ကြက်သွန်နီမှာ ဖော့စဖိတ်မြေဩဇာလျှော့သုံးချင်ရင် အေအက်အက်မှိုတွဲသုံးပါ

19/04/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၄၇)

စတီးဗီးယား ရွက်ချိုမှုန့်ပင်ကဲ့သို့ အခြားဆေးဖက်ဝင်အပင်များ (ကြက်သွန်ပင်)တွင် အထွက်နှင့် အရည်အသွေးကောင်းစေသော အေအမ်အက်မှိုနှင့် အင်အော်ဂဲနစ်မြေသြဇာ ဖော့စဖိတ်ကို လျှော့ချသုံး ခြင်း (အပိုင်း ၇)  

ဘာကြောင့် အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်သည် ဂေဟစနစ်မိတ်ဖက်အနေဖြင့် အပင်ကိုအကျိုးပြု တာလဲ?

ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ် ဖြစ်သည်။ အပင်၏ အာဟာရဓာတ် စုပ်ယူမှုမှတဆင့် ဒုတိယ အစာချေဖျက်သော ပစ္စည်းများထုတ်သည်။ မှိုအတွက် ကာဗွန်သိုလှောင်မှု ကောင်းစေသည်။ အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သည်။ အပင်အတွက် အကျိုးပြုအားကောင်းစေသည်။

အေအမ်အက်မှိုသည် ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ်အနေဖြင့် အပင်ကို မည်ကဲ့သို့အကျိုးပြု တာလဲ?

ဘာကြောင့် အသုံးပြုသင့်သလဲ?

1. တိုးတက်လာသော နည်းပညာတွေ့ရှိချက်အရ ဇီဝနှိုးဆွ သက်ရှိတစ်မျိုးဖြစ်သော အေအမ်အက် မှိုတွင် အပင်အတွက် သဘာဝအတိုင်းအကျိုးပြုသော အရည်အသွေးများရှိသည်။

2. ပတ်ဝန်းကျင်ကိုမထိခိုက်စေသော ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ်တစ်ခု ဖြစ်သည်။

3. အရည်အသွေးကောင်းသော ကြက်သွန်ထုတ်လုပ်ရေးတွင် အင်အော်ဂဲနစ် မြေသြဇာများ လျှော့ချ သုံးစွဲနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။

အေအမ်အက်မှိုအရောနှင့် ဖော့စဖိတ်မြေသြဇာနှုန်း လျှော့ချသုံးခြင်းသည် ကြက်သွန်အထွက်အပေါ် ဘယ်လို အကျိုးကျေးဇူးများရသလဲ? 

၁။ ကြက်သွန်အခြောက် အလေးချိန် ၁ ဂရမ်တွင်  ပါဝင်သောစုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) အများဆုံးဖြစ်ခြင်း

၂။ ကြက်သွန်အခြောက်အလေးချိန် (ဂရမ်) ကို ထိခိုက်သွားသော်လည်း အရည်အသွေးတွင် ပိုမိုကောင်းမွန်လာစေခြင်း

အကျိုးပြု ဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် ကြက်သွန်စိုက်ခင်းများအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချ နိုင်မှု ဆက်စပ်သုံးသပ်ချက်

၁။ ဖော့စဖိတ်မြေသြဇာကို တစ်ဟက်တာလျှင် ၄ဝ ကီလိုဂရမ်  (သို့) လျှော့ချသုံးခြင်းသည် ကြက်သွန် အခြောက်အလေးချိန်ကို ထိခိုက်နိုင်သည်။ သို့သော်  ကြက်သွန်အခြောက်အလေးချိန် ၁ ဂရမ်တွင် ပါဝင် သော စုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) ကိုတော့ မထိခိုက်သည့်အတွက် အရည်အသွေးပင် ပိုကောင်း စေသည်။ ယင်းကဲ့သို့ စုစုပေါင်းကလိုရိုဖီး (မီလီဂရမ်) ကို မထိခိုက်ခြင်းသည် အသုံးပြုသော အေအမ်အက်မှို အရောများက စုစုပေါင်း ကာဗိုဟိုက်ဒရိတ်နှင့် ဂျက်စမိုးနစ်ပြင်းအားကို များစေသော ကြောင့် ဖြစ်သည်။ 

၂။  ထို့ကြောင့် ကြက်သွန်စိုက်ခင်းများတွင် အထွက်နှင့် အရည်အသွေးကောင်းရရန် အေအမ်အက်မှို အရော သုံးသင့်သည်။

၃။ စိုက်ခင်းများတွင် အရေးကြီးသော ကြက်သွန်အရည်အသွေးထိန်းပေးသလို အထွက်လိုအပ်ချက် အတိုင်းရပြီး ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေသောကြောင့် အေအမ်အက်မှိုမျိုးနှင့် ဖော့စဖိတ် ပြင်းအားကို လျှော့ချအသုံးပြုသင့်ပါသည်။ အေအမ်အက်မှိုကို ဖော့စဖိတ်ပျော်လွယ်စေသော သက်ရှိ အဖြစ် အသုံးချလိုက်ခြင်းဖြစ်သည်။

၄။ တောင်သူများ၏ မှန်ကန်သော စိုက်စနစ်များဖြင့် ဆေးဖက်ဝင်အပင်များတွင် ဒေသခံ အေအမ်အက်မှို များ၏ အကျိုးပြုမှုကို မြင့်လာစေသော နည်းများဖြစ်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

ကိုးကား

T.M.S. El-Sherbeny et al., Use of mycorrhizal fungi and phosphorus fertilization to improve the

yield of onion (Allium cepa L.) plant, Saudi Journal of Biological Sciences,

https://doi.org/10.1016/j.sjbs.2021.08.094

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်