အော်ဂဲနစ်မြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းဖြင့် သီးနှံ အရည်အသွေးတိုးစေခြင်း (၂)

09/05/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၅ဝ)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံ အရည်အသွေးတိုးစေသည် (၂)

အော်ဂဲနစ်မြေသြဇာ (မြေဆွေး) နှင့် အေအမ်အက်မှို ပူးတွဲသုံးပါက စတီးဗီယား ရွက်ချိုမှုန့်ပင်အရွက်ထွက် အားကောင်းစေသည် 

ဘာ့ကြောင့်အသုံးပြုသင့်တာလဲ?

ဘာကြောင့်ကောင်းတာလဲ?

၁။ အေအမ်အက်မှိုသည် ဂလိုမာလင်း (ဂလိုက်ကိုပရိုတင်း) နှင့် ဖိုက်တိုဟော်မုန်းဓာတ် ထုတ်သည်။

၂။ ဂလိုမာလင်းသည် မြေဖွဲ့စည်းမှုကောင်းစေသည်။ အပင်သည် ဇီဝနှင့်အဇီဝဖိနှိပ်မှုဒဏ် (သက်ရှိများကြောင့်ဖြစ်သည့်ဒဏ်နှင့် သက်ရှိမဟုတ်သည့်ပတ်ဝန်းကျင်ကြောင့်ဖြစ်သည့်ဒဏ်) တွန်းလှန် မှု တိုးစေသည်။ 

၃။ ဟော်မုန်းဓာတ်သည် ပူးတွဲသုံးသော အော်ဂဲနစ်နှင့် အင်အော်ဂဲနစ်မြေသြဇာများ၏ အပင်အကျိုးပြု စွမ်းရည်ကို နှိုးဆော်သည်။

၄။ ကောက်ရိုးနှင့်အကျိုးပြုသက်ရှိပါဝင်သော ရက် ၉ဝ သားရှိသည့် လုံးဝဆွေးသော မြေဆွေးတွင် ဟူးမစ်အက်ဆစ်သည် ၁ ဂရမ်တွင် ၉၁-၁၁ဝ မီလီဂရမ်ပါသည်။ ဖူးဗစ်အက်ဆစ်သည် မြေဆွေး ၁ ဂရမ်တွင် ၃-၂၃ မီလီဂရမ် ပါဝင်သည်။ ကောက်ရိုးကို ဇီဝဓာတ်ငွေ့အနှစ်များဖြင့် ပြုလုပ်ခြင်းသည် နွားချေးဖြင့်ရသော မြေဆွေးများထက်  နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်စီယံ၊ ဟူးမစ်အက်ဆစ်၊ ဖူးဗစ်အက်ဆစ် ပါဝင်မှုပိုများသည်။

ဘိုကာရှီကောက်ရိုးမြေဆွေး

ကောက်ရိုးမြေဆွေးတွင်ပါဝင်သောပစ္စည်းများ

အေအမ်အက်ဖ်မှို (Rhizophagus intraradices) ဇီဝမြေသြဇာနှင့် အော်ဂဲနစ်မြေသြဇာ  ပူးတွဲသုံးခြင်း

 

စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်)

တွေ့ရှိချက်

၁။ ဇီဝမြေသြဇာ အေအမ်အက်မှို  (Rhizophagus intraradices) ကို အော်ဂဲနစ်မြေသြဇာဖြစ်သော ဘိုကာရှီ မြေဆွေးနှင့်ပူးတွဲသုံးခြင်းသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) အများဆုံးဖြစ်သည်။ 

၂။ အေအမ်အက်မှိုသည် အော်ဂဲနစ်မြေသြဇာများနှင့် ပူးတွဲသုံးရန် ကောင်းသည်။

ဇီဝမြေသြဇာ အေအမ်အက်မှိုမပါဘဲ သိုးချေး၊ ဘိုကာရှီ၊ ကြက်ချေးစသည်ဖြင့် သီးခြားစီသုံးခြင်းသည် စတီးဗီးယားပင်၏   အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) နည်းသည်။

၄။  ဇီဝမြေသြဇာအေအမ်အက်မှိုနှင့် အော်ဂဲနစ်မြေသြဇာကို တစ်မျိုးတည်း(သို့မဟုတ်) ပူးတွဲသုံးပါက စတီးဗီးယားပင်၏ အပင်ထွက်ကောင်းသည်။

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

  • ၁။ စတီးဗီယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော ကောက်ရိုးမြေဆွေး ထဲတွင် အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့် နိုက်ထရိုဂျင် အချိုး (< ၂၀)နှင့် ပီအိပ်ချ်ကို ဖော်ပြထားသည်။ တောင်သူများသည် မိမိတို့စိုက်ပျိုးနေသောသီးနှံစုံတွင် အသုံးပြုသင့်သော မြေဆွေးများ၏ အာဟာရတန်ဖိုးများကို ကြိုတင်နားလည်စေရန် စတီးဗီယားပင်တွင် အသုံးပြုမှုကို စံအဖြစ်ထားပြီး ဖော်ပြရှင်းလင်းထားပါသည်။ 
  • ၂။ ကြီးထွားမီဒီယာတွင် ဇီဝနှိုးဆွတီမြေဆွေး၊ မှိုပုံဟောင်းအောက်ခံလွှာ၊ နွားချေးဆွေးများ၊ သဘာဝမြေသြဇာများနှင့် ဇီဝမြေသြဇာများကို ဖြည့်စွက်သုံးခြင်းဖြင့် စတီးဗီယားရွက်ချိုမှုန့်ပင် ဒြပ်ထု တိုးအောင် ဆောင်ရွက်သင့်သည်။ ၎င်းမှတဆင့် စတီးဗီရိုဆိုက်ပုံစံနှင့် စတီးဗီးယား စစ်ထုတ်ပစ္စည်းများ တိုးလာမည်ဖြစ်သည်။

ကိုးကား

Goyal S. and S.S. Sindhu, 2011. Composting of Rice Straw Using Different Inocula and Analysis of Compost Quality. Microbiology Journal, 1: 126-138.DOI: 10.3923/mj.2011.126.138

Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065

  ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်