အော်ဂဲနစ်၊ အင်အော်ဂဲနစ် မြေဩဇာများနဲ့ တွဲသုံးသင့်တဲ့ အေအမ်အက်မှို (၂)
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၂)
စတီးဗီရားရွက်ချိုမှုန့်ပင်၏ အရွက်ထွက်အားကောင်းစေသော ဇီဝနှိုးဆွမြေသြဇာ အေအမ်အက်မှိုကို အော်ဂဲနစ်နှင့် အင်အော်ဂဲနစ် မြေသြဇာများနှင့် တွဲသုံးပါ (အပိုင်း၂)
စတီးဗီရားရွက်ချိုမှုန့်ပင်တွင် ဇီဝနှိုးဆွမြေသြဇာဖြစ်သော ဒေသမျိုး အေအမ်အက်မှို (သို့မဟုတ်) ထိုးသွင်း အေအမ်အက်မှိုများ၏ အမြစ်စွဲမှုအပေါ် ဖော့စဖိတ်ပြင်းအားသည် သက်ရောက်မှုရှိသည်။
ဘာကြောင့် အေအမ်အက်မှိုကို စတီးဗီရားရွက်ချိုမှုန့်ပင် အရွက်ထွက်ရန်အတွက် သုံးစွဲသင့်သလဲ?
အပင်ကိုအကျိုးပြုသော အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်အရ အေအမ်အက်မှိုက ထုတ်သော ဟိုမုန်းဓာတ်သည် ပူးတွဲသုံးသော အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြု စွမ်းရည်ကို နှိုးဆော်သည်။ သို့ဖြစ်သဖြင့် အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ် ထရန်စပို့တာများ ပိုထုတ်သည်။ အပင်မှ အကျိုးပြုအားကောင်းစေရုံသာ ဖော့စဖိတ်ကို ရယူသည်။
စတီးဗီရားရွက်ချိုမှုန့်ပျိုးပင်အပေါ် အေအမ်အက်မှို၊ အာဟာရဖျော်ရည်နှင့် ပိုတက်စီယံ ဟိုက်ထရိုဂျင်ဖော့စဖိတ်၏ အကျိုးသက်ရောက်မှု

အာဟာရဖျော်ရည်နှင့် ပိုတက်စီယံဟိုက်ထရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအားအလိုက် အေအမ်အက်မှို အပေါ် ဘယ်လိုအကျိုးပြုမှု တွေရလာသလဲ?

စတီးဗီရားပင် S. rebaudiana နှင့် အေအမ်အက်မှို R. irregularis သဟဇီဝနဖြစ်စဥ်တွင် အေအမ်အက်မှို အမြစ်စွဲကပ်မှု %

သုံးသပ်ချက်
အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်တွင် အပင်မှ ဒုတိယအစာချေဖျက်သော ပစ္စည်းများတိုးလာစေမှုသည် အာဟာရတိုးစေခြင်းနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မဖြစ်စဥ်ဖြစ်သည်။
ကွဲပြားသည့် ဒုတိယအစာချေဖျက်သော ပစ္စည်းများအပေါ်မူတည်ပြီး အသင့်တော်ဆုံး ဖော့စဖိတ် အသုံးပြုနှုန်း ကွဲပြားသည်။
အပင်ကြီးထွားမှု၊ အာဟာရဓာတ်အမျိုးမျိုးနှင့် ကလိုရိုဖီး၊ နေရောင်ဖြင့် အစာချက်မှု၊ ဟိုမုန်းများထုတ်မှု၊ စတီဗီရိုဆိုက်နှင့် ရီဘောင်ဒီရိုဆိုက်များ ထုတ်လုပ်မှုအလိုက် အပင်အတွက် အကျိုးပြုအားကောင်းစေသော အသင့်တော်ဆုံး ဖော့စဖိတ်နှုန်းကို ဆက်လက်ဖော်ပြ ရေးသားပါမည်။
ကိုးကား
Sarmiento López L. et al., Effect of phosphate concentration on arbuscular mycorrhizal symbiosis and on phytochemical activity in Stevia rebaudiana. Poster Congress international biotecnology2018
Sarmiento-López LG. et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 3 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024