အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို စတီးဗီးယားတွင် ဖြည့်စွက်သုံးပေးခြင်းအကျိုးများ

04/04/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကို ရိုက်ဇာမှို အပိုင်း (၄၆)

စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှိုနှင့် ပြင်းအားနည်း အင်အော်ဂဲနစ် မြေသြဇာ ဖော့စဖိတ်ကို ဖြည့်စွက်သုံးပါက ရွက်ချိုဓာတ် အရည်အသွေး ပိုကောင်းစေ သည် (အပိုင်း၆)

ဘာကြောင့်တိုးတာလဲ?

မြေထဲတွင် အေအမ်အက်မှိုမျှင်များသည် ဂလိုမာလင်းနှင့်နွှယ်သော မြေပရိုတင်း   (GRSP) တစ်မျိုးကို ထုတ်သည်။ ဂလိုမာလင်းသည် မြေထဲတွင် အော်ဂဲနစ်ပစ္စည်းများကို ချေဖျက်ရာတွင် ထောက်ကူသည်။ မြေပရိုတင်းကြောင့် ဖော့စဖိတ်ထရန်စပို့တာ ပရိုတင်းများ ပိုထုတ်သည်။ အာဟာရဓာတ်စုပ်ယူမှု မြင့်လာသည်။ ပူးတွဲသုံးသော အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြုစွမ်းရည်ကို နှိုးဆော်သည်။ ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ် ဖြစ်သည်။

ဘာကြောင့်အသုံးပြုသင့်သလဲ

အော်ဂဲနစ်စစ်စစ် စတီးဗီးယားရွက်ချိုမှုန့် ထုတ်ရာတွင်သုံးနိုင်သည်။ အင်အော်ဂဲနစ် မြေသြဇာများလျှော့ချသုံးစွဲနိုင်သည့်နည်းဖြစ်သဖြင့် အော်ဂဲနစ်စစ်စစ် စတီးဗီးယား ရွက်ချိုမှုန့် ထုတ်လုပ်နိုင်သော လမ်းကြောင်းတခုဖြစ်သည်။ ပတ်ဝန်းကျင်ကို မထိခိုက်စေ သော ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ်တစ်ခု ဖြစ်သည်။  

စတီးဗီးယားရွက်ချိုမှုန့်ပင်၏ ဆေးဖက်ဆိုင်ရာ အာနိသင်များ

ဘယ်အရည်အသွေးတွေအတွက် ကောင်းတာလဲ?

အရည်အသွေးကောင်းသော စတီးဗီးယားရွက်ချိုမှုန့်ရရှိရေးအတွက် အေအမ်အက်မှိုနှင့် ဖြည့်စွက်သုံးသော ဖော့စဖိတ်မြေသြဇာနှုန်းထား

 (၁) အရွက်ခြောက် အလေးချိန် ၁ ဂရမ်တွင် စတီဗီရိုဆိုဒ် (မီလီဂရမ်) တိုးလာခြင်း

(၂) စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် အေအမ်အက်မှိုနှင့် ဖြည့်စွက်သုံးသောဖော့စဖိတ် အကျိုးပြုမှု – 

အရွက်ခြောက်အလေးချိန် ၁ ဂရမ်တွင် ရီဘောင်ဒီရိုဆိုက်  (မီလီဂရမ်) အထွက်

ဆွေးနွေးချက်

  • အေအမ်အက်ဖ် သဟဇီဝနဖြစ်စဥ်သည် စတီးဗီးယား ရွက်ချိုမှုန့်ပင်၏ ကြီးထွားမှု အလေ့အကျင့်ကို ကောင်းစေသည်။
  • ကိုင်းတက်ပိုထွက်သည်။ အပင်အမြင့် လျော့သည်။
  • ကြီးထွားကာလအဆုံးတွင် ဖြည့်စွက်သုံးသော ဖော့စဖိတ်ကို မြေကြီး ၁ ကီလိုဂရမ်တွင် ဖော့စပရပ်အောက်ဆိုဒ် ၂၅ မီလီဂရမ် (25 mg P2O5 kg−1soil) ပြင်းအားကို စုပ်ယူသည်။
  • ဖြည့်စွက်သုံးသော ဖော့စဖိတ် ပြင်းအားနည်းနည်းဖြင့် အေအမ်အက်မှို အမြစ်စွဲအားကို ထိန်းပေးခြင်းသည် စတီဗီရိုဆိုဒ် ပိုထုတ်သည် (armiento-López LG et al., 2020)။ အပင်အတွက် အကျိုးရှိရှိ အသုံးချပြီး အေအမ်အက်မှိုအမြစ်စွဲအားကောင်းစေသည်။ တစ်ပင်ပါအရွက်ခြောက် အလေးချိန် (ဂရမ်) အများဆုံးနှင့် စတီဗီရိုဆိုဒ် (မီလီဂရမ်) ထုတ်လုပ်မှု အများဆုံးရသည် (Tavarini et al. 2020)။
  • အေအမ်အက်မှိုမျိုးနှင့် ဖော့စဖိတ်ပြင်းအားကို လျှော့ချအသုံးပြုခြင်းဖြင့် အရေးကြီးသော စတီးဗီးယားရွက်ချိုမှုန့် အရည်အသွေးပြည့် စတီဗီရိုဆိုဒ် လိုအပ်ချက်အတိုင်းရရှိစေသည့် ပတ်ဝန်းကျင်ဂေဟစနစ် ကို မထိခိုက်စေသောနည်းကို သုံးထားခြင်းဖြစ်သည်။

ကိုးကားချက်

Mlambo R.et al., Stevia rebaudiana, a Versatile Food Ingredient: The Chemical Composition and Medicinal Properties. March 2022. Journal of Nanomaterials 2022(4):1-12. DOI:10.1155/2022/3573005

Sarmiento-López LG et al., 2020. Photosynthetic performance and stevioside concentration are improved by the arbuscular mycorrhizal symbiosis in Stevia rebaudiana under different phosphate concentrations. PeerJ 8:e10173 http://doi.org/10.7717/peerj.10173

Tavarini S. et al., Health-Promoting Compounds in Stevia: The Effect of Mycorrhizal Symbiosis, Phosphorus Supply and Harvest Time. Molecules 2020, 25(22), 5399; https://doi.org/10.3390/molecules25225399

Wang J. et al., A review of stevia as a potential healthcare product: Up-to-date functional characteristics, administrative standards and engineering techniques. Trends in Food Science & Technology.Volume 103, September 2020, Pages 264-281

ဒေါ်မြမြ ပါမောက္ခ (ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်