ကြက်သွန်နီမှာ ဖော့စဖိတ်မြေဩဇာလျှော့သုံးချင်ရင် အေအက်အက်မှိုတွဲသုံးပါ

19/04/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမဲ့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၄၇)

စတီးဗီးယား ရွက်ချိုမှုန့်ပင်ကဲ့သို့ အခြားဆေးဖက်ဝင်အပင်များ (ကြက်သွန်ပင်)တွင် အထွက်နှင့် အရည်အသွေးကောင်းစေသော အေအမ်အက်မှိုနှင့် အင်အော်ဂဲနစ်မြေသြဇာ ဖော့စဖိတ်ကို လျှော့ချသုံး ခြင်း (အပိုင်း ၇)  

ဘာကြောင့် အေအမ်အက်မှို၏ သဟဇီဝနဖြစ်စဥ်သည် ဂေဟစနစ်မိတ်ဖက်အနေဖြင့် အပင်ကိုအကျိုးပြု တာလဲ?

ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ် ဖြစ်သည်။ အပင်၏ အာဟာရဓာတ် စုပ်ယူမှုမှတဆင့် ဒုတိယ အစာချေဖျက်သော ပစ္စည်းများထုတ်သည်။ မှိုအတွက် ကာဗွန်သိုလှောင်မှု ကောင်းစေသည်။ အေအမ်အက်မှိုနှင့် ဖော့စဖိတ်ကို ဖြည့်စွက်သုံးခြင်းတွင် ဖော့စဖိတ်ထရန်စပို့တာများ ပိုထုတ်သည်။ အပင်အတွက် အကျိုးပြုအားကောင်းစေသည်။

အေအမ်အက်မှိုသည် ဂေဟစနစ်မိတ်ဖက် သဟဇီဝနဖြစ်စဥ်အနေဖြင့် အပင်ကို မည်ကဲ့သို့အကျိုးပြု တာလဲ?

ဘာကြောင့် အသုံးပြုသင့်သလဲ?

1. တိုးတက်လာသော နည်းပညာတွေ့ရှိချက်အရ ဇီဝနှိုးဆွ သက်ရှိတစ်မျိုးဖြစ်သော အေအမ်အက် မှိုတွင် အပင်အတွက် သဘာဝအတိုင်းအကျိုးပြုသော အရည်အသွေးများရှိသည်။

2. ပတ်ဝန်းကျင်ကိုမထိခိုက်စေသော ဂေဟစနစ်မိတ်ဖက်ဖြစ်စဥ်တစ်ခု ဖြစ်သည်။

3. အရည်အသွေးကောင်းသော ကြက်သွန်ထုတ်လုပ်ရေးတွင် အင်အော်ဂဲနစ် မြေသြဇာများ လျှော့ချ သုံးစွဲနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။

အေအမ်အက်မှိုအရောနှင့် ဖော့စဖိတ်မြေသြဇာနှုန်း လျှော့ချသုံးခြင်းသည် ကြက်သွန်အထွက်အပေါ် ဘယ်လို အကျိုးကျေးဇူးများရသလဲ? 

၁။ ကြက်သွန်အခြောက် အလေးချိန် ၁ ဂရမ်တွင်  ပါဝင်သောစုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) အများဆုံးဖြစ်ခြင်း

၂။ ကြက်သွန်အခြောက်အလေးချိန် (ဂရမ်) ကို ထိခိုက်သွားသော်လည်း အရည်အသွေးတွင် ပိုမိုကောင်းမွန်လာစေခြင်း

အကျိုးပြု ဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် ကြက်သွန်စိုက်ခင်းများအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချ နိုင်မှု ဆက်စပ်သုံးသပ်ချက်

၁။ ဖော့စဖိတ်မြေသြဇာကို တစ်ဟက်တာလျှင် ၄ဝ ကီလိုဂရမ်  (သို့) လျှော့ချသုံးခြင်းသည် ကြက်သွန် အခြောက်အလေးချိန်ကို ထိခိုက်နိုင်သည်။ သို့သော်  ကြက်သွန်အခြောက်အလေးချိန် ၁ ဂရမ်တွင် ပါဝင် သော စုစုပေါင်း ကလိုရိုဖီး (မီလီဂရမ်) ကိုတော့ မထိခိုက်သည့်အတွက် အရည်အသွေးပင် ပိုကောင်း စေသည်။ ယင်းကဲ့သို့ စုစုပေါင်းကလိုရိုဖီး (မီလီဂရမ်) ကို မထိခိုက်ခြင်းသည် အသုံးပြုသော အေအမ်အက်မှို အရောများက စုစုပေါင်း ကာဗိုဟိုက်ဒရိတ်နှင့် ဂျက်စမိုးနစ်ပြင်းအားကို များစေသော ကြောင့် ဖြစ်သည်။ 

၂။  ထို့ကြောင့် ကြက်သွန်စိုက်ခင်းများတွင် အထွက်နှင့် အရည်အသွေးကောင်းရရန် အေအမ်အက်မှို အရော သုံးသင့်သည်။

၃။ စိုက်ခင်းများတွင် အရေးကြီးသော ကြက်သွန်အရည်အသွေးထိန်းပေးသလို အထွက်လိုအပ်ချက် အတိုင်းရပြီး ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေသောကြောင့် အေအမ်အက်မှိုမျိုးနှင့် ဖော့စဖိတ် ပြင်းအားကို လျှော့ချအသုံးပြုသင့်ပါသည်။ အေအမ်အက်မှိုကို ဖော့စဖိတ်ပျော်လွယ်စေသော သက်ရှိ အဖြစ် အသုံးချလိုက်ခြင်းဖြစ်သည်။

၄။ တောင်သူများ၏ မှန်ကန်သော စိုက်စနစ်များဖြင့် ဆေးဖက်ဝင်အပင်များတွင် ဒေသခံ အေအမ်အက်မှို များ၏ အကျိုးပြုမှုကို မြင့်လာစေသော နည်းများဖြစ်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

ကိုးကား

T.M.S. El-Sherbeny et al., Use of mycorrhizal fungi and phosphorus fertilization to improve the

yield of onion (Allium cepa L.) plant, Saudi Journal of Biological Sciences,

https://doi.org/10.1016/j.sjbs.2021.08.094

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်