အပင်အရည်အသွေးပိုကောင်းလာစေရန် နွားချေးမြေဩဇာတွင် ထရိုက်ကိုဒါးမားထည့်သွင်းအသုံးပြုခြင်း

23/05/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၂)

အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေးတိုးစေသည် (၄)

နွားချေးမြေဆွေးများ၏ အပင်အကျိုးပြု အရည်အသွေးများ ပိုကောင်းစေရန် ထရိုက်ကိုဒါးမားမှိုထည့်ပြီး အသုံးချပါ

ဘာကြောင့်အသုံးပြုသင့်သလဲ?

  • ၁။ ကောက်ရိုးနှင့် ထရိုက်ကိုဒါးမားအကျိုးပြုသက်ရှိပါဝင်သည့် လုံးဝဆွေးသော ရက် ၉ဝ သား မြေဆွေးတွင် ဆွေးမြည့်စေသော အင်ဇိုင်း၊ သဘာဝအခြေခံပစ္စည်းများ ပါဝင်မှုမြင့်လာသည်။ အပင်လိုအပ်သော အာဟာရများပါဝင်သည်။ နိုက်ထရိုဂျင် ၁.၉၇%၊ ဖော့စပရပ် ၀.၈၈%၊ ပိုတက်စီယံ ၂.ဝ၄% ပါဝင်သည်။  စီအန်အချိုး - C:N (၂.၈၂) ကျလာသည်။ (Sarangi S. et al.,2021)
  • ၂။ အော်ဂဲနစ်မြေသြဇာတစ်ခုချင်းစီ၏ ကောင်းသောအရည်အသွေးများကို တိုးလာစေသည်။
  • ၄။ သီးနှံအလေအလွင့်များ ဆွေးမြည့်အောင် ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်သည် (Sharma BL. et al.,2012)။

ဘယ်လိုဆွေးမြည့်စေသလဲ?

ကြံရိုး၊ ကောက်ရိုး၊ ဂျုံရိုးနှင့် ကြံမြှုပ်ချေးများပါဝင်သော မြေဆွေးပုံ၏ ရက်အလိုက် နိုက်ထရိုဂျင်%ပါဝင်မှု

ကြံရိုး၊ ကောက်ရိုး၊ ဂျုံရိုးနှင့်ကြံမြှုပ်ချေးပါဝင်သော မြေဆွေးပုံ၏ ရက်အလိုက် စီအန်အချိုး ကျဆင်းခြင်း

အော်ဂဲနစ်မြေသြဇာတစ်မျိုးစီနှင့် ထရိုက်ကိုဒါးမား (ဇီဝမြေသြဇာ) ပူးတွဲသုံးခြင်းသည် စတီးဗီးယားပင်၏ အရွက်ခြောက်အလေးချိန် (ဂရမ်/တစ်ပင်) တိုးစေခြင်

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှုဆက်စပ်သုံးသပ်ချက်

အော်ဂဲနစ်မြေသြဇာများ၏ အရည်အသွေးကောင်းများကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် ဆွေးမြည့်ပျက်စီးစေသော သက်ရှိထရိုက်ကိုဒါးမားထည့်ပြီး ဘက်စုံအသုံးချခြင်းကို ဆောင်ရွက်သင့်သည်။

  • ၁။ ထရိုက်ကိုဒါးမားကို ထည့်သွင်းအသုံးချခြင်းသည်  အော်ဂဲနစ်မြေသြဇာများကို ဆွေးမြည့်မှုကောင်းစေခြင်းနှင့် အာဟာရဓာတ် ပါဝင်မှု အရည်အသွေးတိုးလာသည်။
  • ၂။ ငရုတ်ချို အသီးထွက် ၆၉.၃ဝ% တိုးလာသည် (Hock et al., 2014) ၊ ထရိုက်ကိုဒါးမားဖြင့် ဆွေးမြည့်ထားသောကောက်ရိုးသည် စပါးပျိုးပင်စွမ်းအားအညွှန်းတိုးစေသည်  (Sarangi et al., 2021)။ 
  • ၃။ အပင်အရည်အသွေးကောင်းသည်။ ကုန်ကျစရိတ်လျှော့ချနိုင်သောနည်း ဖြစ်သည်။
  • ၄။ ချေဖျက်ရန်ခက်သော စိုက်ပျိုးရေးအလေအလွင့်များကို စီမံခန့်ခွဲနိုင်ပြီး ရာသီဥတုနှင့်လိုက်လျောညီထွေသောနည်း ဖြစ်သည်။

ကိုးကား

Lozano-Contreras, M.G., Ramírez-Jaramillo, G. and RamírezSilva, J.H. (2021) Interaction Effects between Organic Fertilizers and Biofertilizers on the Growth of Stevia rebaudiana Bertoni. Open Access Library Journal, 8: e8065. https://doi.org/10.4236/oalib.1108065

Hock GO et al., Comparative study of Trichoderma –infused compost on growth and yield of cilli plants. 

 Asian Journal of Microbiology, Biotechnology and Environmental Sciences 17(4): 2015- 883.

Sarangi S. et al.,  Trichoderma-mediated rice straw compost promotes plant growth and imparts stress tolerance. Environmental Science and Pollution Research.2021. https://doi.org/10.1007/s11356-021-13701-3

Zin NA and NA. Badaluddin. Biological functions of Trichoderma spp. for agriculture applications. Annals of Agricultural Sciences.Volume 65, Issue 2, December 2020, Pages 168-178

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်