သွင်းအားစု ကုန်ကျစရိတ်လျှော့ချနိုင်ရန် ဒိုင်ဂျက်စတိတ်နွားချေးမြေဆွေးများ အသုံးချခြင်း

20/06/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၆)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၈)

အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု (၅ဝ%)လျှော့ချသုံးနိုင်ရန် ဒိုင်ဂျက်စတိတ်နွားချေးဇီဝမြေသြဇာများ အသုံးချပါ။

ဘာကြောင့်သုံးသင့်တာလဲ

ရွက်ချိုမှုန့်ပင်တွင် အချိုဓာတ်အရသာဖြစ်စေသော စတီးဗီရောဂလိုက်ကိုဆိုဒ်နှင့် အာဟာရဓာတ်ပါဝင်မှု တိုးစေသော အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာ၊ ဇီဝနှိုးဆွတီမြေဆွေးနှင့် အခြားမြေဆွေးများကို ဖြည့်စွက်အသုံးပြုသင့်သည်။  ဟူးမစ်အက်ဆစ် ၄.၇ % ပါသော နိုက်ထရိုဂျင်ကြွယ်ဝသည့်မြေဆွေးဖြင့် ဖြည့်စွက်သုံးခြင်းသည် အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ %) သုံးစွဲမှု လျှော့ချနိုင်သည်။ မြေဆီသြဇာတိုးတက်သည်။ ပဲပင်၊ စတီးဗီယားပင်ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကို တိုးစေသည်။

လေမဲ့ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာ သံသရာလည်ခြင်း

ကောက်ရိုးအခြေခံ ဒိုင်ဂျက်စတိတ်မြေဆွေး (၉ဝရက်သား) ၏အရည်အသွေးများ

တစ်ဟက်တာလျှင် နွားချေး ၅-၁ဝတန်အထိ တိုးပြီးသုံးနိုင်ပါလျှင် စတီးဗီးယားပင်၏ အရွက်စိုအလေးချိန်  မြင့်လာသည်။

ရက် ၈ဝ သားရှိသော တရုတ်ပဲနှင့် စတီးဗီးယားပင်အရွက်တွင် စုစုပေါင်းကလိုရိုဖီးပါဝင်မှု

ဒိုင်ဂျက်စတိတ်နွားချေး  ဇီဝမြေသြဇာကို အရည်အသွေးတိုးစေခြင်း

တွေ့ရှိ ချက်

ဒိုင်ဂျက်စတိတ်အနှစ်များတွင် မြေဆွေးမြန်မြန်ရရန်အတွက် အာဟာရဓာတ်နှင့် ရေအရင်းအမြစ်များလိုအပ်သည်။ သက်ရှိများလည်းပါဝင်သည်။ ရောဂါကျရောက်မှု နည်းစေခြင်း၊ မြေဆွေးနှုန်းတိုးစေခြင်းစသော အကျိုးပြုအရည်အသွေးသည် ဇီဝဓာတ်ငွေ့ထုတ်ရာတွင် အသုံးပြုသော အော်ဂဲနစ်ပစ္စည်းအရင်းအမြစ်  (Feedstock) များ အပေါ်မူတည်သည် (Lee et al., 2020)။ ဇီဝဓာတ်ငွေ့ထုတ်သော အော်ဂဲနစ်ပစ္စည်းအရင်းအမြစ်ထဲတွင် ရေညှိ (algae) နှင့် မှိုအစုအဖွဲ့ထည့်ပါက ဒိုင်ဂျက်စတိတ်အနှစ်အရည်အသွေးပိုကောင်းသည်။ (Leong and Chang 2022) ဒိုင်ဂျက်စတိတ်အနှစ် အခြေခံမြေဆွေးကို သစ်အယ်သီးပျိုးပင်များအတွက် ခဲမြေအစားထိုးရာတွင် ဆားပေါက်မှု မြင့်သော အားနည်းချက်ရှိသည် (Calisti et al., 2023)။ ခရမ်းချဥ်နှင့်ပြောင်းတွင်မူ အန်တီအောက်ဆီးဒန်တိုးသည် (Zhang et al.,2017)။

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အော်ဂဲနစ်မြေသြဇာများ၏ ထောက်ခံနိုက်ထရိုဂျင်နှုန်းထားကဲ့သို့ ပြန်လည်ရရှိရန် လျှော့ချအော်ဂဲနစ် ဓာတ်မြေသြဇာ (၅ဝ%) ကို  ဇီဝဓာတ်ငွေ့ဒိုင်ဂျက်စတိတ်မြေသြဇာ  ဖြည့်စွက်သုံးရခြင်းဖြင့် ဘက်စုံအသုံးချခြင်းကို ဆောင်ရွက်သင့်သည်။

၁။  ဒိုင်ဂျက်စတိတ်မြေဆွေး (အရည်နှင့်အခဲ )ကို  ထည့်သွင်းအသုံးချခြင်းသည်  အော်ဂဲနစ်မြေသြဇာများကို ဆွေးမြည့်မှုကောင်းစေခြင်းနှင့် အာဟာရဓာတ်ပါဝင်မှု အရည်အသွေးတိုးလာသည်။

၂။  ဒိုင်ဂျက်စတိတ်မြေဆွေးသည် အပင်အရည်အသွေးကောင်းသည်။ ကုန်ကျစရိတ်လျှော့ချနိုင်သောနည်းဖြစ်သည်။ အော်ဂဲနစ်မြေသြဇာမှ နိုက်ထရိတ်များ မြေထဲတွင်စုလာမှုပြဿနာကို လျှော့ချသည်။

၃။  စတီးဗီးယားပင်သာမက အခြားဥယျာဥ်ခြံသီးနှံပင်များပါ အသုံးပြုသင့်သော ဒိုင်ဂျက်စတိတ်မြေဆွေးထဲရှိ အဓိကသိသင့်သော နိုက်ထရိုဂျင်ကြွယ်ဝမှု၊ အကျိုးပြုဟူးမစ်အက်ဆစ်၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး ( မြ ၂၀၂၀) နှင့် ပီအိပ်ချ်ကို ဖော်ပြထားသည်။

၄။  ချေဖျက်ရန်ခက်သောအလေအလွင့်များ (တိရစ္ဆာန်ချေးအမျိုးမျိုး၊ သီးနှံပင်အကြွင်းအကျန်များ၊ ရေဆိုးများ၊ စားကြွင်းစားကျန်များ) ကို စီမံခန့်ခွဲနိုင်ပြီး ရာသီဥတုနှင့်လိုက်လျောညီထွေသောနည်းဖြစ်သည်။

ကိုးကား

Abou El-Ghait EM. et al., Response of Stevia (Stevia reboudiana L.) to biogas fertilizer and natural extracts under south Sinai conditions.   Scientific J. Flowers & Ornamental Plants, 8(3):375-400 (2021). doi: 10.21608/sjfop.2021.198633

Alhammad BA and Seleiman MF. Improving Plant Growth, Seed Yield, and Quality of Faba Bean by Integration of Bio-Fertilizers with Biogas Digestate. Agronomy 2023, 13(3), 744; https://doi.org/10.3390/agronomy13030744.

Calisti R. et al., Evaluating Compost from Digestate as a Peat Substitute in Nursery for Olive and Hazelnut Trees. Sustainability 2023, 15(1), 282; https://doi.org/10.3390/su15010282

Goyal S. and S. S. Sindhu, 2011. Composting of Rice Straw Using Different Inocula and Analysis of Compost Quality. Microbiology Journal, 1: 126-138.

Lee ME. et al., Biogas digestate as a renewable fertilizer: effects of digestate application on crop growth and nutrient composition. Published online by Cambridge University Press:  29 June 2020Zaman MM et al., Effects of combined application of chemical fertilizer and vermicompost on soil fertility, leaf yield and stevioside content of stevia. J Bangladesh Agril Univ 16(1): 73–81, 2018. DOI:10.3329/JBAU.V16I1.36484Corpus ID: 55199458

Leong YK. and Chang JS. Integrated role of algae in the closed-loop circular economy of anaerobic digestion. Bioresource Technology. Volume 360, September 2022, 127618 doi.org/10.1016/j.biortech.2022.127618

Zhang R. Digestate Alone and With Compost - Designing for Specific End Uses. California Bioresources Alliance 2017 Symposium November 2, 2017

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်