of Vegetables. Biomolecules. 2021 May; 11(5): 698. .doi: 10.3390/biom11050698

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်