စတီးဗီးယားမှာ ဂျတ်စ်မောနစ်အက်စစ်တိုးစေလို့ ရွက်ချိုဓာတ်ပိုကောင်းစေတဲ့ အေအမ်အက်မှို

28/03/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၅)

စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှိုသည် အရွက်ချိုဓာတ်အတွက် အားပေးသော ဂျတ်စ်မောနစ်အက်စစ် တိုးစေသည်။ အေအမ်အက်မှိုနှင့် ပြင်းအားနည်းသော ဖော့စဖိတ်ကို ဖြည့်စွက်သုံးပါက ရွက်ချိုဓာတ် အရည်အသွေးပိုကောင်းသည် (အပိုင်း၅)

ဘာကြောင့်ကောင်းသလဲ?

အပင်သည် အာဟာရဓာတ် စုပ်ယူမှုမှတဆင့် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာ ချေဖျက်သော ပစ္စည်းများထုတ်သည်။ မှိုအတွက် ကာဗွန်သိုလှောင်မှု ကောင်းစေသည်။ အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းဖြင့် ဖော့စဖိတ် ထရန်စပို့တာများ ပိုထုတ်သည်။ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်။ ပတ်ဝန်းကျင်ကို မထိခိုက်သော ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ် ဖြစ်သည်။

ဘာကြောင့်အသုံးပြုသင့်သလဲ?

အော်ဂဲနစ်စစ်စစ် စတီးဗီးယားရွက်ချိုမှုန့် ထုတ်ရာတွင်သုံးနိုင်သည်။ အင်အော်ဂဲနစ် မြေသြဇာများလျှော့ချသုံးစွဲနိုင်သောနည်းဖြစ်သဖြင့် အော်ဂဲနစ်စစ်စစ် စတီးဗီးယား ရွက်ချိုမှုန့် ထုတ်လုပ်နိုင်သော လမ်းကြောင်းတခုဖြစ်သည်။

ဘယ်အရည်အသွေးတွေမှာ ကောင်းလာသလဲ?

 (၁) ထရိုင်ခုန်းထုထည်နှင့် ဒုတိကအစာချေဖျက်သော ပစ္စည်းများတိုးလာစေမှု

(၂)  အေအမ်အက်မှို R. fasciculatus ထိုးသွင်းပင်တွင် ဂျတ်စ်မောနစ်အက်စစ်တိုးခြင်း

အေအမ်အက်မှို Rhizophagus fasciculatus  ထိုးသွင်းလျှင် စုစုပေါင်းကာဗိုဟိုက်ဒရိတ် တိုးပါက ဂျတ်စ်မောနစ်အက်စစ် တိုးသည်။

(၃) အေအမ်အက်မှို Rhizophagus fasciculatus ထိုးသွင်းလျှင် ထရိုင်ခုန်းထုထည်တိုးခြင်း

ဖိုက်တိုဟော်မုန်းများထဲမှ ဂျတ်စ်မောနစ်အက်စစ်သည် စတီးဗီးယားအပင်နှင့် အခြားအပင်များတွင် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် ဆက်နွှယ်နေသည်။

(၄) စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးခြင်း

အေအမ်အက်မှို ထိုးသွင်းပင်တွင် စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးပါက ဂျတ်စ်မောနစ် အက်စစ် တိုးသည်။

အေအမ်အက်မှို၏ ဖြန်ဖြေမှုအရ အပင်မှဒုတိကအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် အာဟာရဆိုင်ရာနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ်ဖြစ်သည်။

(၅) အညွန့်ခြောက်အလေးချိန်တိုးခြင်း

အေအမ်အက်မှိုတွင် Rhizophagus fasciculatus ထိုးသွင်းလျှင် အညွန့်ခြောက် အလေးချိန်တိုးစေသည်။

အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်တွင် အပင်မှ ဒုတိယအစာချေဖျက်သောပစ္စည်းများ တိုးလာစေမှုသည် အာဟာရတိုးစေခြင်းနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ် ဖြစ်သည်။

သုံးသပ်ချက်

အေအမ်အက်မှိုနှင့် ဖြည့်စွက်အာဟာရဖျော်ရည်၊ ပိုတက်စီယမ်ဟိုက်ဒရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအား (၂ဝဝ မိုက်ခရိုအမ်) ထက်မြင့်ပါက စတီးဗီးယားအရသာ အချိုဓာတ် ပေးသော စတီးဗီရိုဆိုက် (စတီးဗီရောဂလိုက်ကိုဆိုဒ်)၏ ဂျတ်စ်မောနစ်အက်စစ်% နှင့် ထရိုင်ခုန်းထုထည် ကျဆင်းလာသည်။ ထို့ကြောင့် အေအမ်အက်မှိုနှင့် ဖြည့်စွက် ဖော့စဖိတ်ပြင်းအားနည်းနည်းသာ သုံးရန်လိုအပ်သည်။ ပူးတွဲအသုံးချခြင်းသည် အရေးကြီးဆုံးသော စတီးဗီးယားရွက်ချိုမှုန့် အရည်အသွေးဖြစ်သည့်  စတီဗီရိုဆိုက် တိုးစေမှုကို ဆက်လက်ဖော်ပြပါမည်။ 

တိုးတက်လာသော နည်းပညာနှင့်အတူ တွေ့ရှိချက်များအရ အလားတူ အခြေခံအချက်များကို အခြားသီးနှံများတွင်လည်း သုံးနိုင်ကြောင်းနှင့် အေအမ်အက်မှိုသည် ကုန်ကျစရိတ်သက်သာသည့် မြေဆွေးများနှင့် ပူးတွဲသုံးခြင်း အကျိုးပြုမှုကို ဆက်လက် ဖော်ပြပါမည်။

ကိုးကား

Mandal S. et al., Arbuscular mycorrhiza enhances the production of stevioside and rebaudioside-A in Stevia rebaudiana via nutritional and non-nutritional mechanisms. Applied Soil Ecology 72:187-194. DOI:10.1016/j.apsoil.2013.07.003

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်