ဇီဝမြေဩဇာများအသုံးချခြင်းဖြင့် ရွက်ချိုမှုန့်ပင် အချိုဓာတ်ပိုတိုးလာခြင်း
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၃)
အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံ အရည်အသွေးတိုးစေသည် (၅)
စတီးဗီးယားရွက်ချိုမှုန့်ပင်ဒြပ်ထုတိုးပြီး အချိုဓာတ်ပါဝင်မှု အရည်အသွေးမြင့်မားအောင် ဇီဝမြေသြဇာ အရောများ အသုံးချပါ။
ဇီဝမြေသြဇာအရောများ ဘာကြောင့်ကောင်းတာလဲ?
- ၁။ အေအမ်အက်မှို (ဇီဝမြေသြဇာ)သည် ဂလိုမာလင်း (ဂလိုက်ကိုပရိုတင်း) နှင့် ဖိုက်တိုဟော်မုန်းဓာတ် ထုတ်သည်။
- ၂။ ဂလိုမာလင်းသည် မြေဖွဲ့စည်းမှုကောင်းစေသည်။ အပင်မှဇီဝနှင့် အဇီဝဖိနှိပ်မှုဒဏ် (biotic and abiotic stress) တွန်းလှန်မှုတိုးစေသည်။
- ၃။ အလားတူ အပင်ကြီးထွားစေသော ရိုက်ဇိုဘက်တီးရီးယား ဇီဝမြေသြဇာထဲမှ ဟော်မုန်းဓာတ်သည် ပူးတွဲသုံးသော အော်ဂဲနစ်နှင့်အင်အော်ဂဲနစ် မြေသြဇာများ၏ အပင်အကျိုးပြုစွမ်းရည်ကို နှိုးဆော်သည်။
ရွက်ချိုမှုန့်ပင်အရွက်များရှိ အချိုဓာတ်ပေးသော စတီးဗီရိုဆိုဒ်များ (stevioside) မြင့်လာစေသည့် အပင်ဇီဝနှိုးဆွသက်ရှိများ အေအမ်အက်ဖ်မှိုနှင့် အပင်ကြီးထွားမှုအားပေးသော ရိုက်ဇိုဘက်တီးရီးယားများ ပူးတွဲထိုးသွင်းခြင်း
စတီးဗီးယား ရွက်ချိုမှုန့်ပင် Stevia rebaudiana ၏ အရည်အသွေးများ


စတီးဗီးယားရွက်ချိုမှုန့်ပင်တွင် သဘာဝဇီဝနှိုးဆွပစ္စည်းများဖြစ်ကြသော အေအမ်မှိုနှင့် အပင်ကြီးထွားမှု အားပေးသော ရိုက်ဇိုဘက်တီးရီးယား၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ

စတီးဗီးယား ရွက်ချိုမှုန့်ပင်တွင် စုစုပေါင်း ကလိုရိုဖီးတိုးခြင်း

ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
ဇီဝနှိုးဆွသက်ရှိများသည် စတီးဗီးယားရွက်ချိုမှုန့်ပင်၏ အရည်အသွေးများတိုးစေသည်ကို ကောင်းစွာ အသုံးချနိုင်ပါလျှင် ဆေးဖက်ဆိုင်ရာ အာနိသင်ပိုကောင်းစေပြီး ဆိုးကျိုးမရှိသောဂေဟမိတ်ဖက် ဇီဝနှိုးဆွဆေးဖြစ်လာပါမည်။ ဆေးဖက်ဝင်အခြားအပင်များတွင်လည်း သုံးနိုင်ကြောင်း ဖော်ပြထားကြသည်။
ကိုးကား
Biomolecules 2021, 11, 698. https:// doi.org/10.3390/biom11050698
Vafadar F. et al., Effects of plant-growth-promoting rhizobacteria and arbuscular mycorrhizal fungus on plant growth, stevioside, NPK, and chlorophyll content of Stevia rebaudiana , Journal of Plant Interactions, 9:1, 128-136, (2014).
DOI: 10.1080/17429145.2013.779035
ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုကျော်ဇင်နိုင်
လွန်ခဲ့သော ၃ နှစ် ကဒေါ်မြမြဟာတေက ဘာတေမှန်းကိုမသိပါဘူး
ဆက်စပ်မေးခွန်းများ
စပါးစိုက်ပြီး၁၀ရက်ခန့်ဘာမြေသြဇာစပြီးကြွေးရမလဲဆရာ။
u win zaw • ဖြေကြားချက် 1 ခု
မူလEMကနေEMအပြင်းကိုဘယ်လိုဖေါ်စပ်ရပါသလဲ။
မျိုးလှိုင် • ဖြေကြားချက် 2 ခု
ဘာလိုအပ့်လဲ များများပဲအောင်
myominrun • ဖြေကြားချက် 2 ခု
ပုံပါလွှစာမုန့်ကို ဘာမှမလုပ်ပဲ ဒီအတိုင်းအပင်ခြေရင်းမှာအုပ်ပေးလို့ရလား အပင်ရဲ့အစိုဓါတ်ထိမ်းပေးမလို့ပါ
Sawdohhtoo • ဖြေကြားချက် 4 ခု
ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ
KYAW SHANE • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (12-16.10.2026)
16/10/2026
ဂျပန်နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သီးနှံမျိုးများ ခိုးယူစိုက်ပျိုးခံနေရ
16/10/2026
ဈေးကွက်ထဲ အာလူး အဝင်များ၍ ဈေးကျဆင်းနေ
15/10/2026
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
အားလုံး
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....