အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို (၂)

07/03/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၂)

စတီးဗီရားရွက်ချိုမှုန့်ပင်၏ အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်နှင့် အင်အော်ဂဲနစ် မြေသြဇာများနှင့် တွဲသုံးပါ (အပိုင်း၂)

စတီးဗီရားရွက်ချိုမှုန့်ပင်တွင် ဇီဝနှိုးဆွမြေသြဇာဖြစ်သော ဒေသမျိုး အေအမ်အက်မှို (သို့မဟုတ်) ထိုးသွင်း အေအမ်အက်မှိုများ၏ အမြစ်စွဲမှုအပေါ် ဖော့စဖိတ်ပြင်းအားသည် သက်ရောက်မှုရှိသည်။

ဘာကြောင့် အေအမ်အက်မှိုကို စတီးဗီရားရွက်ချိုမှုန့်ပင် အရွက်ထွက်ရန်အတွက် သုံးစွဲသင့်သလဲ?

အပင်ကိုအကျိုးပြုသော အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်အရ အေအမ်အက်မှိုက ထုတ်သော ဟိုမုန်းဓာတ်သည် ပူးတွဲသုံးသော အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြု စွမ်းရည်ကို နှိုးဆော်သည်။ သို့ဖြစ်သဖြင့် အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ် ထရန်စပို့တာများ ပိုထုတ်သည်။ အပင်မှ အကျိုးပြုအားကောင်းစေရုံသာ ဖော့စဖိတ်ကို ရယူသည်။

စတီးဗီရားရွက်ချိုမှုန့်ပျိုးပင်အပေါ် အေအမ်အက်မှို၊ အာဟာရဖျော်ရည်နှင့် ပိုတက်စီယံ ဟိုက်ထရိုဂျင်ဖော့စဖိတ်၏ အကျိုးသက်ရောက်မှု

အာဟာရဖျော်ရည်နှင့် ပိုတက်စီယံဟိုက်ထရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအားအလိုက် အေအမ်အက်မှို အပေါ် ဘယ်လိုအကျိုးပြုမှု တွေရလာသလဲ?

စတီးဗီရားပင် S. rebaudiana နှင့် အေအမ်အက်မှို R. irregularis သဟဇီဝနဖြစ်စဥ်တွင် အေအမ်အက်မှို အမြစ်စွဲကပ်မှု %

သုံးသပ်ချက်

အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်တွင် အပင်မှ ဒုတိယအစာချေဖျက်သော ပစ္စည်းများတိုးလာစေမှုသည် အာဟာရတိုးစေခြင်းနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မဖြစ်စဥ်ဖြစ်သည်။

ကွဲပြားသည့် ဒုတိယအစာချေဖျက်သော ပစ္စည်းများအပေါ်မူတည်ပြီး  အသင့်တော်ဆုံး  ဖော့စဖိတ် အသုံးပြုနှုန်း ကွဲပြားသည်။

အပင်ကြီးထွားမှု၊ အာဟာရဓာတ်အမျိုးမျိုးနှင့် ကလိုရိုဖီး၊ နေရောင်ဖြင့် အစာချက်မှု၊  ဟိုမုန်းများထုတ်မှု၊ စတီဗီရိုဆိုက်နှင့် ရီဘောင်ဒီရိုဆိုက်များ ထုတ်လုပ်မှုအလိုက် အပင်အတွက် အကျိုးပြုအားကောင်းစေသော အသင့်တော်ဆုံး  ဖော့စဖိတ်နှုန်းကို ဆက်လက်ဖော်ပြ ရေးသားပါမည်။

ကိုးကား

Sarmiento López  L. et al., Effect of phosphate concentration on arbuscular mycorrhizal symbiosis and on phytochemical activity in Stevia rebaudiana. Poster Congress international biotecnology2018

Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်