စတီးဗီးယားပင်မှထွက်သော အလီလိုပါသီဓာတ်၏ အပင်များအပေါ်သက်ရောက်မှု

21/02/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄ဝ)

စတီးဗီးယားရွက်ချိုမှုန့်ပင်မှ သဘာဝဖြစ်စဥ်အရထုတ်သော အလီလိုဓာတုပစ္စည်းများသည် အခြားအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုးပြု (သို့) အကျိုးမဲ့သက်ရောက်မှု 

အလီလိုပါသီ ဆိုတာဘာလဲ?

အလီလိုပါသီ (Allelopath) ဆိုသည်မှာ အပြန်အလှန်သက်ရောက်မှုကိုခေါ်သည်။ သက်ဆိုင်ရာအပင်မှထုတ်သော ဓာတုပစ္စည်းများသည် အခြားအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုးပြု (သို့) အကျိုးမဲ့ သက်ရောက်မှုရှိသည်။ 

အလီလိုဓာတုပစ္စည်း (Allelochemicals) များကို သက်ရှိအပင်မှထုတ်ပြီး လက်ခံအပင်များ အပေါ်သက်ရောက်မှုမှာ မျိုးညှောင့်ပေါက်မှုနှင့် ကြီးထွားမှုကိုတွန်းအားပေးသည် (သို့မဟုတ်) ဟန့်တားသည်။

အိမ်နီးခြင်း လက်ခံအပင်ကိုကိုတွန်းအားပေးပါက လက်ခံပင်မှ အပင်ကြီးထွားသည်။ ဇီဝ(သို့) အဇီဝဖိနှိပ်မှုဒဏ်တွန်းလှန်မှုကိုတိုးစေသည်။ ဖီနောလစ်အက်ဆစ်၊ ဟိုက်ထရိုဇားမစ်အက်ဆစ်၊ ဖက်တီးအက်ဆစ်များသည် အလီလိုပါသီအရည်အသွေးရှိသည်။

အလီလိုပါသီ၏ အပြန်အလှန်သက်ရောက်မှု သဘာဝဖြစ်စဥ်

အလီလိုပါသီ သဘာဝဖြစ်စဥ် နှင့် အေအမ်အက် ထိုးသွင်းထားသော ဆေးဖက်ဝင်အပင်များ

အလီလိုပါသီသည် အပင်တစ်မျိုးမှ အလီလိုဓာတုပစ္စည်းများကို မြေထဲတွင်ထုတ်လိုက်ခြင်းကြောင့်  ကြားဝင်နှောင့်ယှက်သော ဇီဝကမ္မဖြစ်စဥ် တစ်ခုဖြစ်သည်။ အိမ်နီးချင်းလက်ခံအပင်များ၏ မျိုးညှောင့်ပေါက်မှုနှင့် ကြီးထွားမှုကို အကျိုးပြုအားပေးသည် (သို့မဟုတ်) အကျိုးမဲ့စေသည်။ အကျိုးမဲ့မှု များစွာတွေ့ရသည်။ အေအမ်အက်မှိုစွဲကပ်ပင်များတွင် ဝင်ရောက်ထိပါးသောအပင်များ၏အလီလို ပါသစ်သက်ရောက်မှုကို အေအမ်အက်မှိုများက သက်သာစေသည်။ အလီလိုပါသစ် အဇီဝဖိနှိပ်မှု ဒဏ်ကိုလျော့ပါးစေခြင်းမှတဆင့် အာဟာရဓာတ်စုပ်ယူမှု တိုးစေသည် (Kathrynet al. 2010)။

အလီလိုပါသီဓာတုပစ္စည်းများ၏ အကျိုးပြုဖြစ်စဥ်အရ အိမ်နီးချင်းအပင်များကို ကြီးထွားအောင် အားပေးသည်။ ရောဂါခံနိုင်ရည်တိုးစေသည်။ ပတ်ဝန်းကျင်ဒဏ်ခံနိုင်ရည်တိုးစေသည်။ ဥပမာ အချို့ ဟင်းသီးဟင်းရွက်ပင်များ၏ အလီလိုပါသီ ဓာတုပစ္စည်းများသည် အကျိုးမဲ့စေသည့်ဖြစ်စဥ်အရ ပေါင်းပင်များကို နှိမ်နှင်းရာတွင်သုံးနိုင်သည်။ ပေါင်းပင်များ (သို့မဟုတ်) အပင်အကြွင်းအကျန်များ၏ အလီလိုပါသီ ဓာတုပစ္စည်းများထုတ်သော အကျိုးမဲ့စေသည့်ဖြစ်စဥ်သည် ပဲပင်များ၏ မျိုးညှောင့်ပေါက်မှုနှင့် ကြီးထွားမှုကို ထိခိုက်သည်။ Alliariapetiolata (garlic mustard) ကြက်သွန်ဖြူ မုန်ညင်းပင်သည် မိုက်ကိုရိုက်ဇာအပါအဝင် အခြားမိုက်ခရုပ်များကို အဆိပ်ဖြစ်စေသည့် ဓာတုပစ္စည်းထုတ်ပြီး  ဝင်ရောက်ထိပါးသော အလီလိုပါသစ်အပင်ဖြစ်သည်။ ဆန့်ကျင်ဖြစ်စဥ်အရ ကြက်သွန်ဖြူ မုန်ညင်းပင်များကို ရှင်းလင်းပြီး မြေထဲရှိပင်ကြွင်းပင်ကျန်များ၏  အလီလိုပါသစ်သက်ရောက်မှုသည် အခင်းထဲရှိ မိုက်ကိုရိုက်ဇာစွဲကပ်နေသော ဆေးဘက်ဝင်အပင်ကွန်မြူနတီများတိုးလာစေသည်  (Roche etal., 2021)။

စတီးဗီးယားပင်မှ အလီလိုဓာတုပစ္စည်းများ၏ အပင်များမျိုးညှောင့်ပေါက်နှင့် ကြီးထွားမှုကို အကျိုးပြုခြင်း

စတီးဗီးယားပင်မှ အလီလိုဓာတုပစ္စည်းများ၏ အကျိုးပြု (သို့မဟုတ်) အကျိုးမဲ့မှု ရှိ/မရှိကို သိရှိရန် အလီလိုပါသစ်အပြန်အလှန် သက်ရောက်မှုအခြေခံသော စစ်ထုတ်နည်းစနစ်သုံးခဲ့သည်။ ရရှိသော စတီးဗီးယားပင်မှထုတ်သော အလီလိုဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ကွန်ပေါင်းစီ (a specific protocol compound C) အသုံးပြုသောနည်းဖြင့် လေ့လာခဲ့သည်။

အလီလိုပါသစ် အပြန်အလှန်သက်ရောက်မှုဖြစ်စဥ်တွင် စတီးဗီးယားပင်၏ ထိပ်ပိုင်းစစ်ထုတ်ရည်သည် ဆလပ်နှင့်သခွားပင်တွင် အပင်ကြီးထွားမှုအားပေးကြောင်း တွေ့ရသည်။

၁။ စတီးဗီးယားပင်၏ အလီလိုပါသီကြောင့် သခွားအမြစ်နှင့် အညွန့်အပင်ကြီးထွားမှုအားပေးခြင်း

၂။ စတီးဗီးယားပင်၏ အလီလိုပါသီကြောင့် ဆလပ်အမြစ်နှင့် အညွန့်ကြီးထွားမှုအားပေးခြင်း

၃။ စတီးဗီးယားပင်၏ အလီလိုပါသစ်သက်ရောက်မှု  အကျိုးမဲ့ဖြစ်စဥ်

အလီလိုပါသီသဘာဝဖြစ်စဥ်အရ စတီးဗီးယားပင်နှင် ချီးယားပင်မှထုတ်သော အလီလိုဓာတု ပစ္စည်းများ၏ ဂျုံမျိုးညှောင့်ပေါက်မှုနှင့် ကြီးထွားမှုကို အကျိုးမဲ့မှု

သုံးသပ်ချက်

  • စတီးဗီးယားပင်၏ အလီလိုပါသစ် အပြန်အလှန်သက်ရောက်မှု အကျိုးပြုဖြစ်စဥ်အရ သခွားနှင့်ဆလပ်အပင်များကို ကြီးထွားအောင် အားပေးသည်။
  • စတီးဗီးယားပင်နှင့် ချီးယားပင်မှထုတ်သော စစ်ထုတ်ရည်မှ အလီလိုဓာတုပစ္စည်း၏ အရည်အသွေးကို နှိုင်းယှဥ် လေ့လာတွေ့ရှိချက်အရ ချီးယားပင်၏ အကျိုးမဲ့သော အလီလိုပါသစ်လှုပ်ရှားမှုသည် စွမ်းအားပိုမြင့်သည်။
  • အလီလိုပါသစ် အပြန်အလှန်သက်ရောက်မှု သဘာဝဖြစ်စဥ်၏ အခြားအပင်ကြီးထွားဖွံ့ဖြိုးမှုအပေါ် အကျိုး (သို့) အကျိုးမဲ့ သက်ရောက်မှုကို စတီးဗီးယားပင် နမူနာအဖြစ်ဖော်ပြထားသည်။ အခြားဟင်းသီးဟင်းရွက်ပင်များ၏ အလီလိုပါသီ ဓာတုပစ္စည်းများသည် အကျိုးမဲ့စေသည့်ဖြစ်စဥ်အရ ပေါင်းပင်များကို နှိမ်နှင်းရာတွင်သုံးနိုင်သည်။

ကိုးကား

Dragoeva AP. et al. Allelopathic and in vitro anticancer activity of stevia and chia. Chemistry: Bulgarian Journal of Science Education.Volume 26. Number 4, 2017

Iqbal Z. et al., Plant growth promoting activity of Stevia rebaudiana Hems. Journal of Weed Science and Technology 50(Supplement):96-97. April 2005. DOI:10.3719/weed.50.Supplement_96

Kathryn  B et al. Arbuscular mycorrhizal fungi protect a native plant from allelopathic effects of an invader. J Chem Ecol;36(4):351-60. 2010 Apr. doi: 10.1007/s10886-010-9768-4.

Roche MD. et al., Negative effects of an allelopathic invader on AM fungal plant species drive community-level responses. Ecology, 102(1), 2021, https://doi.org/10.1002/ecy.3201

Scornamiglio M.et al. Metabolomics: an unexplored tool for allelopathy studies Journal of Allelochemical interactions 1 (1): 9-25. January 2015

ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်