စတီးဗီးယားမှာ ဂျတ်စ်မောနစ်အက်စစ်တိုးစေလို့ ရွက်ချိုဓာတ်ပိုကောင်းစေတဲ့ အေအမ်အက်မှို

28/03/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၄၅)

စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှိုသည် အရွက်ချိုဓာတ်အတွက် အားပေးသော ဂျတ်စ်မောနစ်အက်စစ် တိုးစေသည်။ အေအမ်အက်မှိုနှင့် ပြင်းအားနည်းသော ဖော့စဖိတ်ကို ဖြည့်စွက်သုံးပါက ရွက်ချိုဓာတ် အရည်အသွေးပိုကောင်းသည် (အပိုင်း၅)

ဘာကြောင့်ကောင်းသလဲ?

အပင်သည် အာဟာရဓာတ် စုပ်ယူမှုမှတဆင့် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာ ချေဖျက်သော ပစ္စည်းများထုတ်သည်။ မှိုအတွက် ကာဗွန်သိုလှောင်မှု ကောင်းစေသည်။ အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းဖြင့် ဖော့စဖိတ် ထရန်စပို့တာများ ပိုထုတ်သည်။ အပင်အတွက် အကျိုးပြုအား ကောင်းစေသည်။ ပတ်ဝန်းကျင်ကို မထိခိုက်သော ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ် ဖြစ်သည်။

ဘာကြောင့်အသုံးပြုသင့်သလဲ?

အော်ဂဲနစ်စစ်စစ် စတီးဗီးယားရွက်ချိုမှုန့် ထုတ်ရာတွင်သုံးနိုင်သည်။ အင်အော်ဂဲနစ် မြေသြဇာများလျှော့ချသုံးစွဲနိုင်သောနည်းဖြစ်သဖြင့် အော်ဂဲနစ်စစ်စစ် စတီးဗီးယား ရွက်ချိုမှုန့် ထုတ်လုပ်နိုင်သော လမ်းကြောင်းတခုဖြစ်သည်။

ဘယ်အရည်အသွေးတွေမှာ ကောင်းလာသလဲ?

 (၁) ထရိုင်ခုန်းထုထည်နှင့် ဒုတိကအစာချေဖျက်သော ပစ္စည်းများတိုးလာစေမှု

(၂)  အေအမ်အက်မှို R. fasciculatus ထိုးသွင်းပင်တွင် ဂျတ်စ်မောနစ်အက်စစ်တိုးခြင်း

အေအမ်အက်မှို Rhizophagus fasciculatus  ထိုးသွင်းလျှင် စုစုပေါင်းကာဗိုဟိုက်ဒရိတ် တိုးပါက ဂျတ်စ်မောနစ်အက်စစ် တိုးသည်။

(၃) အေအမ်အက်မှို Rhizophagus fasciculatus ထိုးသွင်းလျှင် ထရိုင်ခုန်းထုထည်တိုးခြင်း

ဖိုက်တိုဟော်မုန်းများထဲမှ ဂျတ်စ်မောနစ်အက်စစ်သည် စတီးဗီးယားအပင်နှင့် အခြားအပင်များတွင် ထရိုင်ခုန်းထုထည်နှင့် ဒုတိယအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် ဆက်နွှယ်နေသည်။

(၄) စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးခြင်း

အေအမ်အက်မှို ထိုးသွင်းပင်တွင် စုစုပေါင်းကာဗိုဟိုက်ဒရိတ်တိုးပါက ဂျတ်စ်မောနစ် အက်စစ် တိုးသည်။

အေအမ်အက်မှို၏ ဖြန်ဖြေမှုအရ အပင်မှဒုတိကအစာချေဖျက်သော ပစ္စည်းများ တိုးလာစေမှုတွင် အာဟာရဆိုင်ရာနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ်ဖြစ်သည်။

(၅) အညွန့်ခြောက်အလေးချိန်တိုးခြင်း

အေအမ်အက်မှိုတွင် Rhizophagus fasciculatus ထိုးသွင်းလျှင် အညွန့်ခြောက် အလေးချိန်တိုးစေသည်။

အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်တွင် အပင်မှ ဒုတိယအစာချေဖျက်သောပစ္စည်းများ တိုးလာစေမှုသည် အာဟာရတိုးစေခြင်းနှင့် အာဟာရမဲ့အရ ဆက်နွှယ်နေသော ဇီဝကမ္မ ဖြစ်စဥ် ဖြစ်သည်။

သုံးသပ်ချက်

အေအမ်အက်မှိုနှင့် ဖြည့်စွက်အာဟာရဖျော်ရည်၊ ပိုတက်စီယမ်ဟိုက်ဒရိုဂျင်ဖော့စဖိတ် KH2PO4 ပြင်းအား (၂ဝဝ မိုက်ခရိုအမ်) ထက်မြင့်ပါက စတီးဗီးယားအရသာ အချိုဓာတ် ပေးသော စတီးဗီရိုဆိုက် (စတီးဗီရောဂလိုက်ကိုဆိုဒ်)၏ ဂျတ်စ်မောနစ်အက်စစ်% နှင့် ထရိုင်ခုန်းထုထည် ကျဆင်းလာသည်။ ထို့ကြောင့် အေအမ်အက်မှိုနှင့် ဖြည့်စွက် ဖော့စဖိတ်ပြင်းအားနည်းနည်းသာ သုံးရန်လိုအပ်သည်။ ပူးတွဲအသုံးချခြင်းသည် အရေးကြီးဆုံးသော စတီးဗီးယားရွက်ချိုမှုန့် အရည်အသွေးဖြစ်သည့်  စတီဗီရိုဆိုက် တိုးစေမှုကို ဆက်လက်ဖော်ပြပါမည်။ 

တိုးတက်လာသော နည်းပညာနှင့်အတူ တွေ့ရှိချက်များအရ အလားတူ အခြေခံအချက်များကို အခြားသီးနှံများတွင်လည်း သုံးနိုင်ကြောင်းနှင့် အေအမ်အက်မှိုသည် ကုန်ကျစရိတ်သက်သာသည့် မြေဆွေးများနှင့် ပူးတွဲသုံးခြင်း အကျိုးပြုမှုကို ဆက်လက် ဖော်ပြပါမည်။

ကိုးကား

Mandal S. et al., Arbuscular mycorrhiza enhances the production of stevioside and rebaudioside-A in Stevia rebaudiana via nutritional and non-nutritional mechanisms. Applied Soil Ecology 72:187-194. DOI:10.1016/j.apsoil.2013.07.003

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်