အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို

28/02/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၁)

စတီးဗီရားရွက်ချိုမှုန့်ပင် အရွက်ထွက်အားကောင်းစေရန် ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေသြဇာများနှင့် တွဲသုံးပါ (အပိုင်း၁)

အေအမ်အက်မှို နှင့် စတီးဗီရားရွက်ချိုမှုန့်ပင် သဟဇီဝနဖြစ်စဉ်

ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို ဘာကြောင့် အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေသြဇာများနှင့် တွဲသုံးသင့်ပါသလဲ?

  • ၁။ စတီးဗီရားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှို တစ်မျိုးတည်းသုံးပါက စုစုပေါင်း ပိုလီဖီနော ပါဝင်မှုကို မတိုးစေပါ။ အဓိကမကျသော ကွန်ပေါင်းစတီဗွိုင်းများ၏ ပြင်းအားများကိုသာ လွှမ်းမိုးသည်။  
  • ၂။ ပိုလီဖီနောနှင့် စတီဗွိုင်းများသည် အန်တီအောက်ဆီးဒန့် အင်အားကောင်းအောင် ပံ့ပိုးသည်။ စုစုပေါင်း ဖီနောသာလျှင် အန်တီအောက်ဆီးဒန့် cellular antioxidant activity(CAA) အတွက် အဓိကကျသည်။ 
  • ၃။ ဖော့စပရပ်သည် စုစုပေါင်းဖီနော၊ ဖလေဗိုနွိုက်နှင့် အန်တီအောက်ဆီးဒန့် တိုးစေသည်။ 
  • ၄။ ကြီးထွားအဆင့်မှ ရိတ်သိမ်းချိန်တိုင်အောင် စတီဗီရိုဘိုင်အိုဆိုက်၊ ဒါကိုဆိုက်အေ၊ ရီဘောင်ဒီရိုဆိုက်နှင့် စတီဗီရိုဆိုက်၊   စုစုပေါင်းဖီနောနှင့် ဖလေဗိုနွိုက်များ တိုးသဖြင့် ရိတ်သိမ်းချိန်မတိုင်မီ အာဟာရဆိုင်ရာများ အရေးကြီးသည်။
  • ၅။ အပင်ကြီးထွားစေသောကွန်ပေါင်းများ၊ ရီဘောင်ဒီရိုဆိုက်နှင့် စတီဗီရိုဆိုက် (မီလီဂရမ်) ပါဝင်မှုသည် ပင်ပိုင်းကြီးထွားအဆင့်မှ မျိုးပွားအဆင့်အစပိုင်းထိ ခိုင်မာစွာတိုးသည်။ ပြောင်းရွှေ့စိုက်ပြီး ၁၂၃ ရက်တွင် အများဆုံးဖြစ်သည်။ သို့ဖြစ်၍ ကြီးထွားအဆင့်များနှင့် ရိတ်သိမ်းချိန်သည်လည်း အရေးကြီးသည်။ 
  • ၆။ အေအမ်အက်မှိုနှင့် ဖော့စပရပ်ကို တွဲသုံးခြင်းသည် စတီးဗီးရားပင်ကြီးထွားကာလတွင် အရေးကြီးသော ဘိုင်အိုအက်တစ်ကွန်ပေါင်းများကို တိုးစေသည်။ 

အေအမ်အက်မှို ထိုးသွင်းခြင်း၏ စတီဗီရိုဆိုက် ပါဝင်မှုအပေါ်အကျိုးသက်ရောက်မှု

အေအမ်အက်မှို ထိုးသွင်းခြင်း၏ ရီဘောင်ဒီရိုဆိုက် ပါဝင်မှုအပေါ်အကျိုးသက်ရောက်မှု

အေအမ်အက်မှိုထိုးသွင်းခြင်း၏ ဒါကိုဆိုက်အေပါဝင်မှုအပေါ် အကျိုးသက်ရောက်မှု

အေအမ်အက်မှိုထိုးသွင်းခြင်း၏ စတီဗီရိုဘိုင်အိုဆိုက်ပါဝင်မှုအပေါ် အကျိုးသက်ရောက်မှု

သုံးသပ်ချက်

  • ၁။ စတီးဗီးရားပင်မှ ရီဘောင်ဒီရိုဆိုက်ပါဝင်မှုနှင့် စတီဗီရိုဆိုက်ပါဝင်မှုအချိုး (ratio of rebaudioside A., to stevioside) မြင့်ခြင်းသည် အရည်အသွေးကောင်းသည်ဟု သတ်မှတ်သည် (Tavarini et al., 2015)။
  • ၂။ အေအမ်အက်တစ်မျိုးတည်း အသုံးပြုခြင်းသည် စတီဗီရိုဆိုက်နှင့် ရီဘောင်ဒီရိုဆိုက် ထုတ်မှုအပေါ် မထိရောက်ပါ။ အေအမ်အက်မှို၏ ဖျန်ဖြေမှုတွင် အပင်မှ ဒုတိယအစာချေဖျက်သောပစ္စည်းများ  တိုးလာစေမှု၊ ရွက်ချိုဓာတ်များတိုးလာမှုသည် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မဖြစ်စဉ်ကွင်းဆက်ဖြစ်သည်။
  • ၃။ စုစုပေါင်း ဖီနောနှင့် ဖလေဗိုနွိုက် ၊ အန်တီအောက်ဆီးဒန့်တိုးစေသော ဖော့စပရပ်နှင့်  အေအမ်အက်မှို ကို တွဲသုံးပါ။ အေအမ်အက်ကို အခြားအင်အော်ဂဲနစ်မြေသြဇာ၊  အော်ဂဲနစ်မြေသြဇာ၊ ဇီဝမြေသြဇာများနှင့်လည်း တွဲသုံးသင့်ကြောင်း ဆက်လက်ဖော်ပြပါမည်။

ကိုးကား

Mandal S. et al., Arbuscular mycorrhiza enhances the production of stevioside and rebaudioside-A in Stevia rebaudiana via nutritional and non-nutritional mechanisms. Applied Soil Ecology 72:187-194. DOI:10.1016/j.apsoil.2013.07.003

Shivani  K. Impact of spacing and levels of nitrogen on growth and yield of stevia (Stevia rebaudiana Bertoni) . Journal of Pharmacognosy and Phytochemistry. JPP 2019; 8(3): 1878-1881

Tavarini S. et al., Health-Promoting Compounds in Stevia: The Effect of Mycorrhizal Symbiosis, Phosphorus Supply and Harvest Time. Molecules 2020, 25(22), 5399; https://doi.org/10.3390/molecules25225399

Tavarini S.et al., Impact of nitrogen supply on growth, steviol glycosides and photosynthesis in Stevia rebaudiana Bertoni, Plant Biosystems - An International Journal Dealing with all Aspects of Plant Biology: Official Journal of the Societa Botanica Italiana, 2015. 

         DOI: 10.1080/11263504.2014.993743

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်