အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွားချေးအစားသုံးနိုင်တဲ့ ဒိုင်ဂျက်စတိတ်ဝက်ချေးမြေဆွေး

နွားချေးအစားသုံးနိုင်တဲ့ ဒိုင်ဂျက်စတိတ်ဝက်ချေးမြေဆွေး

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၇)

အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည် (၉)

ဒိုင်ဂျက်စတိတ်ဆိုသည်မှာ

ဒိုင်ဂျက်စတိတ်ဆိုသည်မှာ ဇီဝဓာတ်ငွေ့ထုတ်ရာတွင် တိရစ္ဆာန်ချေး၊ အပင်အမှိုက်များစသော အော်ဂဲနစ်ပစ္စည်းများကို လေမဲ့အချဥ်ဖောက်ခြင်းမှထွက်သော အကြွင်းအကျန်ဖြစ်သည်။ ဟူးမစ်အက်ဆစ်ဖြည့်ထားသော အော်ဂဲနစ်ပစ္စည်းများအနက် ဒိုင်ဂျက်စတိတ်မှပြုလုပ်သော မြေသြဇာသည် ဟူးမစ်အက်ဆစ် ပိုပါဝင်သည်။ ကောက်ရိုးနှင့် နွားချေးအစားထိုးအဖြစ် ကောက်ရိုးနှင့် ဝက်ချေးကိုသုံးနိုင်သည်။ ဟင်းစားပင်များ အရည်အသွေးမြင့်စေသဖြင့် သုံးသင့်သည်။

နွားချေးအစား ဝက်ချေးသုံးသော ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာဖြစ်စဥ်

အကျိုးပြုမှု

ဆွေးမြည့်ဖြစ်စဥ် ၁၂ ပတ်သားတွင် အပင်အကျိုးပြုအသင့်တော်ဆုံးအနေအထားရှိသည့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု

ဒိုင်ဂျက်စတိတ် နွားချေး /ဝက်ချေး  ဇီဝမြေသြဇာသည် ခရမ်းပင်ကြီးထွားမှုနှင့် ဇီဝကမ္မလုပ်ငန်းများကို အကျိုးပြုမှု

ခရမ်းပင်တွင် အက်စကောဘစ်အက်ဆစ်တိုးလာခြင်း

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အော်ဂဲနစ်မြေသြဇာများ၏ ထောက်ခံနိုက်ထရိုဂျင်နှုန်းထားကဲ့သို့ ပြန်လည်ရရှိရန်လျှော့ချပြီး အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) ကို  ဇီဝဓာတ်ငွေ့ဒိုင်ဂျက်စတိတ် မြေသြဇာဖြည့်စွက်သုံးခြင်းဖြင့် ဘက်စုံအသုံးချခြင်းကို ဆောင်ရွက်သင့်သည်။

ဒိုင်ဂျက်စတိတ်၏ဆွေးမြည့်မှု လုပ်ငန်းစဥ်သည် စီအန် (C:N) အချိုးကို ထိန်းညှိရန်အဓိကဖြစ်ပြီး တဆင့်ဒိုင်ဂျက်စတိတ်တွင် ဟူးမစ်အက်ဆစ်ဖြစ်စဥ်တိုးလာသည်။ မြေဆွေး၏ ဆွေးမြည့်ကာလအလိုက် ဇီဝမြေသြဇာအဖြစ် ပိုမိုထိရောက်သည်။ ဒေသအလိုက် အော်ဂဲနစ် အလေအလွင့်များပေါများမှု၊ ရှားပါးမှုရှိနိုင်သည်။ နွားချေးရှားပါက ဒိုင်ဂျက်စတိတ်ဝက်ချေးဇီဝမြေဆွေးကို စနစ်တကျသုံးပါလျှင် အပင်ကြီးထွားမှုနှင့် ဇီဝကမ္မလုပ်ငန်း များကို မထိခိုက်ပါ။ အာဟာရဓာတ် လေလွင့်မှုနည်းသွားသည်။

ကိုးကား

Du X. et al., Rice straw addition and biological inoculation promote the maturation of aerobic compost of rice straw biogas residue. October 2021.Biomass Conversion and Biorefinery 11(5). DOI:10.1007/s13399-019-00587-y

Jie-Li Ji et al. Co-production of biogas and humic acid using rice straw and pig manure as substrates through solid-state anaerobic fermentation and subsequent aerobic composting. J Environ Manage. 2022.Oct 15;320:115860.

Vaish B. et al., Explicating the fertilizer potential of anaerobic digestate: Effect on soil nutrient profile and growth of Solanum melongena L. Environmental Technology & Innovation Volume 27, August 2022, 102471

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

ဆက်စပ်မေးခွန်းများ

ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ

ko ko chit • ဖြေကြားချက် 2 ခု

ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။

U Win Zaw • ဖြေကြားချက် 2 ခု

ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။

Nova Nova • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လား​ခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ

kyaw zin • ဖြေကြားချက် 3 ခု

ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကော​ကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။